
**ကြယ်ပွင့်မီးပုံး၊ တလမ်းလုံးပင်
ပန်းကုံးသဖွယ်၊ မီးသွယ်ဖျတ်ဖျတ်
ခရစ္စမတ်သစ်ပင်၊ နှင်းလွင်ပြင်၌
ဆင်ယင်လှပ၊ သာယာည။
**ခရစ္စမတ်အကြို၊ အော်စလို၌
လူကိုမတွေ့၊ လမ်းခြောက်သွေ့၏
အမေ့အိမ်သွား၊ သားချင်းများနှင့်
စားကြပျော်ပွဲ၊ ကိုယ့်အိမ်ထဲ၌
နွှဲကြပျော်ရွှင်၊ ထုံးတမ်းပင်.... တဲ့။
ကြက်ဆင်သားနှင့် ဗြစ်ခါးခွက်ကိုင်
ဝိုင်နှင့်နှုတ်မြိန်၊ ရှန်ပိန်ရှတ
စားကြသောက်ကြ၊ တီးကြဆိုကြ။
**ညသန်းခေါင်ထိ၊ မိမိမိတ်ဆွေ
အဖော်တွေနှင့်
ရီဝေယစ်မူး၊ စိတ်ရွှင်မြူး
ခရစ္စမတ်၊ ဖျတ်ဖျတ်လူးမျှ
ပျော်ကြဆင်နွှဲ၊ သောက်သောက်လဲတည့်
သေပွဲယစ်မူး၊ အပျော်ကြူးသတဲ့
ကနဦးက၊ ကြားဖူးရသည်
ည အော်စလို၊ သည်လိုမဟုတ်
ရုတ်ရုတ်သဲသဲ၊ ပျော်ပွဲမမြင်
နှင်းသာမြင်၏
ယဉ်ကျေးတိတ်ဆိတ်၊ ငြိမ်းချမ်းရိပ်။
**လမ်းမပေါ်၌
အဖော်မပါ၊ သွားလာမှုကင်း
နှင်းနှင့်ခရစ်တော်
အဖော်ဟူဘိ၊ သူတို့သာလျှင်ရှိ။
**ငြိမ်းငြိမ်းချမ်းချမ်း၊ နှင်းရည်ဆမ်းလျက်
လမ်းမဒိုးယိုပေါက်
ငါလျှင်လျှောက်စဉ်
ဝမ်းမြောက်ကြည်နူး၊ လက်စုံဖူးသည်
စိတ်ကူးထဲမှ မြတ်ဗုဒ္ဓ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၂၅၊ ဒီဇင်ဘာလ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)

**ကြယ်ပွင့်မီးပုံး၊ တလမ်းလုံးပင်
ပန်းကုံးသဖွယ်၊ မီးသွယ်ဖျတ်ဖျတ်
ခရစ္စမတ်သစ်ပင်၊ နှင်းလွင်ပြင်၌
ဆင်ယင်လှပ၊ သာယာည။
**ခရစ္စမတ်အကြို၊ အော်စလို၌
လူကိုမတွေ့၊ လမ်းခြောက်သွေ့၏
အမေ့အိမ်သွား၊ သားချင်းများနှင့်
စားကြပျော်ပွဲ၊ ကိုယ့်အိမ်ထဲ၌
နွှဲကြပျော်ရွှင်၊ ထုံးတမ်းပင်.... တဲ့။
ကြက်ဆင်သားနှင့် ဗြစ်ခါးခွက်ကိုင်
ဝိုင်နှင့်နှုတ်မြိန်၊ ရှန်ပိန်ရှတ
စားကြသောက်ကြ၊ တီးကြဆိုကြ။
**ညသန်းခေါင်ထိ၊ မိမိမိတ်ဆွေ
အဖော်တွေနှင့်
ရီဝေယစ်မူး၊ စိတ်ရွှင်မြူး
ခရစ္စမတ်၊ ဖျတ်ဖျတ်လူးမျှ
ပျော်ကြဆင်နွှဲ၊ သောက်သောက်လဲတည့်
သေပွဲယစ်မူး၊ အပျော်ကြူးသတဲ့
ကနဦးက၊ ကြားဖူးရသည်
ည အော်စလို၊ သည်လိုမဟုတ်
ရုတ်ရုတ်သဲသဲ၊ ပျော်ပွဲမမြင်
နှင်းသာမြင်၏
ယဉ်ကျေးတိတ်ဆိတ်၊ ငြိမ်းချမ်းရိပ်။
**လမ်းမပေါ်၌
အဖော်မပါ၊ သွားလာမှုကင်း
နှင်းနှင့်ခရစ်တော်
အဖော်ဟူဘိ၊ သူတို့သာလျှင်ရှိ။
**ငြိမ်းငြိမ်းချမ်းချမ်း၊ နှင်းရည်ဆမ်းလျက်
လမ်းမဒိုးယိုပေါက်
ငါလျှင်လျှောက်စဉ်
ဝမ်းမြောက်ကြည်နူး၊ လက်စုံဖူးသည်
စိတ်ကူးထဲမှ မြတ်ဗုဒ္ဓ။
** တင်မိုး **
(ကဗျာပေါင်းချုပ်၊ ၂၅၊ ဒီဇင်ဘာလ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment