ပြဿနာနယ်မြေတစ်ခုရှိ ဟော်တယ်တစ်ခု၏ဘားခန်းတွင် လူနှစ်စု တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်နေခဲ့သည်။
ရုတ်တရက် ကုပ်ကုပ်ချောင်းချောင်း လူတစ်ယောက် ဆိုင်ထဲဝင်လာပြီး အခန်းကိုဖြတ်၍ ဘားကောင်တာသို့ လျှောက်သွားသည်။ ပစ်ခတ်မှုများ ရပ်တန့်သွားသည်။
ကောင်တာနောက်တွင် ပုန်းခိုနေခဲ့သော အရက်ရောင်းစာရေးက ထွက်လာပြီး ပြောလိုက်သည်။
တကယ်ပဲဗျာ… အဲဒီလို ဘယ်ရော ညာရော ပစ်ခတ်နေတဲ့ကြားထဲ ဖြတ်လျှောက်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မရဘူး။
ဘာသတ္တိမှ မလိုဘူးဗျာ သိလား၊ ဒီလူတွေအားလုံးကို ကျနော် အကြွေးပေးစရာရှိတယ်။
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဝဘဟာသများမှ)
**(ကြုံသမျှ ဘုံဝဘဟာသများ)**

No comments:
Post a Comment