သွားကိုက်သည့် ဝေဒနာကို အလူးအလဲ ခံစားနေရသည့် လူတစ်ယောက်သည် ရှိသမျှသတ္တိတွေ အကုန်စုစည်းပြီး
သွားဆရာဝန်ထံ သွားပြသည်။ ဆေးခန်းထဲက ထိုင်ခုံမှာ ထိုင်လျှင် ထိုင်းချင်း သူ့သတ္တိတွေ ဘယ်ရောက်သွားသည်မသိ။ ကြောက်စိတ်တွေ ၀င်လာသည်။
ထိုအခါ ဆရာဝန်က ...
“၀ီစကီတစ်ခွက် သောက်လိုက်ပါလား။ ဒါမှခင်ဗျား စိတ်ငြိမ်သွားမှာ ”
ထိုလူက ဆရာဝန်ပေးသော ၀ီစကီတစ်ခွက်ကို ပြောင်စက်အောင် သောက်ပစ်လိုက်သည်။
“အခု ဘယ်လိုနေလဲ” ဟု ဆရာဝန်ကမေးသည်။
“ကျွန်တော် ကြောက်နေတုန်းပဲ ဆရာ”
ထိုအခါ ဆရာဝန်က သူ့ကိုနောက်တစ်ခွက်ထက်ပေးသည်။ ဒီလိုနှင့် တစ်ခွက်ပြီးတစ်ခွက် သောက်လိုက်ရာ ငါးခွက်မြောက်သွားလေသည်။
ထိုအခါ လူနာက လက်သီးလက်မောင်းတန်းကာ...
“ကျုပ်ပြောမယ် ... ဒီအချိန်ကစပြီး ကျုပ် သွားကို ထိရဲရင်ထိကြည့်။ မီးပွင့်သွားမယ်”
**Binary Ster**
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment