ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 31, 2010

31 Dec, 10// ဒီဇင်ဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ** တရုတ်နိုင်ငံတွင် ပထမဦးဆုံး စက်ရုပ်စားသောက်ဆိုင် ဖွင့်လှစ် **
(ပေကျင်း၊ ဒီဇင်ဘာလ ၂၈ ရက်)
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်တုံးပြည်နယ် ကျိနန်မြို့တွင် မကြာသေးမိက ဟော့ပေါ့စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီး ယင်းစားသောက်ဆိုင်တွင် စက်ရုပ်တစ်ဒါဇင်ကျော်ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ယင်းစားသောက်ဆိုင်တွင် စားသောက်ဖွယ်ရာများ သယ်ဆောင်ဖြည့်ဆည်းပေးသော စားပွဲထိုးစက်ရုပ်များနှင့် အမျိုးသမီးကချေသည် စက်ရုပ်များက စားသုံးသူစားပွဲများအကြား သွားလာလှုပ်ရှားရင်း ၀န်ဆောင်မှုပေးလျက်ရှိသည်။ (ဆင်ဟွာ)

** လေယာဉ်တင်သင်္ဘောဖျက်ဒုံးကျည်များ စမ်းသပ်မှု တရုတ်နိုင်ငံ မြှင့်တင်လုပ်ဆောင်လျက်ရှိဟုဆို **
(တိုကျို၊ ဒီဇင်ဘာလ ၂၈ ရက်)
တရုတ်နိုင်ငံသည် ၄င်း၏ လေယာဉ်တင်သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဖြန့်ကြက်ရန် အားထုတ်ကြိုးပမ်းနေကြောင်း အင်္ဂါနေ့က ထုတ်ဝေသော ဂျပန်သတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်းပြုလုပ်ရာတွင် အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်တပ်မှူးက ပြောကြားသည်။ တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောဖျက်ဒုံးကျည်စနစ်သည် ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ပြီးဖြစ်သည့် ဒုံးကျည်စနစ်ဖြစ်ကြောင်း ပစိဖိတ်စစ်ဌာနချုပ် တပ်မှူးဗိုလ်ချုပ်ကြီးရောဘတ်ဝေးလ်လဒ်က အဆာဟိရှင်ဘွန်း သတင်းစာသို့ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

** အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် သတိပေးချက်များကြောင့် အိန္ဒိယနိုင်ငံမြို့ ကြီးများ၌ လုံခြုံရေးအဆင့်မြှင့်တင် **
(နယူးဒေလီ၊ ဒီဇင်ဘာလ ၂၈ ရက်)
ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စုက နှစ်သစ်ကူးကာလ သီတင်းပတ်ကုန်ရက်များအတွင်း တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ရန် ကြံစည်နေကြောင်း သတင်းများရရှိခဲ့ရာ အိန္ဒိယနိုင်ငံတစ်ဝန်းမြို့ကြီးများ၌ အင်္ဂါနေ့က လုံခြုံရေးအဆင့်မြှင့်တင်ထားမှုများကို အိန္ဒိယအစိုးရက ပြု
လုပ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ (အေပီ)

** အစ္စရေးနိုင်ငံ၌ ခရီးသည်တင်ရထားပေါ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား **
(တဲလ်အဗစ်၊ ဒီဇင်ဘာလ ၂၈ ရက်)
အစ္စရေးနိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းတို့ကို ဆက်သွယ်သော ရထားလမ်းပေါ်၌ ဒီဇင်ဘာလ ၂၈ ရက်နေ့က ခရီးသည်တင်ရထားတစ်စင်းပေါ်တွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)

** အာဖဂန်ကြည်းတပ်နှင့် ရဲတပ်ဖွဲ့တို့ကို လေ့ကျင့်ပေးရန် စစ်ရေးလေ့ကျင့်ရေးမှူးများ
အလုံအလောက်မရသေး **
(ကဘူး၊ ဒီဇင်ဘာလ ၂၈ ရက်)
အာဖဂန်နစ္စတန်နိုင်ငံ၏ ကြည်းတပ်နှင့် ရဲတပ်ဖွဲ့တို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်နိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးမှူးများအား စုဆောင်းလေ့ကျင့်နိုင်ရန် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)က ရည်မှန်းချက်တစ်ရပ်သတ်မှတ်ထားသော်လည်း ယင်းရည်မှန်းချက်မှာ ပြည့်ဝအောင်မြင်မှုမရှိကြောင်း ဌာနဆိုင်ရာ လုပ်ငန်းတိုးတက်မှုအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ (အင်တာနက်)

** ဂါဇာထိုးစစ်ပြီးဆုံးပြီး နှစ်နှစ်အကြာ အစ္စရေးနှင့် ဂါဇာကမ်းမြောင်န
ယ် စပ်၌ အခြေအနေတင်းမာ **
(ဂါဇာစီးတီး၊ ဒီဇင်ဘာလ ၂၈ ရက်)
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းများသည် ဂါဇာဒေသသို့ အစ္စရေးတပ်ဖွဲ့များ ကျူးကျော်တိုက်လိုက်မှု နှစ်နှစ်ပြည့်အထိမ်အမှတ်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့သည်နှင့် တစ်ချိန်တည်း ဂါဇာကမ်းမြောင်ဒေသနှင့် အစ္စရေးနိုင်ငံအကြား တင်းမာမှုများမြင့်တက်လျက်ရှိကာ စစ်ပွဲတစ်ရပ်ထပ်မံဖြစ်ပွားမည့် အခြေအနေသို့ ဦးတည်နေကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- ကြယ်စင်သာ **

** တရုတ်နိုင်ငံတွင် ပထမဦးဆုံး စက်ရုပ်စားသောက်ဆိုင် ဖွင့်လှစ် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)