(Date: Thursday, 20 January, 2011, 11:29)
ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြန်မာမွတ်စလင် အာဇာနည် ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၃ ကြိမ်မြောက် မွေးနေ့ ဆုတောင်းပွဲ တစ်ရပ်ကို မြန်မာမွတ်စလင် လူငယ်များ စုပေါင်းပြီး ရန်ကုန်မြို့ တစ်နေရာတွင် ကျင်းပ ခဲ့ပါတယ်။

အဆိုပါ ဆုတောင်းပွဲသို့ မွတ်စလင်လူငယ်များ အပါအ၀င် အခြား ဖိတ်ကြားထားသော လူငယ် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ဖတ်ကြားပြီး ဆုတောင်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာကြီး၏ လွတ်လပ်ရေး အတွက် စွန့်လွတ်အနစ်နာခံပြီး ကြိုးပမ်းခဲ့သည့် အကြောင်းများအား လူငယ်များမှ အခြင်းခြင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။
နောက်ဆုံးတွင် မိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းပေးခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
--
**Tun Tun Aung**
Web Administrator
Burmese Muslim Association
Email: tuntunaung@b-m-a.org
Website: http://www.b-m-a.org

No comments:
Post a Comment