(၀ါရှင်တန်၊ ဒီဇင်ဘာလ ၂၂ ရက်)
ရုရှားနိုင်ငံနှင့် သဘောတူညီမှုရထားသည့် လက်နက်ထိန်းချုပ်ရေးစာချုပ်သစ် (စတာ့စ်)ကို အတည်ပြုရန်အတွက် လိုအပ်သော အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ်များ၏ ထောက်ခံမဲများကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ လက်နက်ထိန်းချုပ်ရေး စာချုပ်သစ်အရ ရုရှားနှင့် အမေရိကန်နိုင်ငံတို့သည် ၄င်းတို့အသီးသီးပိုင်ဆိုင်ထားသော ညူကလီးယားလက်နက်များကို အနည်းဆုံးအရေအတွက်အထိ လျော့ချမည်ဖြစ်ပြီး ယင်းလက်နက်များနှင့် ပတ်သက်၍ အပြန်အလှန် စစ်ဆေးမှုများကို နှစ်နိုင်ငံအကြားပြန်လည်စတင်နိုင်တော့မည်ဖြစ်သည်။ (အေပီ)
** လွန်ခဲ့သော နှစ်သန်း ၂၀၀ ကျော်မှ ဂေဟဗေဒစနစ်တစ်ရပ် ပညာရှင်များတွေ့ရှိ **
(လိုပင်၊ ဒီဇင်ဘာလ ၂၂ ရက်)
မြေကမ္ဘာသမိုင်းတွင် အဆိုးရွားဆုံးဖြစ်သော သတ္တ၀ါများ မျိုးသုဉ်းပျောက်ကွယ်မှုကြီး ဖြစ်ပွားခဲ့ရပြီးနောက်ပိုင်းပေါ်ထွန်းခဲ့သည့် ရှေးခေတ်အဏ္ဏ၀ါဂေဟဗေဒစနစ်တစ်ရပ်၏ အကြွင်းအကျန်များကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း၌ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** သူလျှိုပြဿနာအရင်းခံ၍ ဗြိတိန်နှင့် ရုရှား သံတမန်များ အပြန်အလှန်နှင်ထုတ် **
(လန်ဒန်၊ ဒီဇင်ဘာလ ၂၂ ရက်)
သူလျှိုလုပ်ငန်းအရှုပ်အထွေးကို အရင်းခံ၍ ဗြိတိန်နိုင်ငံက ရုရှားသံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံကလည်း ပြန်လည်လက်တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်သံတမန်တစ်ဦးကို နှင်ထုတ်ခဲ့ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ဘာလင်တံတိုင်းဖြိုချပြီးနောက် ရော်နယ်လ်ရေဂင် အထိမ်းအမှတ်ကျင်းပရေး ဘာလင်မြို့တော်၌ အငြင်းပွားနေ **
(ဘာလင်၊ ဒီဇင်ဘာလ ၂၂ ရက်)
ဂျာမနီနိုင်ငံ၌ ဘာလင်မြို့တော်ကို နှစ်ပိုင်းခြားထားသော ဘာလင်တံတိုင်းအား ဖြိုချရန် ဆိုဗီယက်ပြည်ထောင်စုကို တိုက်တွန်းနိုင်ခဲ့သည့် မိန့်ခွင်းတစ်ရပ်အား ၁၉၈၇ ခုနှစ်တွင် ပြောကြားခဲ့သည့် သမ္မတဟောင်း ရော်နယ်ရေဂင်ကို ဂုဏ်ပြုသင့်၊ မသင့် ဘာလင်မြို့တော်၌ အငြင်းပွားလျက်ရှိကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာကျော် **
** ညူလက်နက်ထိန်းချုပ်ရေးစာချုပ်သစ် အတည်ပြုရေး အောက်လွှတ်တော်ထောက်ခံမှု အမေရိကန်အစိုးရရရှိ **

No comments:
Post a Comment