.............................................................
(ဒီဇင်ဘာ ၂၂၊၂၀၁၀)
ယာယီပတ်စပို့ လုပ်နေစဉ်အတွင်း စာရွက်စာတမ်းအတုပြုလုပ်မှုကြောင့် ဖမ်းဆီးပြန်ပို့ ခံလိုက်ရသော မြန်မာအလုပ်သမား၇၈ဦးတိုထိုင်းမြန်မာနယ်စပ်တွင်တရားဝင်စာရွက်စာတမ်းများမရှိတော့သဖြင့်
အထူးဒုက္ခရောက်နေကြကြောင်းသိရှိရသည်။
ဘန်ကောက်နှင့်မဲဆောက်တို့ တို့ မှ ယာယီပတ်စပို့ လုပ်ရန်ဆင်းသွားကြသည့်အလုပ်သမားများအနက်၊ မြန်မာအလုပ်သမား၇၈ဦးတို့ အားလုပ်နေစဉ်အတွင်းစာရွက်စာတမ်းများအတုဖြစ်ကြောင်းထိုင်း အာဏာပိုင် များကသတ်မှတ်သဖြင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးဒီဇင်ဘာ၂၀ ရက်နေ့ ကကော့သောင်းသို့ ပြန်လည်ပို့ ဆောင်ခဲ့သည်။ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့ က ဘ န်ကောက်နှင့်မဲဆောက်တို့ မှ ယာယီပတ်စပို့ လုပ်ကိုင်ရန် ရနောင်းမြို့ သို့ ဆင်းသွားကြသည့် မြန်မာအလုပ်သမားများ၊ယာယီပတ်စပို့ လုပ်ကိုင်နေစဉ်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့်ထိုင်းထိုင်းစစ်တပ်တို့ မှ ထုတ်ပေးသည့်(မဟာထိုင်း)စာရွက်များမှာအတုဖြစ်သဖြင့် အလုပ်သမား
များကိုဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ရနောင်းယာယီပတ်စပို့ လုပ်ငန်းခွင်မှ အမည်မဖေါ်လိုသည့် မြန်မာ
ဝန်ထမ်းတစ်ဦးကပြောသည်။
“ဟုတ်ပါတယ်။ကျနော်တို့ မြန်မာဘက်အခြမ်းကလုပ်ပြီးပါပြီ၊ထိုင်းဘက်အခြမ်းကိုသွားတဲ့အခါ မဟာထိုင်း
စာရွက်တွေအတုဆိုပြီး ထိုင်းရဲ တွေလာဖမ်းသွားပါတယ်။ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၃နာရီကျော်မှာ
ကော့သောင်းဘက်ကို ပြန်ပို့ လိုက်တယ်လို့ သိရပါတယ်၊အယင်ထိုင်းလ၀က ကဘန်ကောက်ကိုပြန်ပို့ ပေး
မယ်လို့ ပြောထားပါတယ်။နေ့ လည်က ကျနော် နယ်စပ်ကိုပြန်ပို့ မယ်လို့ သတင်းရလို့ ကျနော်တို့ ဖုန်းဆက်
မေးတော့ လ၀က အရာရှိကြီးကိုယ်တိုင်က မယုံရင်လာကြည့်လို့ ပြောပါတယ်။ကျနော်တို့လည်းယုံပြီးတော့
သွားမကြည့်လိုက်ဘူး၊ညနေပိုင်းမှ တကယ်အပို့ ခံလိုက်ရပြီဆိုတာ သိလိုက်ရပါတော့တယ်” ဟုပြောသည်။
ဖမ်းဆီးပြန်ပို့ ခံလိုက်ရသည့် အလုပ်သမားအများစုမှာ ဘန်ကောက်မြို့ ဖက်ကဆင် ၁၀၃လမ်းမှအထည်
ချုပ်စက်ရုံအလုပ်သမားများဖြစ်ကြပြီး ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ၊စမေဒန် ၅လမ်းမှအလုပ်သမား
၁၁ လည်းပါဝင်သည်။
အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားခေါင်းဆောင်(၀ဏ္ဏ) ကိုယောင်က “ကျနော်အပါဝင် ကျနော်တို့ စက်ရုံက
၂၆ယောက် သွားလုပ်ကြတာ ကုမ္ပဏီတော့မတူဘူး။အဲဒီ Ocean Sun co,ltd ကုမ္ပဏီကပဲ မဲဆောက်က
လူ၄၀ ကျော်ပါ ပါတယ်။အဲဒီမှာ ပတ်စပို့ စာအုပ်တွေကုန်သွားတယ်၊ဆိုတော့မြန်မာဝန်ထမ်းတွေက မဲနှိပ်မယ်လို့ 
ပြောပါတယ်။ အလုပ်သမားယောက်ျားတွေက မဲမနှိပ်ဘူးပေါ့။မိန်းကလေးတွေကိုပဲလုပ်ပေးဖို့ ပြောတယ်။ဆို
တော့မိန်းကလေး ၁၈ ယောက်ကိုအယင်ဆုံးလုပ်ပေးလိုက်တယ်။မဲဆောက်က အယောက် ၂၀ ကိုလုပ်ပေး
လိုက်တာအဆင်ပြေသွားတယ်။၃၈ ယောက်ပြီးပြီနှော်။နောက်နေ့ ကျတော့ ဘန်ကောက်အဖွဲ့ ရော၊မဲဆောက်
ကအဖွဲ့ ပါပေါင်းပြီးတော့လုပ်တယ်၊မနေ့ ကတည်းကနားလည်မှုနဲ့ လုပ်လိုက်တာ။ဘန်ကောက်ကလူဝင်မှုကြီး
ကြပ်ရေးကသိသွားတယ်ပြောတယ်”
ယမန်နေ့ ကလုပ်ပေးလိုက်သည့်အထဲတွင်အစားထိုးဘတ်များပါဝင်နေသော် လည်းနားလည်မှုနှင့်လုပ်ပေးလိုက် ကြောင်းသိရှိရသည်။အလုပ်သမားများတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်အစစ်အမှန်များဖြစ်သည်။
ကိုယောင်ကဆက်ပြောရာတွင်“ကုမ္ပဏီပွဲစားကိုနိုင်က ဒီလူတွေလုပ်မရတော့ဘူး၊ပြန်တော့လို့ ပြောတယ်။
အလုပ်သမားတွေက ငါတို့ ပိုက်ဆံပေးထားတာ၊ဘတ်အစစ်တွေလုပ်ထားတာ၊ဘယ်ကိုပြန်ရမလဲ ဆိုပြီးစကား
များကြတယ်။၂ယောက် ၃ယောက်လောက်ရှောင်နေလိုက်တယ်။၁၆ ရက်နေ့ ညနေ၃နာရီလောက်မှာဝင်ဖမ်တယ်။
ဒီအချိန်မှာ ပွဲစားကပြောမနေတော့ပဲထွက်ပြေးသွားတော့တယ်။ ပုလိပ်တွေရောက်လာပြီး အကုန်ဖမ်းသွားတော့
တာပဲဗျာ” ဟုပြောသည်။အဆိုပါဖမ်းဆီးမှုသတင်းကို
ပြီးခဲ့သည့်ဒီဇင်ဘာ၁၆ ရက်နေ့ ကထိုင်းTV ၅လိုင်းမှထုတ်လွှင့်ပြသသွားပြီးဖြစ်သည်။
Ocean Sun ကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာ ဦးသန့် ဇင်က “ ဒီပွဲစား ကိုမောင်မောင် ကိုတော့ကျနော်တို့ 
သိတယ်။ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီ နာမည်နဲ့ လျှောက်သွားတဲ့လူတွေမဟုတ်ဘူး။ ဒီအသုတ်ပြီးရင် ကျနော်
တို့ုကုမ္ပဏီအတွက် လုပ်ပေးပါလို့ ပြောပြီးတော့ ကုမ္ပဏီဆိုင်ဘုတ်ကိုပေးလိုက်တာဖြစ်တယ်။ ခုဖြစ်သွားတဲ့ကိစ္စ
ကျနော်တို့ နဲ့ လုံးဝမဆိုင်ဘူး”ဟုပြောဆိုပြီး ယခု ဖမ်းဆီခံလိုက်ရသည့် စာရွက်စာတမ်းများ၊ထိုင်းအမျိုးသမီး အမည်ဖြင့်ထုတ်ယူသွားသောမဟာထိုင်းစာရွက်စာတမ်းများအားပြသလျှက်ငြင်းချက်ထုတ်ဖြေရှင်းသွားသည်။
ဖမ်းဆီစဉ်ထွက်ပြေးသဖြင့် လွတ်မြောက်နေသူ ကိုဆန်းဝင်းအောင်က
“ကျနော်တို့ တန်းစီနေတုန်းပုလိပ်တွေရောက်လာတာ၊ကျနော်လည်းထွက်ပြေးလို့ လွတ်သွားတာပေါ့၊ကျနော့်
မိန်းမတော့ပါသွားတယ်။ကျနော်တို့ ကို မောင်မောင်ဆိုတဲ့ပွဲစားက လုပ်ပေးတာပါ။ ကျနော်တို့ ကတရားဝင်နေ
ထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့လူတွေဖြစ်ပါတယ်။ မဟာထိုင်း စာရွက်စာတမ်းဆိုတာ ကျနော်တို့ နဲ့ မဆိုင်ဘူး
ပွဲစားကုမ္ပဏီတာဝန်ဖြစ်ပါတယ်။ ကျနော်တို့ တစ်ယောက်ကို ဘတ်၅၀၀၀စီနဲ့ လုပ်တာပါ၊ကျနော်တို့ ကိုနယ်စပ်
ကိုတော့မပို့ သင့်ပါဘူး။ပတ်စပို့ လုပ်လို့ မရရင်တောင်ကုမ္ပဏီအနေနဲ့ ဘန်ကောက်ကိုပြန်ခေါ်သင့်ပါတယ်”ဟု
ပြောသည်။
ဘန်ဘော်၊ဘန်ခေ နယ်များတွင် ကိုမောင်မောင်၊ကိုကိုနိုင်နှင့်ကိုကိုလေးဆိုတဲ့ တို့ ပွဲစားညီအကို ၃ယောက်တို့ ကထိုင်းအမျိုးသမီးနန်စောင်အမည်ဖြင့်လိမ်လည်လုပ်ကိုင်သွားခဲ့ခြင်းဖြစ်သည်။အဆိုပါစာရွက်စာတမ်းအ
တုများကိုထိုပွဲစားများပြုလုပ်နိုင်စွမ်းမရှိပဲ၊ မြန်မာနိုင်ငံမှ ဗိုလ်မှူးဟောင်းသိန်းသန်း၊တို့နှင့်ဆက်စပ်မှုရှိကြောင်းလည်း
အမည်မဖေါ်လိုသော ပတ်စပို့ ကုမ္ပဏီ မှ တာဝန်ခံမန်နေဂျာတစ်ဦးကပြောသည်။
ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံကော့သောင်းဘက်အခြမ်းသို့ မြန်မာ
များအားပို့ ဆောင်ခဲ့ပြီးနောက် အလုပ်သမားများမှာ တကွဲတပြားစီဖြင့် အထူးခက်ခဲနေကြောင်း သိရှိရသည်။
ထိုအလုပ်သမားများတွင် ထိုင်းအစိုးရထုတ်ပေးထားသည့် ၁၉၀၀ စာရွက်၊ထော်ရော ၃၈/၁ စာရွက်စာတမ်း
များကို ပွဲစားများလက်ကိုအပ်နှံလိုက်ရသဖြင့် မူလအလုပ်လုပ်ကိုင်ခဲ့သည့် ဘန်ကောက်မြို့ သို့ တက်လာနိုင်
ရန်အထူးခက်ခဲသွားပြီးဖြစ်သည်။ အချို့ အဆက်အသွယ်ရှိသူများကမူ ပွဲစားများအားဘတ်ငွေ ၅၅၀၀စီပေး
လျှက် ပြန်လည်တက်လာပြီးဖြစ်ကြောင်းလည်းသိရှိရသည်။
သတင်း .. ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment