.............................................................
ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး ငါ့ကိုနားလည်ပေးပါ ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ ။
ချည်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီင်္င်္ပေါ်ဖိတ်စင်သွားတဲ့အခါ အကျီင်္လုံချည် ဖိုသီဖတ်သီဖြစ်တဲ့အခါ ငါကိုမရွှံပါနဲ့ ။ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို သတိရပေးပါ။
အက်ကြောင်းထက်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ ငယ်ငယ်တုန်းက အိပ်ရာဝင်းတိုင်း တစ်ထောင်တစ်ညပုံပြင်တွေ ငါးရာငါးဆယ်နိပါတ်တော်တွေ ဇတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
မလှုပ်ခြားနိုင်လို့ ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါကိုမငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းက ချော့တစ်ခါခြောက်တစ်လှည့် ရေးချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
ခေတ်သစ်နည်းပညာတွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့ ငယ်ငယ်တုန်းက ဘာကြောင့် ? ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ လမ်းလျှောက်သင်အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ အားပေးပါ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ ချစ်ခြင်းမေတ္တာတွေနဲ့ အေးမြမူတွေကို ငါပြုံးပြုံလေးလက်ခံမှာပါ အဲဒီအပြုံတွေထဲမှာ မဆုံးတဲ့ငါ့မေတ္တာတွေကို
တွေ့ရမှာပါ ။
(ရေးသူကိုတော့မသိပါ ကောင်းလို့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်)
သယ်ရင်းတို့ရေ ..ဒီစာသားလေးတွေကို ဖတ်ပြီး ကိုယ့်ရဲ့ မိဘ ဘိုးဘွားတွေအပေါ်မှာ စေတနာအပြည့်အ၀နဲ့ ဝေယျာဝေစ္စတွေလုပ်ပေးနိုင်ပါစေလို့ ............
**သီဟသူ**

No comments:
Post a Comment