......................................................................
....ပူလောင်သောနွေ....
......လေအဝေ့ မှာ....
...........ရွက်ဝါတွေကြွေ....
......မတွေ့တာကြာလည်း.....
........မေ့ မရသေးပါ...
............ချစ်သဲညှာ...
........လောကကြီးတစ်ခုလုံး အမှောင်ထုကြီးစိုးပြီုး တိတ်ဆိတ်နေသည်။..တစ်ချက်တစ်ချက် ကြက်တွန်သံကြားရပြီး ပြန်တိတ်သွားလိုက် ပြန်ကြားလိုက်နဲ့ ပြန်ပြီးငြိမ်သက်နေသည်။
...."ည"တချက်တီးအချိန် ..ဟိုး..အဝေးမှာ ခွေးအူသံတွေ ထိတ်လန့်စရာ....."ဖာတူမာ"တယောက်..
..တစ်ညလုံး အိပ်မပျော် တဖြည်းဖြည်းနဲ့ နှစ်ချက်တီးတော့မည်။.....
......သူတို့မိသားစုထိတ်လန့်နေသည်.....အီရတ် နိုင်ငံရေးလုပ်ရှားမှုအဖွဲ့တွင် သူမ အမျိုးသား အဖွဲ့ဝင်ခေါင်းဆောင်တစ်ယောက် အခုတလော ...နေ့မြင် ညပျောက် ပျောက်သွားတဲ့ သူတွေလဲ မနည်းတော့။.....
.............."ဖာတူမာ" မှေးခနဲ တချက် အိပ်ပျော်သွားသည်..သူမ နားထဲမှာ ကားသံလိုလို ကြားရသည်..ထိတ်ခနဲ လန့်နိုးလာသည်..သူမ ဖြေးဖြေးချင်း ပြတင်းပေါက် ခန်းဆီးမှ မှန်လေးဟပြီး အိမ်အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။...
....အိမ်ရှေ့တံခါးဝတွင် ကားတစ်စီး ထိုးရပ်လိုက်ပြီး အိမ်ရှေ့တည့်တည့်တွင် လင်းထိန်နေအောင် ဆလိုက်မီး ထိုးထားတာတွေ့လိုက်ရသည်။...
အိမ်ပတ်ပတ်လည်တွင်လည်း အီရတ် စစ်သားတွေ အပြည့် ဝိုင်းထားတာ တွေ့လိုက်ရသည်။...သူတို့မိသားစု ဘယ်လိုမှ ပြေးလို့မလွတ်တော့ပြီ...
……..ဟေး..."အိမ်ရှင်"တခါးဖွင့်စမ်း ခင်ဗျားတို့အိမ် ငါတို့ဝိုင်းထားလိုက်ပြီ ...သေနတ်သံတချက်နဲ့အတူ အိမ်တံခါးကို စစ်သား သုံးယောက် ခြေထောက် ဖြင့် ပြိုင်တူ ပြေးကန်လိုက်သည်..
....တခါး ပွင့်သွားသည်။.....အိမ်ထဲတွင်လည်း စစ်သားတွေအပြည့် ။...ခဏအတွင်း တစ်အိမ်လုံး မီးရောင်လင်းထိန်လို့....သူတို့ မိသားစုပြေးမလွတ်တော့ပြီ.....
.....တပ်မှူးတစ်ယောက် "ဖာတူမာ" အား မေးလိုက်သည်...ခင်ဗျားယောက်ျား ဘယ်မှာလဲ?..
...မရှိဘူးဗိုလ်ကြီး မနေ့က ဓါတ်ဆီဆိုင်သွားတာ ပြန်မလာဘူး........ခင်ဗျားမလိမ်နဲ့နော် ဆိုင်ကိုကျနော် ရောက်ခဲ့ပြီးပြီ..ဆီဆိုင်ရဲ့အနောက်ဘက်ခြမ်း စတိုးဆိုင်ထဲ မကျန်ရှာပြီးပြီ မတွေ့ဘူး......
.."ဖာတူမာ"အား ဘယ်ပြန်ညာပြန် ပါးသုံးချက် အရိုက်ခံရလို့ ပါးစပ်မှသွေးတွေထွက်လာသည်။...
..စစ်သားတွေအခန်းထဲအနှံ့ ဝင်ပြီးရှာလည်းမတွေ့.....ဟေ့.."ဖာတူမာ"..ဒီဂိုဒေါင် သော့ဖွင့်စမ်း .သူမ တခါးသော့ ဖွင့်ပေးလိုက်သည်။.တပ်မှူးက ဝင်ရှာဖို့ အမိန့်ပေးလိုက်ပြီး တပ်သားတွေ ဂိုဒေါင်တစ်ခုလုံး ရှာလည်းမတွေ့ မတွေ့ဘူးဗိုလ်ကြီး....တပ်မှူးနှင့် စစ်သား သုံးယောက်..ဝင်ပြီးပြန်လိုက်ရှာသည် မတွေ့...
….ဒေါင့် တစ်နေရာတွင် မသင်္ကာလို့သွားကြည့်လည်းမတွေ့..ပြန်အလှည့်တွင် တပ်မှူးရဲ့ခြေထောက် ခင်းထားသော ကော်ဇော အဟောင်းပေါ်သို့တက်နှင်းမိလိုက်တော့...."ကောင်း..က..လောင်း"..အသံ တစ်ချက်မြည်သွားသည်...
ရဲဘော် ဒီကော်ဇော လှန်လိုက်စမ်း...
..စစ်သား တစ်ယောက် ကော်ဇောလှန်လိုက်သည့်အခိုက်တွင် သံပြားအထူ အဖုံးတစ်ခုကို တွေ့လိုက်ရသည်။..တပ်မှူးက အဖုံးဖွင့်ဖို့ စစ်သားသုံးယောက်အား အမိန့်ပေးလိုက်သည်။..
.."ဖာတူမာ"တယောက်... ဟီးဟီး..ဟီး...ဗိုလ်ကြီးရယ် ကျွန်မယောက်ျားကို မဖမ်းပါနဲ့ ………….
လူမမယ်ကလေးနဲ့.မဖမ်းပါနဲ့ နော်.ဗိုဟ်ကြီးနော်..ဟီး..ဟီး.ဟီး ..စစ်သား တစ်ယောက်ပြေးပြီး "ဖာတူမာ"အား
အနောက်ကနေခြေထောက်ဖြင့် ဆောင့် ကန်လိုက်သည်။……..
...တပ်မှူးရဲ့ရိုက်ချက်နဲ့အတူ .."ဖာတူမာ"တယောက် မေ့မျောသွားတော့သည်။...
....xxxx.....ဝေရီမှုန်ဝါး မိုးမလင်းတလင်းအချိန် "သူမ" သတိရလာသည်...သူ့မရဲ့အမျိုးသာကိုတော့ ဖမ်းသွားပြီး သတ်ပစ်လိုက်ကြပြီ....
အိမ်ပေါ် ပြေးတက်ပြီး တစ်နှစ်သမီးကိုကျောမှာပိုး လေးနှစ်သမီးကိုလက်ဆွဲ ရွှေတိုငွေစလေးယူပြီး ကူဝိတ် နိုင်ငံ နယ်စပ် တစ်နေရာသို့ သားအမိ သုံးယောက်ထွက်လာခဲ့သည်။........
.......သိသမျှ တွေ့သမျှ လူတွေ စုံစမ်းသော်လည်း သတင်းအစအန ဘာတစ်ခုမှမကြားရတော့.....ဒီလိုနဲ့ နှစ်တွေကြာခဲ့ပြီ..... သူမမိသားစု အမေရိကသို့ ပြောင်းရွှေ့လာခဲသည်။...
...xx...xxxx..ကိုစိုင်း နဲ့ ဖာတူမာ နှစ်ယောက် "LTK see ford" စားသောက်ဆိုင်တွင်…….
ညဆိုင်းအလုပ်အတူလုပ်ကြသည်..
........ည 12:00နာရီ စားသောက်သူတွေပြန်ကုန်ကြပြီး စားပွဲထိုးနဲ့ ကြော်ဆရာတွေလဲပြန်ကုန်ကြပြီ..
...ကိုစိုင်းနဲ့ ဖာတူမာ သူတို့နှစ်ယောက်သာ ကျန်တော့တဲ့အတွက် တစ်ဆိုင်လုံး တိတ်ဆိတ်နေသည်။.. မနက်ဖန် ဆိုင်ဖွင့်ဖို့အတွက် အသီးအရွက်နဲ့ ပင်လယ်စာတွေပြင်ဆင်ရသည်။
..."ည" က နက် တထက်နက်လာသည်... ...၃ချက်တီးတော့မည်။....
"ဖာတူမာ"တစ်ယောက် အလာအရှင်မြတ်ဆီ ဆုတွေတောင်းနေသည်။ ..အိုး...အဘဘုရားသခင် အကျွန်မ လို ကွဲကွာနေသောမိသားစု ..ကမ္ဘာ အရပ်ရပ်မှာ ရှိသော အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာကွဲကွာနေသော မိသားစုများ နဲ့ မိမိယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသော မိသားစုများ အားလုံး အမြန်ဆုံး ပြန်လည် ဆုံဆည်းခွင့် ပေးပါ။......အဘဘုရားသခင်..........ညတိုင်း.... "သူမ"ဆုတောင်းနေကျ..
. ..ဆွေးဆွေး..မြေ့မြေ့..ကြေကြေ..ကွဲကွဲ..ညည်းညူသော အလွမ်းသီချင်းနဲ့ အတူရှိုက်ကြီးတငင် .....
"ဖာတူမာ"ရဲ့ ငိုချလိုက်သော အသံ....ကိုစိုင်း ဒေါင့်တစ်နေရာမှ ကြားလိုက်ရသည်။...
ဒီသီချင်း "သူမ"ဖွင့်နေကျ..... ဒီသီချင်းဖွင့်တိုင်း ကိုစိုင်း သိပ်မကြိုက် ...ဒီ..သီချင်းသံကြားရတိုင်း ကြက်သီးမွေးညင်းတွေ ထပြီး.. သူတို့အနား မကောင်းဆိုးဝါးများရောက်လာသလို ခံစားရသည်။..
...xxxxxx.."ကိုစိုင်း" သူမအနား တစ်ဖြည်းဖြည်းချင်း လျှောက်လာသည်....သူမ မျက်ဝန်းမှလည်း မျက်ရည်တွေ ကိုစိုင်း သူမ အနားရောက်သည်နှင့် ကိုစိုင်းရဲ့ရင်ခွင်ထဲပြေးဝင်လာပြီး သူမခန္ဓာကိုယ်တစ်ခုလုံး အပ်ထားလိုက်သည် ကိုစိုင်းရဲ့ရင်ခွင်တစ်ခုလုံး မျက်ရည်တွေ ရွှဲနေပြီလေ....
..ကိုစိုင်းတစ်ယောက် သူမ မျက်ဝန်းမှ မျက်ရည်တွေ ပုဝါဖြင့် ယုယစွာ သုတ်ပေးရင်း ..နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ
ဖက်ထားလိုက်သည်။.... သူမ မျက်ဝန်းမှ မျက်ရည်တွေမကျတော့ပေမဲ့ ရှိုက်သံ တိုးတိုးလေး
ကြားနေရသည်။.....သူမရဲ့ နားထဲမှာလည်း ကိုစိုင်းရဲ့ရင်ခုန်သံ တဒုန်းဒုန်းနဲ့ ကြားနေရသည်။..
.
.... ညီမ...ဒီနေ့ကစပြီးညီမကို..."ဆု"လို့ခေါ်မယ်နော်..သူမ ညင်သာစွာခေါင်းငြိမ့် လိုက်သည်....
"ကိုစိုင်း" တိုးတိုးလေးခေါ်လိုက်သည် ..."ဆု"...အင်း..ပြောလေ.စိုင်း... မငိုနဲ့တော့နော် ဆု.အလွမ်းသီချင်းတွေလည်း မဖွင့်နဲ့တော့နော်.. "ဆု"အနားမှာ စိုင်းရှိနေပြီလေ.. တကယ်လား ဟင်?... တကယ်ပါ.. "ဆု"..ရဲ့ရင်ထဲ "စိုင်း"ထာဝရ ရှိနေမှာပါ။...
အလုပ်ပြီးသည်နှင့် နှစ်ယောက်အတူ ဆိုင်ထဲမှ ထွက်လာပြီး အိမ်ပြန်ဖို့ ကားရှိရာ လမ်းလျှောက် ဦးတည်လျှက် သူတို့ကားဆီမရောက်ခင်
လေပြေလေညှင်း နဲ့ အတူ မိုးပြေးလေးတွေ ခပ်ကျဲကျဲ ရွာနေသည်။...
.
လက်တွဲပြီး လမ်းလျှောက် နေသောသူတို့ နှစ်ယောက်ရဲ့ကိုယ်ပေါ်မှာ..
အချစ်ကြံမ္မာ မိုးစက်လေးတွေ အေးစက်နေသည်။....
..သူတို့နှစ်ယောက် ချစ်သူတွေဖြစ်ပြီး တစ်နှစ်လောက်အကြာမှာ မမျှော်လင့်ဘဲ တယောက်တနေရာဆီ ဝေးသွားကြသည်။.......
....ကိုစိုင်းတယောက် ဆုကိုလွမ်းနေဆဲ...
....စိုနေတဲ့ ရင်ခွင်ထဲက မျက်ရည်လည်း... မခြောက်သေးပါ။..
.......သူမရဲ့ ရှိုက်သံလေးလည်း...ကြားနေဆဲပါ။...
......နွေနံနက်ခင်းရဲ့ မိုးစက်တွေလည်း...အေးနေဆဲပါ။....
..........မတွေ့တာကြာလည်း လွမ်းနေဆဲလေ...
.
.......ပူလောင်သောနွေ....
. .....လေအဝေ့မှာ.....
........ရွက်ဝါတွေကြွေ....
...မတွေ့တာကြာလည်း.....
........မေ့ မရသေးပါ...
......ချစ်သဲညှာ...
(စိုင်းထွန်း boston) မိတ်ဆွေများအားလုံး စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ)
**saitun sein**

No comments:
Post a Comment