(တီဟီရန်၊ ဒီဇင်ဘာလ ၉ ရက်)
အီရန်နိုင်ငံက အကြာမီကာလအတွင်း ပထမဆုံး အဏ္ဏ၀ါသုတေသန သင်္ဘောတစ်စင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အီရန်ကာကွယ်ရေး ၀န်ကြီးဌာနက ဒီဇင်ဘာလ ၁၉ ရက်နေ့၌ သတင်းထုတ်ပြန်သည်။ နှစ်နှစ်ကြာ သုတေသနပြု လေ့လာပြီးနောက် အဏ္ဏ၀ါသုတေသန သင်္ဘောကိုတည်ဆောက်မည့် စီမံကိန်းကို ဖော်ဆောင်ခြင်းဖြစ်သည်။ ၄င်းသင်္ဘောကို အီရန် ကာကွယ်ရေးဝန်ကြီးဌာန၏ ရေကြောင်းလုပ်ငန်းမှ တည်ဆောက်မည်ဟု အီရန်ရေကြောင်းလုပ်ငန်း ညွှန်ကြားရေးမှူး အစ်ဘာတီက ပြောကြားသည်။ (အင်တာနက်)
** ဖိလစ်ပိုင်မြောက်ပိုင်း၌ ဟိုတယ်မီးလောင် ၁၅ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရရှိ **
(မနီလာ၊ ဒီဇင်ဘာလ ၁၉ ရက်)
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း တူဒီဂွီရာအိုမြို့တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က ဟိုတယ်မီးလောင်မှုဖြစ်ပွားရာ ၁၅ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ မီးလောင်မှုမှာ တူဒီဂွီရာအိုမြိှု့ရှိ ဘရိတ်ဖက်ဟိုတယ်၌ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားစဉ် ပိတ်နေသူ ၁၅ ဦးမှာ သေဆုံးခဲ့ရသည်။ (အင်တာနက်)
** လန်ဒန်မြို့ရှိ အီရန်သံရုံး ကောင်စစ်ဌာနလိပ်မူသည့် ပါဆယ်ဗုံးပေါက်ကွဲ **
(လန်ဒန်၊ ဒီဇင်ဘာလ ၁၉ ရက်)
လန်ဒန်မြို့ အီရန်သံရုံးကောင်စစ်ဌာနသို့ပေးပို့သည့် ပါဆယ်ဗုံးမှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က အဆောက်အအုံအပြင်ဘက်တွင် ပေါက်ကွဲသွားကြောင်း အင်တာနက်သတင်းတွင် ပါရှိသည်။ ပါဆယ်ဗုံးပါကြောင်း သတင်းရရှိသဖြင့် ကောင်စစ်ဌာန ၀န်ထမ်းတစ်ဦး ပါဆယ်ဗုံးကိုယူပြီး အဆောက်အအုံအပြင်ဘက်သို့ ရုတ်တရက်လွှင့်ပစ်လိုက်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။ (အင်တာနက်)
** ဘင်္ဂလားဒေ့ရှ်၌ ကူတို့ယာဉ်နစ်မြုပ်၊ ၃၇ ဦးသေဆုံး **
(ဒါကာ၊ ဒီဇင်ဘာလ ၁၉ ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အရှေ့မြောက်ဘက် ၂၉၆ ကီလိုမီတာအကွာ ကမ်းလွန်၌ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကူတို့ရေယာဉ်တစ်စင်း နစ်မြုပ်ခဲ့ရာ သေဆုံးသူ ၃၇ ဦးရှိပြီး အချို့ခရီးသည်များ ပျောက်ဆုံးလျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **
** အဏ္ဏ၀ါသုတေသနသင်္ဘော အီရန် တည်ဆောက်မည် **

No comments:
Post a Comment