အိန္ဒိယမှ အရိုးခွဲစိတ်ကု ဆရာဝန်ကြီး Dr Ashok Rajgopal က ယိုးဂ ကျင့်စဉ်ဟာ ဒူး ကိုနာစေတယ်လို့ သတိပေးလိုက် ပါတယ်။
ဒူးဆစ်အစားထိုး ခွဲစိတ်မှုများစွာ ပြုလုပ်ပေးနေတဲ့ ဆရာဝန်ကြီးရဲ့လူနာတွေထဲမှာ ယိုးဂ ဆရာကြီးတွေ အတော်များများ ပါတယ်လို့ ဆိုပါတယ်။
သူ့ရဲ့သတိပေးချက်ကြောင့် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးလုပ်ကိုင်နေတဲ. ယိုးဂစီးပွားရေးလုပ်ငန်းကြီးတွေအတွက် ထိုးနှက်ချက် တခု ဖြစ်လာပါတယ်။
ယိုးဂ မှာ လူကိုနုပျိုစေတယ်၊စိတ်ငြိမ်းချမ်းစေတယ် ဆိုပြီး ကြော်ငြာ လုပ်ကိုင်ကြပါတယ်။
Bob Ramdev ဆိုတဲ့ အိန္ဒိယ ယိုးဂ ဆရာကြီးဆိုရင် သူ့ရဲ့အသက်ရှူလေ့ကျင့်ခန်းဟာ HIV-AIDS နဲ့ ကင်ဆာရောဂါတွေကိုတောင် ကုသနိုင်တယ်ဆိုပြီး တကမ္ဘာလုံးကို အသံလွှင့်ကြော်ငြာထား ပါတယ်။
အမေရိကန်နိုင်ငံမှာ လူ (၁၅)သန်း ဟာ အမြဲတမ်း ယိုးဂ ကျင့်စဉ်သမားတွေ ဖြစ်ပါတယ်။ဒေါ်လာ (၄) ဘီလီယံ ထက်မက ယိုးဂ ကျင့်စဉ် အထောက်အကူ ပစ္စည်းတွေ ၀ယ်ယူသုံးစွဲနေကြပါတယ်။
ဒါပေမယ့် Dr Rajgopal ကတော့ လွန်ကဲပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကြောင့် အရိုးအဆစ်တွေကို ဒဏ်ရာဆိုးဆိုးရွားရွားဖြစ်စေတယ်၊ အဆစ်ရောင်ရောဂါ (Arthritis) တွေကို ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယိုးဂသမားတွေမှာ အဆစ်၊အရိုးရောဂါတွေ အဖြစ်များ လာတာကို တွေ့ရှိထားပါတယ်ဟု သူက ဆက်လက် ပြောဆို ထားပါတယ်။
**ကိုးကားး-Telegraph news**
**Dr TZO(MTC))**

No comments:
Post a Comment