ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 16, 2010

ခွေးထက်တန်ဖိုးမဲ့တဲ့....

>
........................................................................

“ဟဲ့..ခွေးကောင်..သေနာကောင်..ခွေးမျိုး..ခွေးသူခိုး” ဆိုတဲ့..ဆဲဆိုမှုတွေက နေရာတိုင်းမှာ ကြားနိုင်ပါတယ်။ ကြားရပါများလိုလားမသိတော့ပါဘူး...ဒီလိုဆဲဆိုသံတွေကြားရင်...ရိုးနေသလိုလိုတောင်ဖြစ်နေပါပြီ။

ဆဲဒါကလဲ..ခွေးကို ဆဲတာမဟုတ်ပါဘူး။ လူကိုဆဲတာပါ။ ကြားနေကြဆဲဆိုသံလေးတွေပေါ့။ ဟိုနေ့ က ခွေးကို...
“ဟဲ့ခွေး...” ဆိုပြီးအော်မိတော့..အတိတ်ကဖြစ်ရပ်တစ်ခုက ဦးနှောက်ထဲကိုပြေးဝင်လာပါတယ်။ အတိတ်ကဖြစ်ရပ်ဆိုပေမယ့်လဲ..ကြည်နှုးစရာမဟုတ်ပါဘူး။ မမှတ်ပဲနဲ့  အလိုလိုမှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုပါ။ စိတ်နာလို့ လား၊ နာကျဉ်းလို့ လားကတော့ ကျနော့်ကိုယ်ကျနော်လဲမသိပါဘူး။

တစ်နေ့ တွင်ရုံးတွင်ထိုင်၍အလုပ်လုပ်နေစဉ်...အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေးတစ်ယောက်ရုံးသို့  မျက်နှာသုန်မှုန်ထိတ်လန့် စွာနှင့်ရောက်လာလေသည်။

ရုံးမ..အစ်မ များကအပြင်ထွက်ကာ..မည်သို့ ဖြစ်လာသည်ကို မေးမြန်းပြောဆိုနေပါသည်။ ရုံးသွင်းထိုင်နေသော ကျနော်လဲ..ဖြစ်နေကြ အဖြစ်အပျက်များမို့ ..သတိမထားမိပါ။

ခဏ အကြာတွင်..ရုံးမ..အစ်ကို၊ အစ်မ များအားလုံး လိုအပ်သည်များကို ယူဆောင်ကာ ခုန ကရောက်လာသော အဒေါ်နှင့် ဦးလေးနောက်သို့ လိုက်သွားလေသည်။

ခုချိန်ထိတိုင်..ကျနော့်အတွက်ကတော့ ပုံမှန်ဖြစ်နေကြပါပဲလေ။ နှစ်နာရီ လောက်အကြာတွင် ရုံးမအစ်မများပြန်ရောက်လာပြီး...ဘာသာပြန်ရမည့် အမှုဖိုင်တွဲကိုပေးပါသည်။

ကျနော်။ ။ “အစ်မ..ဒီနေ့ ကဘာဖြစ်တာလဲ?”

အစ်မ။ ။ “လူသတ်မှု”

ကျနော်။ ။ “ဖြစ်ပြန်ပြီလား?”

အစ်မ။ ။ “ဒီလိုပဲပေါ့ကွာ..သူများနိုင်ငံမှာနေတာ ဆိုတော့.. သူတို့ လုပ်တိုင်းကိုခံနေရတာပေါ့”

ကျနော်။ ။ “ဟူး...ထိုင်းမှာအလုပ်လာလုပ်တဲ့ မြန်မာလူမျိုးတွေရဲ့ အဖြစ်က မလွယ်ပါလား။ ပုရွက်ဆိတ်ထက်တောင်လူ့ အသက်က တန်ဖိုးမဲ့နေပါလား။ ခုကဘယ်လိုဖြစ်ပြီး လူသတ်မှုဖြစ်ရတာလဲ?”

အစ်မ။ ။ “ရော့..ဒီမှာ စစ်ချက်။ မြန်မာလိုမှတ်တမ်းတင်ပြီးရင်..အင်္ဂလိပ်လိုပါဘာသာပြန်ထားလိုက်”

ကျနော်။ ။ “ဟုတ်ကဲ့..ပါဗျာ”

ကျနော်တို့ အသံက ပုံမှန်ဖြစ်နေလိမ့်မည်ဟုစာဖတ်ပရိတ်သတ်များထင်ပေလိမ့်မည်။ အမှန်မှာ..ဤကဲ့သို့ သောအဖြစ်
မျိုး..ခဏ၊ ခဏ ကြုံတွေ့ ရသဖြင့်..ရင်နာလွန်းလှကား..နာကျင်ဖို့ ရန်ပင်ရင်မကျန်တော့ပါကလား။

**အမှုမှတ်တမ်းတင်ခြင်း**

သေဆုံးသူအမည်။ ။ မောင်အောင်

အသက်။ ။ 28

အလုပ်အကိုင်။ ။ ခြံစောင့်

အမှုကျူးလွန်သူ။ ။ ရွာသူကြီး

နေ့ စွဲ။ ။ 2004

နေရာ။ ။ မယ်ဆောက်မြို့ 

အချိန်။ ။ နေ့ ခင်း 2 နာရီ

**အမှုအကျဉ်း**

မောင်အောင်သည် အလုပ်လုပ်ပြီး နေ့ လည် ၂ နာရီခန့် တွင် သူငယ်ချင်းနှင့် အရက်ဖြူသောက်ကြသည်။ အရက်
၁ လုံးကုန်သွားသောအခါ အခါတွင်..မ၀သေးသဖြင့် နောက်ထပ်တစ်လုံးသွားဝယ်လေသည်။ အပြန်တွင် သူကြီး
ခွေးက ကိုက်ရန်မန်ဖီကာ လိုက်ဆွဲသဖြင့် အနားတွင်ရှိသော သစ်ကိုင်းဖြင့် ရိုက်လိုက်သည်။ ထိုအချင်းအရာကို
သူကြီးတွေ့ သောအခါ.. သူ့ ခွေးအားရိုက်ရမည်လားဟု စိတ်တိုကာ မောင်အောင်အား သေနတ်ဖြင့်ပစ်လိုက်လေသည်။
သူကြီးပစ်လိုက်သော သေနတ်ဒါဏ်ရာဖြင့်ပင် မောင်အောင်သည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်။

၎င်းနောက်သူကြီးနှင့် နောက်လိုက်များသည်..မောင်အောင့်သူငယ်ချင်းအား မည်သူမှအားမပြောရန် ရိုက်နှက်ခြိမ်း
ခြောက်လေသည်။ ၄င်းနောက်..မောင်အောင်မိဘများတွေ့ သွားသောအခါ..သူကြီးက မောင်အောင်၏ စာပနာအတွက်
ငွေ ၁၀၀၀၀ ပေး၏။ ၄င်းနောက်မောင်အောင်၏ မိဘများအား လုပ်အားခများပင်မပေးပဲ ခြံမှမောင်းထုတ်လိုက်သည်။

ကျနော်။ ။ “ဟူး...ခွေးကိုရိုက်လို့ ..အသတ်ခံရတာဆိုတော့ လူ့ အသက်က ခွေးလောက်တောင် တန်ဖိုးမရှိတော့ဘူးလား?။ ”

အစ်မ။ ။ “အေး..ဒီမှာက ဒီလိုပဲ။ နေတတ်စားတတ်မှအသက်ရှည်မှာ”

၎င်းနောက်တွင်..အဖွဲ့ အစည်းများ၏ကြိုးပမ်းမှုနှင့် မောင်အောင်၏ မိဘများနှင့် သူကြီးသည် ရဲစခန်းတွင်သွားရောက်
ညှိနှိုင်းကြသည်။ နောက်ဆုံးရလဒ်မှာ မောင်အောင်၏မိဘများသည် သူကြီးထံမှ ငွေ 200,000 ဘတ်ဖြင့် အမှုကြေအေးလိုက်သည်။

ထို့ နောက် မြန်မာပြည်ဖက်သို့ ပြန်သွားကြလေသည်။

အင်း.......မြန်မာပြည်ကအတိုင်းပြောရရင်တော့..အဲလိုဆဲဆိုကြတာက နမ်နှိမ်သလိုမျိုးများဖြစ်နေလား? ဆိုပြီးတော့စဉ်းစားမိပါတယ်ဗျာ။ တခြားကြုံတွေ့ ရတာတွေလဲရှိပါတယ်။ စိတ်ညစ်အောင်တော့ မလုပ်လိုပါဘူး။ ဒါပေမယ့်လဲတစ်ကယ်ဖြစ်တာက ဖြစ်တာပေါ့ဗျာ။ မြို့ ကြီးတွေနဲ့ ဝေးလေ..လူမသိ..သူမသိသေသွားတဲ့လူတွေများလေပါပဲ။

မြို့ ထဲမှာဆိုရင်တော့ သိပ်မလုပ်ရဲကြဘူးလေ။ မြို့ နဲ့ ဝေးရင်တော့..ပိုက်ဆံရှိတဲ့သူတွေက ရဲထက်အာဏာရှိပြီး၊ လုပ်ချင်သလိုလုပ်ကြပါတယ်။ အဲ..ရဲက အာဏာရှိရင်လဲ ဘာမှသိပ်မကူနိုင်ပါဘူး။ ကိုယ်ကပဲ ပေးနေရတာပေါ့ဗျာ။

လမ်းကြုံလို့ ထပ်ပြောအုန်းမယ်...

ပစ္စည်းပျောက်ခြင်း

တစ်နေ့ တစ်၌ ကျနော်သည်အိပ်ရာမှနိုးသောအခါတွင်..ကျနော့်ပစ္စည်းများပျောက်သွားသဖြင့် ရဲစခန်းသို့ တိုင်တန်းခြင်းပြုလုပ်လေသည်။

ရဲစခန်းအရောက်တွင် လိုအပ်သည်များကို ပြုလုပ်ပါသည်။ ရဲမှ သိလိုသောအချက်အလက်များကို မေးမြန်းစစ်ဆေးပါသည်။ မေးမြန်းစစ်ဆေးခြင်းများပြီးသွားသောအခါတွင်...

ရဲ။ ။ “အေး..ငါ့ညီ..ဒီမှာက ဒီလိုပဲ။ ပြီးရင်..ရဲကိုလဲနားလည်ရမယ်။ အမှုတွေကအများကြီးပဲကွ။ ပြန်ရမယ်၊ မရက
တော့ မသေချာဘူး။ သူချိုးဘယ်သူမှန်းလဲမသိ..အထီး၊ အမ မှန်းမသိတော့ ခက်လိမ့်မယ်နော်”

ဟုတ်ကဲ့..ကျနော်နားလည်ပါတယ်..အဲနားလည်လိုက်ပါတယ်..ပစ္စည်းရှုံးပြီဆိုတာကို။ ထိုချိန်မှစပြီး ခုချိန်ထိပျောက်သွားသော ပစ္စည်းများလုံးဝပြန်မရသေးပါ။ (နည်းနည်းတော့ မျှော်လင့်သေးတာပေါ့လေ)။

ဒါတွေက ကျနော့်၏ အတွေ့ အကြုံများသာဖြစ်ပါတယ်။ လူတိုင်းအတွေ့ အကြုံခြင်းမတူနိုင်ပါဘူး။

(ရှမ်းကလေး) ဘလောက်မှကူးယူဖေါ်ပြပါသည်..........
**saitun sein**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)