ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, November 7, 2010

လူထုကျန်းမာရေး (HIV ပိုးနဲ့ ငှက်ပျောသီး )

> ** Public Health **
** HIV ပိုးအတွက် ငှက်ပျောသီးက ဆေးစွမ်းကောင်းဖြစ်လာနိုင် **
ငှက်ပျောသီး အတွင်း ပါဝင်သည့် ဓာတုဗေဒ ပစ္စည်း တစ်ခုသည် ခုခံအား ကျဆင်းမှု AIDS ရောဂါကို ဖြစ်စေသည့် HIV ပိုးအား ချေမှုန်း နိုင်သည့် ဆေးစွမ်း ကောင်း တစ်မျိုး ဖြစ်လာ နိုင်ကြောင်း ပညာရှင် များက ပြောကြား လိုက်ကြသည်။ သဘာဝ အလျောက် ပါဝင်နေသည့် အဆိုပါ ဓာတ်ပစ္စည်း သည် လိင်မှ တဆင့် ကူးစက်သော HIV ပိုးအား ကာကွယ် ပေးနိုင်မည်ဟု အမေရိကန် သိပ္ပံပညာရှင် များက မျှော်လင့်လျက် ရှိသည်။ ဓာတ်ခွဲခန်း စမ်းသပ် မှုများ အရ Lectinဓာတ် တစ်မျိုး ဖြစ်သော BanLec အမည်ရှိ ဓာတ်ပစ္စည်း သည် HIV ကို ဟန့်တား ရာတွင် အကျိုး ထူးများ ရရှိ နိုင်ကြောင်း မစ်ချီဂန် တက္ကသိုလ်ရှိ သုတေသီ များက ပြောကြား ခဲ့သည်။ Lectin သည် သကြားဓာတ် ပေါင်းစပ် ထားသော ပရိုတင်း တစ်မျိုး ဖြစ်ပြီး BanLec သည် သကြားဓာတ် ကြွယ်ဝသည့် HIV-1 ဗိုင်းရပ်စ်ကို ပူးပေါင်း ချေဖျက် ခြင်းဖြင့် ရောဂါပိုး ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များက ယုံကြည်နေကြသည်။

BanLecကို ယခုအခါ HIVတားဆီးမှု နည်းလမ်းနှစ်မျိုးအတွက် စမ်းသပ်အဆင့်ဖြင့် အသုံးပြုနေကြောင်းလည်း သိရသည်။ မတ်လ(၁၉)ရက်နေ့ထုတ် Biological Chemistryဆေးပညာ ဂျာနယ်တွင် ယခုတွေ့ရှိမှုအကြောင်း အသေးစိတ် ဖော်ပြထားပြီး အမျိုးသမီးသုံး ကွန်ဒုံးကဲ့သို့ လိင်မှုကိစ္စမှ ရောဂါပိုးကူးစက်ခြင်းကို တားဆီးပေးသည့် ပစ္စည်းများတွင် ပါဝင်ပစ္စည်း တစ်မျိုးအဖြစ် အသုံးချသွားဖွယ် ရှိနေသည်။ “အရင်တုန်းက HIVကာကွယ်ဆေး တချို့ကို ဗိုင်းရပ်စ်က ခံနိုင်ရည်ရှိတာမျိုး ပြဿနာတွေ ကြုံခဲ့ဖူးပါတယ်။ ခုတော့ ဓာတ်သဘာဝ တူတဲ့ သကြားဓာတ် ပရိုတိန်းခြင်း ရောပြီး ချေဖျက်တဲ့ နည်းလမ်းက အဆင်ပြေမယ် ထင်ပါတယ်”ဟု မစ်ချီဂန် တက္ကသိုလ်မှ ဒေါက်တာမိုက်ကယ်ဆွမ်ဆန်းက ပြောကြားခဲ့သည်။ “HIV-1 ဗိုင်းရပ်စ်နဲ့ အလွယ်တကူ ပေါင်းစပ်နိုင်တဲ့ Lectinဓာတ်က ရောဂါပိုး သွေးဥဆဲလ်တွေထဲ မရောက်သွားအောင် ၀န်းရံပိတ်ဆို့ထားပြီး ဖျက်ဆီးလိုက်နိုင်မယ့် အခြေအနေ ရှိနေပါတယ်။ ဒီလမ်းစကို ခြေရာခံပြီး ကျွန်တော်တို့ စမ်းသပ်မှုတွေ ဆက်လုပ်သွားရမှာပါ”ဟု ၎င်းက ဖြည့်စွက်ပြောဆိုသွားခဲ့သည်။

** HIV ရောဂါပိုး ရိုးတွင်းခြင်ဆီအတွင်း ပုန်းခိုနေခိုင် **
ဆရာဝန်များက HIVရောဂါပိုးသည် ရိုးတွင်းခြင်ဆီအတွင်း ပုန်းခို နေနိုင်ကြောင်း ပညာရှင်များက ဖော်ထုတ် တွေ့ရှိ ခဲ့သည်။ သုတေသီ များက ခုခံအား ကျဆင်းမှု AIDS ရောဂါကို ဖြစ်ပွားစေသည့် ရောဂါပိုးသည် ဆေးဝါးများ မှီဝဲနေစဉ် ခြင်ဆီအတွင်း ၀င်ရောက်ပုန်းအောင်းနေကာ ကာလကြာမြင့်မှ တကျော့ပြန် ထကြွပြီး ရောဂါ ဖြစ်ပွားစေ တတ်ကြောင်း ပြောကြား ခဲ့သည်။ HIVပိုး၏ ကုသရန် ခက်ခဲမှုအား လေ့လာနေခြင်း၏ ပထမ ခြေလှမ်းကို မိမိတို့ ဖော်ထုတ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ၊ မစ်ချီဂန် တက္ကသိုလ်မှ ဒေါက်တာ ကက်သလင်းကောလင်းစ် က ပြောကြား ခဲ့သည်။ သူမနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများက Nature Medicine မဂ္ဂဇင်းတွင် ယခု တွေ့ရှိမှုအား ဖော်ပြခဲ့ပြီး HIVပိုးသည် အချိန် အလွန်ကြာမြင့်မှ လူကို ဒုက္ခပေးနိုင်ကြောင်း ပြောဆိုသွား သည်။ ခြင်ဆီ အတွင်း ခိုအောင်း နေသည့် ရောဂါ ပိုးသည် အမှန်အားဖြင့် သွေးဆဲလ်များအတွင်း တည်ရှိနေရာမှ ပြောင်းလဲသွားခြင်းဖြစ်ကြောင်းလည်း ဒေါက်တာကက်သရင်းကဆိုသည်။ HIVဗိုင်းရပ်စ်သည် ခြင်ဆီအတွင်း ရောက်ရှိနေပါက ကုသဆေးများ မှီဝဲသည့်တိုင် ထိရောက်မှု မရှိနိုင်ဘဲ ကာလကြာမြင့်မှ ပြန်လည်ရှင်သန်ကာ ကူးစက်မှုအသစ်တစ်ဖန် ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။ HIVပိုးသည် သွေးဆဲလ်များကို ဖျက်ဆီးပစ်ပြီးသည်နှင့် နောက်တစ်ခုသို့ ပျံ့နှံ့ကူးစက်သွားတတ်ကြောင်းလည်း ပညာရှင်များကဆိုသည်။ ယခုတွေ့ရှိမှုကြောင့် HIVပိုးအား အမြတ်ပြတ် တိုက်ပွဲဆင်နိုင်ရေး မျှော်လင့်ချက်ကို ပိုမိုအားကောင်းလာစေမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာကက်သရင်းက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် HIVပိုးသည် ကုသဆေးများရန်မှ ပုန်းခိုနိုင်သည့် ခြင်ဆီကဲ့သို့ အခြားနေရာများ ရှိနေနိုင်သေးသည်ကိုလည်း စစ်ဆေးဖော်ထုတ်ရမည်ဖြစ်ကြောင်း ဒေါက်တာကက်သရင်းက ပြောကြားသွားသည်။ ယခုသုတေသန ပြုလုပ်မှု အတွက် Burroughs Wellcome ဖောင်ဒေးရှင်းနှင့် မစ်ဂျီဂန်တက္ကသိုလ် အပါအ၀င် အဖွဲ့ အစည်း အချို့က ငွေကြေး ကျခံပေးခဲ့ခြင်းဟု သတင်း ရရှိသည်။

** The Mirror Online Newspaper ကြေးမုံမှ ကူးယူဖော်ပြသည်။ **

** Public Health **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)