ကျော်ဖြတ်နိုင် **
(ဖိလစ္စဘတ်၊ ဒီဇင်ဘာလ ၂၀ ရက်)
အသက် (၁၅)နှစ်အရွယ် ဒတ်ခ်ျနိုင်ငံသူ လော်ရာဒက်ကားသည် ၄င်း၏ တစ်ကိုယ်တော် ကမ္ဘာတစ်ပတ်ရွက်လွှင့်ခရီးစဉ်၏ အရှည်လျားဆုံးခရီးလမ်းပိုင်းဖြစ်သော အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ခရီးစဉ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က အောင်မြင်စွာအဆုံးသတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကမ္ဘာတစ်ပတ် တစ်ကိုယ်တော် ရွက်လွှင့်ခရီးနှင်နိုင်သည့် အသက်အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်နိုင်ရန် ရည်မှန်းထားသော လော်ရာဒက်ကားသည် ရေမိုင် ၂၂၀၀ ကို ဖြတ်သန်းခဲ့ပြီးနောက် ၀မ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။ (အင်တာနက်)
** ပါလက်စတိုင်းကို ခွဲခြားဆက်ဆံနေသည်ဟူသော လူ့အခွင့်အရေးအဖွဲ့၏ စွပ်စွဲချက် ကို
အစ္စရေးပယ်ချ **
(ဂျေရုဆလင်၊ ဒီဇင်ဘာလ ၂၀ ရက်)
အစ္စရေးတို့ သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဒေသမှ ပါလက်စတိုင်းတို့သည် အခြေခံကျသော လူမှုရေးရပိုင်ခွင့်များကင်းမဲ့လျက်ရှိပြီး အစ္စရေးနိုင်ငံ၏ ခွဲခြားဆက်ဆံရေးမူဝါဒအရ ၄င်းတို့နေထိုင်ရာနေရာများမှ အဓမ္မရွှေ့ပြောင်းခံနေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ဒီဖင်ဘာလ ၁၉ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် အစ္စရေးနိုင်ငံအား နှစ်စဉ်ပေးအပ်လျက်ရှိသော အကူအညီများကို ရုပ်သိမ်းခြင်းဖြင့် အစ္စရေးကို အပြစ်ပေးရန် ယင်းအဖွဲ့က တောင်းဆိုခဲ့ကြောင်း သတင်များတွင် ဖော်ပြသည်။ (အင်တာနက်)
** ဗြိတိန်တွင် အကြမ်းဖက်သမား ၁၂ ဦးကို ဖမ်းဆီး **
(လန်ဒန်၊ ဒီဇင်ဘာလ ၂၀ ရက်)
အားလပ်ရက်ရာသီကာလတွင် အကြမ်းဖက်တိုက်ခိုက်မည်ကို စိုးရိမ်စိတ်ပွားနေသည့် ပြည်သူများအား ကာကွယ်ရန် တနင်္လာနေ့နံနက်စောစောပိုင်းက မြို့ကြီးသုံးမြို့၌ ၀င်ရောက်စီးနင်းရှာဖွေခဲ့ရာ အကြမ်းဖက်သမားဟုယူဆရသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ကြေညာသည်။ (အေပီ)
** ခရစ္စမတ်ကာလအကြို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူ လစ်ဗျားနိုင်ငံသားသုံးဦး ကို အီရတ်အထူး
တပ်ဖွဲ့ဝင်များ သုတ်သင် **
(ကာကွက်၊ ဒီဇင်ဘာလ ၂၀ ရက်)
အီရတ်စစ်ဘက် အထူးတပ်ဖွဲ့ဝင်များသည် တနင်္လာနေ့က မိုဆူးလ်မြို့တွင် စီးနင်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ ခရစ္စမတ်အကြိုကာလ၌ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ရန် ကြံစည်နေသည်ဟု ယူဆရသော လစ်ဗျားနိုင်ငံသား သုံးဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ (အင်တာနက်)
** တင့်ကားဖျက်လက်နက် ကာကွယ်ရေးစနစ်များတပ်ဆင်ထားသော တင့်ကားများကို ဂါဇာနယ်စပ်၌ အစ္စရေးဖြန့်ကြက်မည် **
(ဂျေရုဆလင်၊ ဒီဇင်ဘာလ ၂၀ ရက်)
တင့်ကားဖက်လက်နက်ကာကွယ်ရေးစနစ်တပ်ဆင်ထားသော တင့်ကားများကို ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တစ်လျှောက်တွင် စတင်ဖြန့ကြက်ထားရန် အစ္စရေးကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့ (အိုင်ဒီအက်ဖ်)က ဒီဇင်ဘာလ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ဂါဇာကမ်းမြောင်ဒေသမှ တင့်ကားဖျက်ဒုံးကျည်များအန္တရာယ်သည် ပိုမိုမြင့်တက်လာကြောင်း ထောက်လှမ်းရေးသတင်းများရရှိခဲ့ပြီးနောက် လာမည့်လ၌ ကာကွယ်ရေးစနစ်တပ်ဆင်ထားသော တင့်ကားများကို အစ္စရေးနိုင်ငံက စတင်ဖြန့်ကြက်သွားမည်ဖြစ်သည်။(အင်တာနက်)
** ဒီဇင်ဘာလ ၂၁ ရက် လကြတ်မှုဖြစ်စဉ်၌ လကို အနီရောင်သမ်းလအဖြစ် မြင်တွေ့ရမည် **
(ပါရီ၊ ဒီဇင်ဘာလ ၂၀ ရက်)
ရာသီဥတုအခြေအနေကောင်းပါက ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်စောစောပိုင်း၌ လအပြည့်အ၀ကြတ်မှုဖြစ်စဉ်တစ်ရပ်ကို အမေရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်တို့၌ မြင်တွေ့ရမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါ လအပြည့်အ၀ကြတ်မှုဖြစ်စဉ်သည် သုံးနှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး လကို အနီရောင်လအဖြစ် ပြောင်းလဲမြင်တွေ့ရမည်ဖြစ်သည်။ မြောက်ယဉ်စွန်းတန်း၏ ဆောင်းလယ်ကာလ နေ၏ တည်နေရာသည် အီကွေတာမှ အဝေးဆုံးနေရာ၌ ရောက်ရှိချိန်တွင် ကမ္ဘာမြေ၊ နေနှင့် လတို့ တစ်တန်းတည်းကျရောက်ရာမှ လအပြည့်အ၀ ကြတ်မှုဖြစ်ပွားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ဒတ်ခ်ျဆယ်ကျော်သက်အမျိုးသမီးငယ် ကမ္ဘာတစ်ပတ်ရွက်လွှင့်ခရီးစဉ် ပထမဆုံးအဆင့်ကို

No comments:
Post a Comment