ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 5, 2010

Waste Management (သို့) အမှိုက်တွေကို စီမံခန့်ခွဲခြင်း

>
**မဲ့ဆောက်အမှိုက်ပုံ**
**Photo-JACBA**

ကျနော်တို့နိုင်ငံမှာ အိမ်ထောင်စု၊ စက်ရုံ နဲ့ အလုပ်ရုံကနေထွက်တဲ့ အညစ်အကျေး၊ စွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်တဲ့နေရာမှာ စနစ်တကျမရှိဘူး။ ဖြစ်သလို စွန့်ပစ်လိုက်တာများတယ်။ ဖြစ်သလိုဆိုတာက အမှိုက်တွေကို ဟိုပစ်ဒီပစ်လုပ်တာကိုဆိုလိုတာပါ။ တာဝန်ရှိတဲ့ မြို့ တော်စည်ပင်ကလည်း အမှိုက်ကားနဲ့သယ်၊ နေရာတခုမှာ စုပုံပြီး ဒီအတိုင်းပဲထားပါတယ်။ မြန်မာနိုင်ငံတင်မကပါဘူး၊ ထိုင်းနိုင်ငံမှာလည်း ဒီလိုကိစ္စတွေကို တွေ့နိုင်ပါတယ်။ အင်တာနက်ပေါ်မှာ မဲ့ဆောက်အမှိုက်ပုံက အမှိုက်ကောက်သမားတွေကိုကြည့်ပြီး သူ့တို့ရဲ့ ကျန်းမာရေးကို အထူးပဲစိုးရိမ်မိလို့ပါ။ ဒါ့ကြောင့် ဒီလိုရေးဖြစ်တာပါ။ ကျနော်က Wastes Management ပညာရှင်မဟုတ်ပါဘူး။ လေ့လာသူတစ်ယောက်ပါ။ ကျနော့်ရဲ့ ဗဟုသုတကို ရှယ်ပေးတာဖြစ်တဲ့အတွက် အပိုအလိုတော့ ဒီနေရာမှာရှိနိုင်ပါတယ်။

**အမှိုက်တွေကိုဘယ်လိုနည်းနဲ့ စီမံခန့်ခွဲနိုင်လဲ**

ကျနော်တို့ရဲ့ အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေကို အမှိုက်ပုံးကနေတဆင့်၊ အမှိုက်သယ်တဲ့ကားနဲ့ အမှိုက်ပုံကြီးဆီကိုပဲ ရောက်တယ်ထားပါ။ ဒီအမှိုက်တွေကို ကျနော်တို့ ဒီလိုပဲစုပုံပြီးထားမလား။ ဒီနေရာမှာ စဉ်းစားရမှာက အမှိုက်ကနေ သဘာဝတ်ပတ်ဝန်းကျင် နဲ့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ အထူးသဖြင့် အမှိုက်ကြောင့်ကျနော်တို့ ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ အမှိုက် (Wastes) လို့ကျနော်တို့ ယေဘုယျပြောနိုင်ပါတယ်။ အဲဒိအမှိုက်ထဲမှာ အမှိုက်ပေါင်းစုံရှိပါတယ်။ ပလက်စတစ်၊ သံတိုသံစ၊ ဓာတုဗေဒပစ္စည်း နဲ့ Organic Wastes လို့ခေါ်တဲ့ သဘာဝအမှိုက်သရိုက်တွေပါပဲ။ သဘာဝအမှိုက်သရိုက်ဆိုတာက အပင်အရွက်၊ အသီးအနှံပုတ်သိုးမှုစတဲ့ အရာတွေဖြစ်ပါတယ်။

ဒီလိုအမှိုက်တွေကို ကျနော်တို့နည်းလမ်း ရှစ်ခုလောက်နဲ့ စီမခံခန့်ခွဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အသုံးများတဲ့ နည်းလမ်းသုံးခုကိုပဲ တင်ပြပါ့မယ်။

**ကျွင်းတူးမြုပ်နည်း (Landfills)**

ကျွင်းတူးမြုပ်တာကို နိုင်ငံအတော်များများသုံးတဲ့ အလေ့အထဖြစ်ပါတယ်။ နေရာကျယ်တဲ့ သြစတျေးလျလိုနိုင်ငံတွေမှာ ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ နေရာကျဉ်းတဲ့ ဂျပန်နိုင်ငံလိုနေရာမျိုးမှာတော့ အသုံးမ၀င်ပါဘူး။ လူတောင်နေစရာမရှိတာ အမှိုက်ဆိုရင်ပိုဆိုးပေါ့။ ဆိုတော့ ဂျပန်က တခြားနည်းလမ်းကို စဉ်းစားပါတယ်။

ကျွင်းတူးမြုပ်နည်းကတော့ ကျွင်းအကြီးတခုကိုတူးရပါတယ်။ တူးပြီးရင် အမှိုက်တွေကို စုပုံထည့်ရတယ်လို့ အလွယ်တကူနားလည်နိုင်ပါတယ်။ သို့သော် အမှိုက်တွေကို စုပုံထည့်ပြီးတာနဲ့ ပြီးရောလား။ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေကို မထိနိုင်ဘူးလား။ အဖြေကတော့ ဒီနေရာမှာ ထိနိုင်ပါတယ်။

ဘယ်လိုထိနိုင်လဲဆိုတော့ အမှိုက်တွေထဲကနေ မီသိမ်းဓာတ်ငွေ (Metane Gas) ထွက်နိုင်ပါတယ်။ ဒီဓာတ်ငွေ့ က့ အမှိုက်ပုံကနေ နေ့ရောညပါထွက်ပါတယ်။ အမှိုက်ပုံနားမှာ ရှိတဲ့လူတွေ၊ အပင်တွေ၊ အကောင်တွေကိုထိခိုက်စေပါတယ်။ ယားယံတဲ့ရောဂါ၊ ကင်ဆာရောဂါတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် အရေပြားရောဂါဖြစ်ပါတယ်။ ပြီးတော့ အမှိုက်ပုံကနေ အနံ့ဆိုးတွေလည်း ရနိုင်ပါတယ်။ ဒါ့အပြင် အမှိုက်တွေဟာ ကြာလာတဲ့အခါမှာ ပုပ်သိုးဆွေးမြေ့ပြီး အရည်ပျော်ကြပါတယ်။ အဲဒိအရည်တွေဟာ အဆိပ်ရေတွေဖြစ်ပါတယ်။ ပြီးတော့ မြေအောက်ရေထဲအထိ စိမ့်ဝင်ပါတယ်။ ဒါ့ကြောင့် အမှိုက်ကျင်းနားမှာရှိတဲ့ ရေတွင်း၊ မြစ်ချောင်းအင်အိုင်တွေက ရေတွေကို သောက်သုံးမိတဲ့အခါမှာတော့ ဖြစ်လာမဲ့ဆိုးကျိုးကို မိမိဘာသာစဉ်စားကြည့်လို့ရပါတယ်။ ဒါဟာ ညစ်ညမ်းရေဖြစ်ပါတယ်။ အဆိပ်ရေလို မသောက်သင့်တဲ့ရေဖြစ်ပါတယ်။

**ဒါဆိုရင် ရောဂါမရအောင် ကျင်းကို ဘယ်လိုတူးမလဲ**

အမှိုက်ထည့်ဖို့ ကျင်းတခုကို တူးတယ်ပဲထားပါစို့။ ပြီးရင် စကျင်ကျောက်ပဲဖြစ်ဖြစ်၊ ဂ၀ံကျောက်ပဲဖြစ်ဖြစ် ရေမစိမ့်နိုင်တဲ့ ကျောက်သားတခုကို အောက်မှာခံပေးရပါတယ်။ ပြီးတော့ ကျင်းအောက်ခြေနဲ့ ပတ်ပတ်လည်မှာ ပလက်စတစ်အထူစားကို ခံထားပေးရပါတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်က အမှိုက်ကနေထွက်တဲ့ ရေပုပ်ရေညစ်တွေက မြေကြီးထဲကို စိမ့်မ၀င်နိုင်အောင်လို့ပါ။ မြေကြီးထဲကနေ မြေအောက်ရေထဲကိုလည်း မရောက်နိုင်ပါဘူး။

ဒီအဆင့်ပြီးသွားရင် အမှိုက်တွေကို ကျင်းထဲမှာထည့်လို့ရပါပြီ။ အမှိုက်ထည့်ပြီးလို့ကျင်းပြည့်တဲ့အခါမှာ အပေါ်ကနေမြေကြီးတွေကို ခပ်ထူထူပြန်အုပ်ရပါတယ်။ ပြီးရင်တော့ အမှိုက်ပေါ်မှာ အပင်ကြီးတွေစိုက်ပျိုးရပါတယ်။

ဒီလိုစနစ်ကို မြို့ တော်စည်ပင်က အဓိကအကောင်အထည့်ဖော်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကုန်ကြေးကျများသလို၊ လူတွေအတွက်လည်း အကျိုးရှိစေပါတယ်။

ဒီနေရာမှာ အမှိုက်ပုံကနေ ထွက်တဲ့ Methane Gas ကိုပိုက်နဲ့ စုပ်ပြီး၊ လျှပ်စစ်ဓာတ်အားထုတ်လို့ရပါတယ်။ သြစတျေးလျနိုင်ငံမှာဆိုရင် အမှိုက်ပုံမှာလာပြီးအမှိုက်ပစ်ချင်သူတွေဟာ ပိုက်ဆံပေးရပါတယ်။ အမှိုက်တတန်ကို ဈေးနှုံးဘယ်လောက်ဆိုတော သတ်မှတ်ထားပါတယ်။ တချို့ အမှိုက်တွေကို ပြန်ပြီး သုံးစွဲပါတယ်။ ဥပမာ ထိုင်ခုံအဟောင်း၊ ရေခဲသတ္တောအဟောင်းတွေကို Recycling ပြန်လုပ်ပေးပါတယ်။ သူတို့အမှိုက်ပုံက အမှိုက်ပုံနဲ့မတူဘူး။ ဘာနဲ့တူသလဲဆိုရင် ဈေးရောင်းတဲ့ဈေးတန်းလိုဖြစ်နေပါတယ်။ ၀ယ်တဲ့သူနဲ့ရောင်းတဲ့သူနဲ့စည်ကားနေလို့ပါ။ အမှိုက်တွေကလည်း လူနဲ့သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် အတက်နိုင်ဆုံးစီမံခန့်ခွဲတာဆိုတော့ တော်တော်အကျိုးထူးပါတယ်။

ဒီလိုဥပမာကို ကျနော်တို့ တိုင်းပြည်နဲ့ ထိုင်းနိုင်ငံမှာ ကျနော်လေ့လာကြည့်ပါတယ်။ မလေးရှားမှာလည်း ဒီလိုဥပမာကိုမတွေ့ရသေးဘူး။ လေ့လာမှု မပြည့်စုံလို့လားတော့မသိဘူး။ ဒီနိုင်ငံတွေမှာ အမှိုက်တွေကို စုံပုံပြီး ဒီအတိုင်းထားတာပဲတွေ့ရပါတယ်။ ကျီးထိုးထိုးလဒကိုက်ကိုက် ဂရုစိုက်မှု ကင်းမဲ့ကြတယ်။ အမှိုက်ပုံဘေးမှာ ခွေးကော၊ ခလေးကောစုံလို့။ လူတွေက အမှိုက်ပုံနားမှာ နေတဲ့သူကနေ၊ ကစားသူက ကစား။ စုံနေတာပဲ။ အဓိကပြောချင်တာက အစိုးရတွေမှာ အမှိုက်စွန့်ပစ်တာကို ကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဆိုရင် နှစ်ဦးနှစ်ဘက်အကျိုးရှိစေပါတယ်။ နံပါတ်တစ်အချက်အမှိုက်ပုံကနေ ၀င်ငွေရရှိပါတယ်။ နံပါတ်နှစ်အချက်က သဘာဝပတ်ဝန်းကျင် နဲ့ လူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးစေပါတယ်။

**အမှိုက်တွေကိုမီးရှို့ ဖျက်ဆီးခြင်း (Incineration)**

ကျနော့်အိမ်နောက်ဖေးမှာ အမှိုက်လှဲပြီးရင် ကျနော်တို့မီးရှို့ ပါတယ်။ ဒါက လူတစ်ဦးချင်းစီကိစ္စပါ။ ရန်ကုန်မြို့ လိုနေရာမျိုးမှာ အမှိုက်တွေများလာရင် မီးရှိုဖို့အတွက် စက်ရုံအကြီးကြီးတခုလိုပါတယ်။ မီးရှို့ တဲ့အခါမှာ အပူငွေ့ရပါတယ်။ အပူငွေ့ကနေ လျှပ်စစ်ဓာတ်အားဓာတ်ယူလို့ရပါတယ်။ ဂျပန်နိုင်ငံကိုကြည့်ပါ။ ဂျပန်တွေဟာ နေရာကျဉ်းတော့ ဒီနည်းလမ်းကိုပဲသုံးပါတယ်။ သူတို့အတွက် တခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်လို့ပါ။ အမှိုက်တွေကို မီးရှို့ ဖျက်ဆီးခြင်းနည်းလမ်းမှာလည်း အားနည်းချက်အားသာချက်ရှိပါတယ်။ အားသာချက်ကတော့ လျှပ်စစ်မီးရနိုင်တယ်။ အားနည်းချက်ကတော့ မီးရှို့ တဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုက်အပါအ၀င် အဆိပ်ရှိတဲ့ဓာတ်ငွေ့ တွေဟာ လေထဲကို ပျံ့ စေပါတယ်။ လူတွေက ရှုမိရင်အနည်းဆုံးတော့ အဆုပ်ထဲကိုရောက်ပြီး ကြာရင်အဆုပ်ရောဂါဖြစ်စေပါတယ်။ ဒီနည်းလမ်းကို နိုင်ငံတော်တ်ာများများမသုံးကြပါဘူး။ အဓိကအချက်ကတော့ ဈေးကြီးလို့ပါတဲ့။

**ပြန်လည်အသုံးပြုခြင်းနဲ့ မြေဆွေးပြုလုပ်ခြင်း** (Recycling and Biological reprocessing)

မဲ့ဆောက်အမှိုက်ပုံ၊ ပုဇွန်တောင်အမှိုက်ပုံကိုကြည့်ပါ။ ဒီလိုပုံစံကိုတွေ့နိုင်ပါတယ်။ ဒီနည်းလမ်းကို ကမ္ဘာပေါ်ရှိအစိုးရတွေကသုံးစွဲဖို့ကို အဓိကတိုက်တွန်းပါနေပါတယ်။ သဘာဝသယံဇာတတွေကို ချိုးခြံချွေတာတဲ့အနေနဲ့ပါ။ အမှိုက်ပုံကနေ ပလက်စတစ်၊ ကော်ခွက်၊ သံတိုသံစတွေကိုကောက်ပြီး အမျိုးမျိုးပြန်လည်သုံးစွဲနိုင်တော့ မဲ့ဆောက်အမှိုက်ပုံမှာ မြန်မာတွေစုံပုံနေကြရပြီပေါ့။ ပြီးရင် အမှိုက်ပုံကမြေဆွေးဖြစ်သွားတော့ လှည်းတစ်စီးကို ဘယ်လောက်ဆိုပြီးရောင်းစားနိုင်ပြန်ရော။ တော်တော်အလုပ်ဖြစ်တဲ့နည်းလမ်းပါ။ ဒါမေပဲ့ အထက်က ပြောတဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။

**ကျန်းမာရေးကိစ္စ နှင့် သဘာဝတ်ပတ် ၀န်းကျင်**

အမှိုက်ပုံနားမှာ နေတဲ့လူတွေဟာ တကယ့်ကိုအံ့သြဖို့ကောင်းပါတယ်။ အနံ့ ကဆိုး၊ နေရထိုင်ရတာ ညစ်ပတ်၊ ဒီလိုအခြေအနေကို အံကြိတ်ပြီး ဘ၀အတွက်ရုန်းကန်လှုပ်ရှားနေတဲ့မြန်မာနိုင်ငံက လူသားဆိုတဲ့ လူသားမဟုတ်တဲ့လူတွေကိုအထူးသနားမိတယ်။ ဒါ့ကြောင့် ဒီလိုရေးဖြစ်သွားတာပါ။

ဒီနေရာမှာ ကျန်းမာရေးကိစ္စကို အထူးပြောချင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိစ္စကတော့ အထက်က Landsfiills မှာ ပါသွားပြီးဖြစ်တဲ့အတွက် ထပ်ပြီးမဆွေးနွေးတော့ပါ။

အမှိုက်တွေကိုစုပုံတာဆိုတော့ အမှိုက်ပေါင်းစုံပါနိုင်ပါတယ်။ စားကျွင်းစားကျန်၊ ဓာတုဗေဒပစ္စည်း၊ ပိုးသတ်ဆေး၊ ဆေးထိုးအပ်စတဲ့ အန္တရာယ်ရှိတဲ့အမှိုက်ပေါင်းစုံရှိနိုင်ပါတယ်။ ဒီလို ဘေးအန္တရာယ်က ချက်ချင်းဖြစ်လာပြီး၊ ချက်ချင်းပျောက်သွားတာမဟုတ်တဲ့အတွက် အထူးသတိထား ကိုင်တွယ်ကြစေချင်ပါတယ်။ ဖြစ်နိုင်ရင် အမှိုက်တွေကို ဒီလိုစုံပုံထားပြီး ဖြစ်ကတက်ဆန်းထားတာ မကောင်းပါဘူး။

ကျနော့်သံသယက မဲ့ဆောက်ကမြူနီစပယ်ဟာ မြန်မာတွေကို ခွေးလိုသဘောထားလို့ ဒီလိုဖန်တီးနေတာလို့ပဲ ယူဆပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်မြန်မာတွေအနေနဲ့ အမှိုက်ပုံနားက မြန်မာတွေကို အမြန်ဆုံးကယ်တင်ကြစေချင်ပါတယ်။ ဒီပြသနာက လက်ရှိအမှိုက်ပုံဘေးက မျိုးဆက်တင်မကပါ....သူတို့မွေးလာတဲ့ခလေးတွေအထိသက်ရောက်မှုကြီးပါတယ်။ မဲ့ဆောက်အမှိုက်ပုံကိစ္စက ကမ္ဘာပေါ်မှာ တခုတည်းသော မသိကျိုးကျွန်ပြုမှု နဲ့ Duty of Care မရှိမှုကို ပြတာပဲ။ ဒီလို Case Study ကို တခြားနိုင်ငံတွေမှာ ရှာကြည့်ပါ။ ဘယ်နိုင်ငံမှ ဒီလိုမရှိပါဘူး။ အဓိကတာဝန်ရှိတဲ့သူက ထိုင်းအာဏာပိုင်တွေပဲဖြစ်ပါတယ်။ ဒီကိစ္စက မဲ့ဆောက်ကမြူနီစပယ်မှာတာဝန်ရှိသလို၊ အတိုက်အခံအင်အားစုမှာလည်း တာဝန်ရှိပါတယ်။ ကမ္ဘာကို ကျယ်ကျယ်လောင်လောင်အော်ပေးသင့်ပါတယ်။ ဘယ်လိုနည်းနဲ့မှ အမှိုက်ပုံကြီးကို မှီခိုပြုပြီး နေထိုင်ခွင့်မရှိရပါဘူး။ ဒါက နိုင်ငံတကာ ဥပဒေတခုဖြစ်ပါတယ်။ အဓိက လူသားဖြစ်တယ်ဆိုတဲ့ ကိစ္စကို စဉ်စားကြပါ။ အမှိုက်ပုံနားကဟာတွေက လူတွေဖြစ်ပါတယ်..ခွေးတွေမဟုတ်ပါဘူး။

**ကိုးကား-
1) http://en.wikipedia.org/wiki/Waste_management
2) Tarmalar Park Australia
3) Japan's Waste management
4) Lecture Note

**ရေးသားသူ - ဘုန်းကျော် **

WWW.phonekyaw.blogspot.com

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)