**(အရက်သမားလောက ဟာသများ)**
ကုမ္ပဏီတစ်ခု၏ ကော်မတီ အစည်းအဝေးပွဲတွင် အသင်းဝင်တစ်ယောက်မှာ ထိန်း မနိုင်၊ သိမ်းမရ မှုးနေ၏။ ထိုအစည်းအဝေးပွဲတွင် ယာယီအရာရှိနှင့် အမြဲတမ်းအရာ ရှိ လျာထားခန့်အပ်ရေးကို မေးမြန်းဖို့ အခြေနေ ရောက်လာသောအခါ မှုးနေသူက စကားပြောရန် ထရပ်လိုက်သည်။ ထိုအခါ ဘေးနားမှာ ရှိသူက...
“ထိုင်စမ်းပါဗျာ။ ခင်ဗျား သိပ်မှုးနေပြီ။ ယာယီနဲ့ အမြဲတမ်းဘာကွာလဲ ဆိုတာကို တောင် ခင်ဗျား သိမှာမဟုတ်ဘူး”
ထိုအခါ အမှုးသမားက...
“အိုး၊ သိပ်သိတာပေါ့။ ကျုပ် အခုမှုးနေတယ်။ အဲဒါယာယီ၊ တစ်ခဏပဲ။ ဒါပေမဲ့ ခင်ဗျားက လုံးဝ အသုံးမကျတဲ့ ငတုံးကြီးဗျ။ အဲ...ဒါကတော့ အမြဲတမ်းပဲ”
**Binary Ster**

No comments:
Post a Comment