"ပွဲစားဆိုတဲ့ စကားလုံးကို အဓိပ္ပာယ် ဖွင့်ပြပါ."
"ဥပဒေဘောင်ထဲက ခေါင်းပုံဖြတ်သမား"
**မြစ်နဲ့ပင်လယ်**
ကမ်းတစ်ဖက်ပဲ ရှိရင် ပင်လယ်၊ ကမ်းနှစ်ဖက် ရှိရင် မြစ်
ခက်အောင် မလုပ်ပါနဲ့..။
**စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း**
" ဆရာဝန်နှင့် တွေ့ရန် စောင့်စားနေကြသော လူနာများခင်ဗျား။ မိမိတို့
ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်။
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။"
**ပြင်ဆင်မှု**
"သမီး.....မီးဖိုချောင်ထဲက ပန်းကန်ပြား ငါးချပ်ယူခဲ့စမ်း"
"ဘာလုပ်ဖို့လဲ မေမေ"
"သမီးဖေဖေနဲ့ စကားပြောစရာရှိလို့"
**မြင်းပြိုင်ပွဲ**
မြင်းပြိုင်ပွဲ ကျင်းပနေစဉ် မြင်းတစ်ကောင်က တခြားတစ်ကောင်ကို မေးသည်။
"မင်းဆီမှာ မြင်းကောင်ရေအား ဘယ်လောက်ရှိသလဲကွ..။
**မဟာ့မဟာ ပြဿနာ**
"ပီတာ မင်းအဖေက ဘယ်သူလဲ" ဆရာမက ပီတာလေးကို မေးသည်
"ဟာ ဆရာမလဲ လုပ်ပြီ.....ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့အမေ အမြဲ ရန်ဖြစ်နေကျဗျ..."
**ငြင်းပါ**
"ဒေါက်တာ...ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ.ဟင်..
တိုတိုနဲ.လွယ်တဲ.နည်းပဲပြောပါဆရာ.."
"ဟင့်အင်းလို့ ပြော"
**မျက်စိဆရာဝန်**
အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
"အ၀တ်အစား ချွတ်လိုက်ပါ"
"ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ"
"အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်ချောင်း ဆရာဝန်ဆီ သွားပါ"
"ရှင်က ဘယ်သူလဲ"
"မျက်စိ ဆရာဝန်"
**ခွေးစကား**
တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
"၀ုတ်"
အခုစကားပြောနေတာ ဘယ်သူလဲ
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသ တ် .. ၀ုတ်၊ ၀ုတ် ..၀ုတ်"
**ကလေးကြီးလည်း လိုတာကိုး**
"ကလေးတွေရဲ့ စဉ်းစားဥာဏ် အားကောင်းလာစေတဲ့ ဗိုက်တာမင်ဆေး ရှိပါသလားရှင်"
"ရှိပါတယ် ကလေးရဲ့အသက်က ဘယ်လောက်ပါလဲ"
"၁၀ နှစ်၊ ၁၂ နှစ်နဲ့ ၄၅ နှစ်...."
**နားမထိုင်းဘူး**
"ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ..."
"ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား"
"ကိုင်း.....ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော"
**ကူညီချင်ပါတယ်**
ယောက်ျားကြီးတစ်ယောက် အများသုံး အိမ်သာထဲထိုင်နေသည်။ ကိစ္စပြီးသောအခါ
အိမ်သာထဲ စက္ကူရှာသည်။ ဘယ်မှာမှ မတွေ့ချေ။ ထို့ကြောင့် ဘေးခန်းကို
တံခါးခေါက်ပြီး မေးသည်။
"ခင်ဗျားဆီမှာ စက္ကူပို မပါဘူးလားခင်ဗျား"
"မပါဘူး...အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလား ဟင်"
**koaung soe1987**
**ခေါင်းပုံဖြတ်သမား=ပွဲစား**

No comments:
Post a Comment