

**နှစ်ဟောင်းကို နှုတ်ဆက်
နှစ်သစ်ကို ပွေ့ဖက်ကြမယ့် အချိန်မှာ
အတိတ်ကို ပြန်မျှော်ကြည့်လိုက်ရင်.......
ပျော်ရွှင်စရာထက် စိတ်ညစ်စရာတွေ
များနေတဲ့ ဒို့နိုင်ငံက လူသားတွေ
သောကမျက်ရည်တွေ ပွေ့ဖက်ပြီး
ခရီးဆက်လာခဲ့တာ 2011 ကိုတောင် ရောက်တော့မယ်နော်.........။
**မတရားတဲ့လူတွေရဲ့ လုပ်ရပ်ကို
သင့်တင့် ပါတယ်လို့တင်ပြ
အမှန်ကို အမှားလုပ်ချင်တော့
ပညာရှင်တွေကို ငွေပြပြီး ဖမ်းချုပ်
အာဏာကို ဖမ်းဆုပ်ချင်တော့
ရွေးကောက်ပွဲကို အယောင်ပြ
ဒီမိုကရေစီဝါဒလို့ ဟစ်အော်
ဒါတွေကို ရမ်းတုတ်တဲ့ လူတွေက
ကြားနေ၀ါဒလို့ ကြွေးကြော်
စနစ်တခုက နှိပ်စက်မှုဒဏ်
ခံခဲ့ကြရတဲ့ ဒို့ပြည်သူလူထုအသံတွေ
အခုထိ ပွက်ပွက်ညံနေတုန်းပါဘဲ ...။
**ဒီလိုနဲ့ ကြာလာတော့ ခေတ်ပြောင်း
အသိဥာဏ်တွေ တိမ်းစောင်း ၊
အတွေးအခေါ်တွေက လွဲချော်
ကိုယ့်အရိပ်ကို ရန်သူထင်ပြီး
တွေသမျှ လူကို အပြစ်တင် .......။
**ငါကသာ တွေးခေါ်ရှင်ဆိုပြီး
စိတ်ကြီးဝင်လို့ မာန်ဝင့်
အားနည်းသူကို ဖိထောင်း
အကျိုးအကြောင်းက မညီညွတ်
ဒီလိုနဲ့ ခရီးဆက်လာလိုက်ကြတာ
ပိုစိုးပက်စက် ဗုန်းဗုန်းလဲတော့မယ့်
အခြေအနေ တရပ်မှာ
ေ၀၀ါးတဲ့ စိတ်ဓါတ်တွေကိုထားခဲ့ပြီး
2010ကိုလမ်းခွဲလိုက်ကြတာ ကောင်းပါတယ် ။
န**ည်းပညာက လိပ်လိုတွား
ဝင်ငွေက ကျဆင်း
အသိဥာဏ်တွေက မှောင်မိုက်
ကုန်ဈေးနှုန်းက ခေါင်ခိုက်
ရာသီဥတုက ကျီစယ်
စိတ်နာတယ် 2010...။
**ဒို့တတွေ ကျွန်ဘ၀နဲ့
နေရတဲ့ အချိန်ကာလထဲမှာ
မင်းလည်းပါနေတာကြောင့်
ဝမ်းသာစွာ လမ်းခွဲလိုက်မယ်
နေရစ်တော့ ၂၀၁၀ရေ.......
**အသစ်တွေ့လို့ အဟောင်းကိုမေ့တယ်လို့
မင်းက ဆိုလာရင် ငါ မငြင်းပါဘူး.
တနေ့ထက်တနေ့ကြပ်သထက်ကြပ်
ငတ်သထက်ငတ်လာတဲ့ ငါတို့တွေအတွက်
အတိတ်က စနစ်ဆိုးတွေကို သိမ်းပိုက်ထားတဲ့
မင်းကို ငါ့အသိဥာဏ်က လက်မခံချင်တော့လို့
မင်းနဲ့လမ်းခွဲခဲ့တာပါ ။
**ဘာပဲဖြစ်ဖြစ် ပြင်လို့မရနိုင်တဲ့
အတိတ်ကို မေ့သာပစ်လိုက်တော့
ရှေ့ဆက်ရမယ့် အနာဂတ်ခရီးမှာ
စိတ်ဓါတ်က တည်ကြည်
ရည်ရွယ်ချက်က မွန်မြတ်
နှလုံးသားက ဖြူစင်
မှန်ကန်တဲ့ လမ်းစဉ်ကို သိမ်းပိုက်
ချီတက်မယ်လို့ ဆုံးဖြတ်ပြီး
မနက်ဖြန်ဆိုတဲ့ 2011 ကို
ပျော်ရွှင်စွာ ပွေ့ဖက်ချင်လို့
နှုတ်ဆက်ပါတယ် 2010 .....။
ခင်မင်လေးစားလျှက်
**ဗမာ့သွေး**


**နှစ်ဟောင်းကို နှုတ်ဆက်
နှစ်သစ်ကို ပွေ့ဖက်ကြမယ့် အချိန်မှာ
အတိတ်ကို ပြန်မျှော်ကြည့်လိုက်ရင်.......
ပျော်ရွှင်စရာထက် စိတ်ညစ်စရာတွေ
များနေတဲ့ ဒို့နိုင်ငံက လူသားတွေ
သောကမျက်ရည်တွေ ပွေ့ဖက်ပြီး
ခရီးဆက်လာခဲ့တာ 2011 ကိုတောင် ရောက်တော့မယ်နော်.........။
**မတရားတဲ့လူတွေရဲ့ လုပ်ရပ်ကို
သင့်တင့် ပါတယ်လို့တင်ပြ
အမှန်ကို အမှားလုပ်ချင်တော့
ပညာရှင်တွေကို ငွေပြပြီး ဖမ်းချုပ်
အာဏာကို ဖမ်းဆုပ်ချင်တော့
ရွေးကောက်ပွဲကို အယောင်ပြ
ဒီမိုကရေစီဝါဒလို့ ဟစ်အော်
ဒါတွေကို ရမ်းတုတ်တဲ့ လူတွေက
ကြားနေ၀ါဒလို့ ကြွေးကြော်
စနစ်တခုက နှိပ်စက်မှုဒဏ်
ခံခဲ့ကြရတဲ့ ဒို့ပြည်သူလူထုအသံတွေ
အခုထိ ပွက်ပွက်ညံနေတုန်းပါဘဲ ...။
**ဒီလိုနဲ့ ကြာလာတော့ ခေတ်ပြောင်း
အသိဥာဏ်တွေ တိမ်းစောင်း ၊
အတွေးအခေါ်တွေက လွဲချော်
ကိုယ့်အရိပ်ကို ရန်သူထင်ပြီး
တွေသမျှ လူကို အပြစ်တင် .......။
**ငါကသာ တွေးခေါ်ရှင်ဆိုပြီး
စိတ်ကြီးဝင်လို့ မာန်ဝင့်
အားနည်းသူကို ဖိထောင်း
အကျိုးအကြောင်းက မညီညွတ်
ဒီလိုနဲ့ ခရီးဆက်လာလိုက်ကြတာ
ပိုစိုးပက်စက် ဗုန်းဗုန်းလဲတော့မယ့်
အခြေအနေ တရပ်မှာ
ေ၀၀ါးတဲ့ စိတ်ဓါတ်တွေကိုထားခဲ့ပြီး
2010ကိုလမ်းခွဲလိုက်ကြတာ ကောင်းပါတယ် ။
န**ည်းပညာက လိပ်လိုတွား
ဝင်ငွေက ကျဆင်း
အသိဥာဏ်တွေက မှောင်မိုက်
ကုန်ဈေးနှုန်းက ခေါင်ခိုက်
ရာသီဥတုက ကျီစယ်
စိတ်နာတယ် 2010...။
**ဒို့တတွေ ကျွန်ဘ၀နဲ့
နေရတဲ့ အချိန်ကာလထဲမှာ
မင်းလည်းပါနေတာကြောင့်
ဝမ်းသာစွာ လမ်းခွဲလိုက်မယ်
နေရစ်တော့ ၂၀၁၀ရေ.......
**အသစ်တွေ့လို့ အဟောင်းကိုမေ့တယ်လို့
မင်းက ဆိုလာရင် ငါ မငြင်းပါဘူး.
တနေ့ထက်တနေ့ကြပ်သထက်ကြပ်
ငတ်သထက်ငတ်လာတဲ့ ငါတို့တွေအတွက်
အတိတ်က စနစ်ဆိုးတွေကို သိမ်းပိုက်ထားတဲ့
မင်းကို ငါ့အသိဥာဏ်က လက်မခံချင်တော့လို့
မင်းနဲ့လမ်းခွဲခဲ့တာပါ ။
**ဘာပဲဖြစ်ဖြစ် ပြင်လို့မရနိုင်တဲ့
အတိတ်ကို မေ့သာပစ်လိုက်တော့
ရှေ့ဆက်ရမယ့် အနာဂတ်ခရီးမှာ
စိတ်ဓါတ်က တည်ကြည်
ရည်ရွယ်ချက်က မွန်မြတ်
နှလုံးသားက ဖြူစင်
မှန်ကန်တဲ့ လမ်းစဉ်ကို သိမ်းပိုက်
ချီတက်မယ်လို့ ဆုံးဖြတ်ပြီး
မနက်ဖြန်ဆိုတဲ့ 2011 ကို
ပျော်ရွှင်စွာ ပွေ့ဖက်ချင်လို့
နှုတ်ဆက်ပါတယ် 2010 .....။
ခင်မင်လေးစားလျှက်
**ဗမာ့သွေး**


No comments:
Post a Comment