ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 20, 2010

ကမ္ဘာ့ရွေ့ ပြောင်း အလုပ်သမား များနေ့ ထိုင်းနိုင်ငံအနှံ့ကျင်းပ

>
................................................................................
(ဒီဇင်ဘာ ၂၀၊၂၀၁၀)
ကမ္ဘာ့ရွေ့ပြောင်းအလုပ်သမား များနေ့ International Migrant Day အထိမ်းအမှတ်ပွဲများကိုထိုင်းနိုင်ငံဘန်
ကောက်မြို့၊ချင်းမိုင်၊မဲဆောက်နှင့်ဖန်ငမြို့တို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။
ဒီဇင်လာလ ၁၈ ရက်နေ့ တွင်ကျရောက်သော ကမ္ဘာ့ရွေ့ပြောင်းအလုပ်သမား နေ့ကို မဲဆောက်၊ချင်းမိုင်နှင့်
ဖန်ငတို့ တွင်ကျင်းပခဲ့သကဲ့သို ၁၉ရက်တနင်္ဂနွေနေ့ တွင်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ၂နေရာကျင်းပခဲ့
ကြသည်။
ဘန်ကောက်မြို့ MBK မာဘုန်ခရောင်းကုန်တိုက် ရှေ့မှ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဆောင်
သို ရာချီရှိသောအလွှာစုံမှလူများက ပိုစတာ များကိုင်ဆောင်ပြီးလမ်းလျှောက်ချီတက်ကြသည်။ အခမ်းအနား
တွင်မြန်မာအလုပ်သမအချို့ တို့ က မိမိတို့ အခက်အခဲများကိုတင်ပြကြသည်။အလားတူ မဟာချိုင်မှတက်
ရောက်လာသော အလုပ်သမားတစ်ဦး ယာယီပတ်စပို့ ရှိလျှက်နှင့်ထိုင်းရဲအား ဘတ်ငွေ ၁၃၀၀ ပေးဆောင်
ခဲ့ရကြောင်းတင်ပြသည်။
အခြားမြန်မာအလုပ်သမားတစ်ဦးကမူ ကမ္ဘောဒီယားနှင့်လာအိုနိုင်ငံတို့ အားထိုင်းနိုင်အတွင်ယာယီပတ်စပို့ 
လုပ်ပေးသော်လည်း မြန်မာနိုင်ငံအစိုးရကိုလည်းခွင့်ပြုသင့်ကြောင့် သူ့ အမြင်ကိုတင်ပြသွားသည်။ထိုင်းနိုင်ငံ
တောင်ပိုင်းမှ တက်ရောက်လာသော တိုင်းရင်းသားများအဖွဲ့ မှ မညိုက “နှစ်နိုင်ငံအစိုးရလုပ်တဲ့ယာယီပတ်
စပို့ ဟာ တကယ်ကောင်းတဲ့ရည်ရွယ်ချက်ပါ။ဒါပေမယ့် ထိုင်းလုပ်ငန်းရှင်းက လျစ်လှူရှုတာကြောင့် မြန်မာ
အလုပ်သမားတွေအတွက်အထူးအခက်အခဲဖြစ်နေကြရပါတယ်၊အသက်သာဆုံးဖြစ်အောင် ဂရုစိုက်ပေးစေချင်
ပါတယ်၊ကျမတို့ ဒီလောက်အကုန်အကျများနေတာ မသိချင်ယောင်ဆောင်မနေသင့်ဘူးရှင့်” ဟုပြောသည်။

အခန်းအနားကိုစီစဉ်ကျင်းပသူတစ်ဦးဖြစ်သော(မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးထိုင်းလှုပ်ရှားမှုကော်မတီ)
TACDB အဖွဲ့ မှ ဒါရိုက်တာ ဦးမြင့်ဝေက“ရွေ့ ပြောင်းအလုပ်သမားတွေကို ထိုင်းအလုပ်သားတွေနဲ့ တန်းတူ
အခွင့်အရေးပေးဖို့ ထိုင်းအစိုးရကိုတောင်းဆိုတယ်။မြန်မာအစိုးရကိုပြောချင်တာကတော့ ဒီမှာလုပ်နေတဲ့မြန်မာအလုပ်သမားတစ်ဦးချင်အတွက်သူတို့ မှာတာဝန်ရှိပါတယ်။ ထိုင်းကိုမြန်မာအလုပ်သမားတွေများများစားစားထွက်မလာအောင် နိုင်ငံအုပ်ချုပ်တဲ့စံနစ်ကို အမြန်ဆုံးပြောင်း
လဲပါလို့ ပြောချင်တယ်” ဟုပြောသည်။
အခမ်းအနားသို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ထိုင်းကျမ္မာရေးဌာနနှင့်ထိုင်းအလုပ်သမား
သမဂ္ဂတို့ အပြင် ချူလာလောင်ကွန်းတက္ကသိုလ်မှ ပါမေက္ခတစ်ဦးတို့ ဆွေးနွေးတင်ပြသွားကြသည်။မဲဆောက်အခြေစိုက်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့
ခေါင်းဆောင် ဦးမိုးဆွေက“ ကျနော်တို့ ကိုကူညီနေကြတဲ့မိတ်ဆွေထိုင်းအဖွဲ့ အစည်းတွေကတဆင့် ကျနော်
တို့ အလုပ်သမားအဖွဲ့ တွေလွတ်လွတ်လပ်လပ်ဖွဲ့ ခွင့်ရရှိဖို့ အတွက်တောင်းဆိုသွားမှာဖြစ်တယ်” ဟုပြော
ဆိုသွားသည်။
အဆိုပါ အခမ်းအနားမျိုးအား ဘန်ကောက်မြို့ ဖလန်ဆောင်နယ်မြေ ဘန်ဘော်ရပ်ကွက် ငါးသေတ္တာစက်ရုံ
အနီးအတွင် ဘန်ကောက် ၉ အင်တာနယ်ရှင်နယ်ဆေးရုံမှ မြန်မာရွေ့ ပြောင်းအလုပ်သမားများအား အခမဲ့ 
ကျမ္မာရေး ၀န်ဆောင်မှုများပေးပြီး USAID ဆေးခန်းမှ ၀န်ထမ်းများကအလုပ်သမားများအား ယာယီပတ်စ
ပို့ လုပ်ငန်းစဉ်များအားရှင်းလင်းပြခဲ့ကြသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် မဲဆောက်မြို့တွင်အလုပ်သမားအဖွဲ့ များနှင့်အင်ဂျီအိုအဖွဲ့ များစုပေါင်းကျင်း
ပခဲ့ကြသည်။အလားတူ ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငဒေသအခြေစိုက် FED အဖွဲ့ တွင်လည်း သံဃာတော် များ ဆွမ်းကျွေးခြင်း၊အပြင်အလုပ်သမားများအခွင့်အရေးဆိုင်ရာများအား ဆွေးနွေးကြရုံမက အလုပ်သမားများ
ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်းကျင်းပသွားခဲ့ကြသည်။
ယခု ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော်အနက် ၇ ရာခိုင်နုန်းနီးပါးဖြစ်သော လူသန်းပေါင်း၄၅၀ တို့ 
သည့်နိုင်ငံအသီးသီးတွင်ေ၇ွ့ ပြောင်းနေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။ထိုသူတို့ သည်မိခင်နေရပ်ရင်း
နိုင်ငံများသို့ သန်းပေါင်းများစွာသောငွေများကိုပြန်လည်ပို့ ဆောင်ပေးခြင်းဖြင့် မိမိနိုင်ငံများကိုအကျိုးပြုနေကြ
သူများဖြစ်သည်။
ဖွံ့ ဖြိုးဆဲနိုင်ငံများနှင့်ဖွံ့ ဖြိုးပြီးတိုင်းတွင်နိုင်ငံခြားအလုပ်သမားကိုအသုံးပြုလျှက်ရှိသည်။သို့ ရာတွင်ထိုရွေ့ ပြောင်းအလုပ်သမားများ၏အခန်းကဏ္ဍ မျာကို ရောက်ရှိသည့်နိုင်ငံများက လူမျိုးခွဲခြားဆက်ဆံခြင်း၊ဖိနှိပ်ခံရခြင်းခေါင်းပုံဖြတ်ခံရခြင်းများကြုံတွေ့ ရလေ့ရှိသည်။ ရွေ့ ပြောင်းအလုပ်သမားများအားတန်ဘိုးထားအသိမှတ်ပြုသောနိုင်ငံများမှ အလုပ်သမားများမှ လုံခြုံမှုရှိသော်လည်း
မြန်မာနိုင်ငံအစိုးရကဲ့ သို့ မသိချင်ယောင်ဆောင်တတ်သော
အစိုးရမျိုးအုပ်ချုပ်သည့် မြန်မာအလုပ်သမားများမှာမူ အကာအကွယ်အထူးမဲ့ကြပါသည်။

သတင်း .. ဦးကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)