ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, January 2, 2011

အကြောက်တရားအောက်ကပြည်သူ့ပုံရိပ်များ

>
guitarhero.gyi49: ဒီကောင်တွေကအဲ့လိုပဲညစ်ပတ်မိုက်ရိုင်းတယ်

aitun: အရင်တုံးက ကျနော်နယ်စပ်မှာတခေါက် ဖမ်းခံရတော့မလို့ ကျနော်အနားရောက်ခါနီး စစ်သားကလူကောသေနပ်ပါ လဲတာနဲ့ ကျနော်ပြေးလွတ်လာတာ
guitarhero.gyi49: ဘာလို့လိုက်ဖမ်းတာလဲ
saitun: ကျနော်က ထိုင်းဖက်အခြမ်း အလုပ်လုပ်တယ် ညနေအလုပ်ပြီးလို့ မြန်မာဖက်အခြမ်းပြန်တာလေ
မိန်းကလေးတွေ အများကြီ ဖမ်းခံရတယ်
မိန်းခလေးတွေအများဆုံးဘဲ
ယောက်ျားတွေကပြေးတာမြန်တယ်လေ
၉၇ခုနှစ်တုံးက
အခုပိုဆိုးလာတယ်
အတွင်းပိုင်းမှာလဲ ဆိုးလာတယ်
နေရာတိုင်းလိုလိုဘဲ
guitarhero.gyi49: အင်း
saitun: မရှိ့ဆင်းရဲသားတွေက ပိုများတယ်လေ
Sent at 11:03 AM on Friday
saitun: အရင်တုံးက တာချီလိတ်နဲ့ ထိုင်းဘက်အခြမ်းမှာ မုန်တိုင်းတံတားဆိုတာရှိ့တယ် မြန်မာပြည်သားတွေ အလုပ်ရဖို့စောင့်နေကြတာပေါ့ ထိုင်းအလုပ်ရှင်တွေ အလုပ်လာခေါ်ရင်အလုအယက်ဘဲ အခုရှိ့အုံမလားမသိဘူး ကျနော်အပါအဝင်ပေါ့နော် ပညာတတ်ကျောင်းဆရာတွေလဲ အများကြီတွေ့ရတယ် အကိုနယ်စပ်ရောက်ရင် အချိန်ပေးပြီးလိုက်ကြည့်ပါနော် လေ့လာလို့ရတယ် ပြည်သူတွေရဲ့ ဘဝအမှန်တွေပေါ့ နယ်စပ်မှာက ငွေရှာလို့နည်းနည်းလွယ်တယ် စားလောက်တယ်ပေါ့။....
guitarhero.gyi49: ဟုတ်ကဲ့ ရောက်ရင်လေ့လာကြည့်ပါမယ်
saitun: ကျနော် အခု တခြာရောက်နေပြီ မျက်လုံးထည်းမှာတော့မြင်ယောင်နေတုန်းပေါ့
guitarhero.gyi49: အခုကောအဆင်ပြေလား
saitun: လုံခြုံမှုရှိ့တယ် အဆင်ပြေပါတယ်

ကျွန်ုပ်အား ဘဝတက္ကသိုယ်က သင်ပေးလိုက်သော ဘဝသင်ခန်းစာ အတွေ့အကြုံ လူနေမှုဖုံဖုံ နဲ့ပြည်သူများရဲ့ ပုံရိပ်တွေပေါ့...။ December 31 မြန်မာစံတော်ချိန် ညသန်းကောင်ကျော်နေပြီ ပညာတတ်အရာရှိ့တယောက်နဲ့ စကား
ပြောဖြစ်ကြသည်..။ တယောက်နဲ့တယောက် Happy new year. ဒါနဲ့ နယ်စပ်မှ စစ်သားတွေ မိုက်ရိုင်းတဲ့
VDO ကြည်ပြီးတော့ ဟုတ်တယ်အကို ဒီကောင်တွေ တော်တော် မိုက်ရိုင်းတယ် အင်္ဂလိပ်တွေနဲ့ ဖက်စစ်ဂျပန်တွေ
ထက်တောင် မိုင်ရိုင်းတာ ကန်းကုန်ပြောရရင် ဘုန်းကြီးတောင်သတ်တာဗျာ တိုင်းရင်းသားနဲ့ တခြားဘာသာတွေဆို ပြော
မနေနဲ့ ......။.....
.ဟိုး...လွန်ခဲ့တဲ့ နှစ်၂၀ကျော်က ကျနော်ရဲ့ အတွေးပုံရိပ်ထည်းမှာ တခုချင်း ပြန်ပြီးပေါ်လာသည်။......
ကျနော် မိုင်းရှူးကကျောက်တွေဝယ်ပြီး တာချီလိတ်နယ်စပ်မှာ သွားရောင်းတယ် ကျနော်တို့ကားပေါ်မှာ ကုန်သည်ပွဲစား
နယ်ပြောင်းခံရတဲ့ ဝန်ထန်း ကျောင်းဆရာ စုံနေအောင်ပါတယ် မိုးကုန်လို့ ဆောင်းကုစအချိန် တောင်ကြီးကနေ
ထွက်လာတော့ ဂိတ်တွေ တစ်ဂိတ်ပြီးတစ်ဂိတ်ကျော်လာတာ ငွေတွေပေးခဲ့တာကိုး အဆိုးဆုံးက မိုင်းဖြတ်ဂိတ် လဝက ရဲ စစ်တပ် ထောက်လမ်းရေး စုံနေတာဘဲ ခရီးသည်တွေ အကုန်ပြန်မောင်းတယ် သွားလို့မရဘူးတဲ့ ကားသမားကကားနဲ့ ဂိတ်ကိုသွား ညှိကြည့်တယ် မရဘူး အဲ့တာနဲ့ မြန်မာဘုန်းကြီးကျောင်းဝင်ထည်းကဇရပ်မှာ သောင်တင်နေကြတာပေါ့ ...။

တိုက်ကြက် တယောက်တကောင် ကိုင်ပြီးသျှမ်းနှစ်ယောက် ကျောင်းဝင်းထည်း အလည်လာတယ်သူတို့ကကြက်လာ
ဝယ်တာ။..နယ်စပ်ကို သွားရောင်းမဲ့ တိုက်ကြည်တွေလည်းပါတာကိုး ကြက်ကုန်တယ်တွေပေါ့နော်...။
တိုက်ကြက်တွေကို နွားသားရေခြောက် လက်တဆစ်လောက် အပိုင်းပိုင်းပြီး ကျွေးထားတာ အစာအကြာကြီးခံတာတဲ့
အဲဒီအခါမှ ကျနော်တွေ့ဖူတာ အတွေအကြုံပေါ့...။ ..ဒါနဲ့ရက်တွေကကြာ ခရီးသည်တွေလဲ တကျောင်းလုံးပြည့်နေတယ်
ဧည့်စာရင်းတိုင်ဖို့ ရဲစခန်းသွားရတာ ဒုက္ခတမျိုး ရဲတွေကငွေညစ် အပြစ်မရှိ့အပြစ်ရှာ မှတ်ပုံတင်ကဓါတ်ပုံမထင်ရှားလို့ တံဆိတ်တုံးထုထားတာ အသားတံဆိတ်မပါဘူး မြန်မာပြည်သားတွေရဲ့ဒုက္ခ မလွယ်ပါလားနော်...။ ကျနော်တို့ ၄ယောက်အဖွဲ့က တိုက်ကြက်နဲ့လာတဲ့ သေဒခံသျှမ်း ၂ယောက်ကိုအနားကပ်ပြီး
အကူညီတောင်းလိုက်တယ် နယ်စပ်ကို ကျော်တဲ့နည်းပေါ့လေ အဲ့တာနဲ့ လမ်းပြငှါးပေးတယ် (ရုပ်ရှင်ထည်းက အတိုင်းဘဲ အေ၇ာင်းအဝယ် ဂိုဏ်းတွေချိန်းသလိုမျိုး မိုင်းဆတ်မြို့ပြင်တောစပ်တနေရာမှာ တယောက်ကို တစ်သောင်းရှစ်ထောင် ပေး
ရတယ် ချိန်တဲ့နေရာမှာဘဲ ငွေချေရတာ) ပြီးတော့ တောရွာတရွာမှာတညအိပ် ပို့မဲ့အိမ်ရှင်က မနက်စောစောထ ကောက်ညှင်းပေါင်း စားစရာဟင်းခြောက်တွေ အထုပ်တွေနဲ့ပေါ့.။။ ကောက်ညှင်းက တော်တော်နဲ့မသိုးဘူးလေ
ခရီးသွားတဲ့နေရာမှာ အကြာကြီးခံတာ..။ မိုးမလင်းခင် မနက်စေားစေား ကွင်းပြင်ကို လွန်အောင် မြန်မြန်လျှောက်ရတယ် တောထဲရောက်အောင် စစ်တပ်မြင်ရင်မလွယ်ဘူးပေါ့လေ။..
တောင်ပေါ်တက် အပြေးအလွားခရီးကြမ်းနှင်ရတယ် ခြေပန်းလက်ပန်းကျ တကိုယ်လုံးကိုက်ခဲးပြီး နာနေတာဘဲ ကျနော်ရဲ့ခြေမ ခြေသဲ တဖက်ကျွတ်ထွက်သွားပြီ မရှိ့တော့ဘူး ကြိတ်မိတ်ပြီး လမ်းလျှေက်ရတယ် (အဲဒီအချိန် ကျနော်တော့ အရှင်လပ်လပ် ငရဲးကျတာထင်ရတယ်)
အရှေ့ကလူကိုမှီိအောင် ပြေးပြီးလိုက်ရသေးတယ် သူတို့ကို ကျနော်မမှီတော့ဘူး အနောက်မှာ ကျနော်တယောက်ထည်း

...တရုတ်ပြည်နယ်စပ်မှပြောင်းကာစ "ဝ"ရွာတရွာ ရွာထည်းမှာတော့ တီဗွီစလောင်းတွေ ဒီတီဆိုင်ကယ်တွေ မြင်ရတယ် ရွာဦးမှာလမ်းကနှစ်လမ်း ရွာထဲတည့်တည့်ဝင်တဲ့လမ်းရယ် ရွာဘေးမှ
တောင်အောက်ဆင်းပြီး ပတ်သွားတဲ့လမ်းရယ်..။ ကျနော် ဘယ်လမ်းသွားရမလဲမသိတော့..<.လမ်းပြကသေသေချာချာမှာ ထားတယ် "ဝ"ရွာတွေ့ရင် အိမ်ထည်းခေါ်ရင်မဝင်နဲ့ ရေတိုက်ရင်လဲ မသောက်နဲ့တဲ့ သူအိမ်ထဲဝင်ရင် ကိုယ်ကမှားပြီတဲ့> အဲဒါမှ ဒုက္ခ
ကျနော်တစ်ယောက်ထည်း မေးစရာလူလဲ မရှိ့ ... ရွာဦးက တဲကြီးပေါ်မှာ အမဲဖျက်နေတဲ့ "ဝ"တွေ ကျနော်မှာ ကြက်သီးတွေလဲ
တဖျန်းဖျန်းနဲ့ပေါ့နော် ကျနော်လဲမသွားတတ်တော့ ရွာပြင်မှာထိုင်နေလိုက်တယ် အမဲဖျက်နေတဲ့ တဲအောက်က"ဝ"ကလေး
ရွာထည်းပြေးဝင်သွားတယ် ခဏနေတော့ ရွာလူကြီးလို့ထင်ရတဲ့ လူကြီးတယောက်ထွက်လာပြီးမေးတယ် ဘယ်သွား
မလဲ(မြန်မာလို သျှမ်းလို ထိုင်းလို တရုတ်လို) စကားကမျိုးစုံတတ်တယ် အဲဒီလူက ကျနော်က မြန်မာနဲသျှမ်းလို ပြောတတ်လို့ တော်သေးတာပေါ့နော်...
ရွာထဲမဝင်ခိုင်းဘူး ရွာပြင်ကသွားခိုင်းတယ် တကွေ့လောက် ရောက်တော့ အဖေါ်တွေ စောင့်နေတာ တွေ့လိုက်ရတယ်။..

လမ်းခရီးတလျှောက်လုံး နွားကုန်တယ်တွေ ဘိန်းတွေတင်တယ်ထင်ရတဲ့ မြင်းနဲ့ လားအုတ်တွေ အင်မတန်လှပတဲ့မိန်းခလေးနဲ့ လားအုတ် မိန်းခလေးက လားကျောကုန်းပေါ်မှာ လားတွေတစ်အုတ်နဲ့ တယာက်ထည်း မကြောက်ဘူးလားမသိ။...
ကျနော်အထင်တော့ သူမရဲ့အဖွဲ့ ကျနော်တို့အဖွဲကိုတွေလို့ လက်နက်တွေနဲ့ ခြုံထဲမှာပုန်းနေတာဖြစ်မည်...။

မိုးမှောင်စ အချိန် တာချီလိတ်မရောက်ခင် ရွာတရွာ မိုင်းကိုးရွာလား တာလေရွာလား ကျနော်မခေါ်တတ် ထော်လာကျီ
တစီးတွေ့တယ်....။ ထော်လာကျီစီးပြီးမကြာခင် စစ်သားတွေ အရှေ့မှတားတာတွေလိုက်ရသည် တယောက်မကျန်
ဆင်းခိုင်းပြီးရှာ ကျနော်ကျောက်တွေ အကုန်ပါသွားသည် ပြန်မပေးတော့ ကျနော်ကိုတော့ဖမ်းမသွားတာ တော်သေး... ဒီလိုနဲ့ ကျနော်ဘဝသည်
ယောင်ချာချာနဲ့ နယ်စပ်မှာရွာလည်ပြီပေါ့နော်....။

...နယ်စပ်ရောက်တော့ ဘယ်ဘုန်းကြီးကျောင်းမှလက်မခံ အိမ်မှာတည်းဖို့ဆိုပိုဆိုး လက်ကျန်ငွေလေးနဲ့ ဈေးနားက တည်းခိုခန်းမှာတည်း ပြီးထိုင်းဖက်အခြမ်းကူး အလုပ်ရှာရတော့မည် ဘယ်တတ်နိုင်မှာလည်းလေ နယ်စပ်တံတားဂိတ်က
လဝက တွေကလည်း မြန်မာဆင်းရဲသားတွေကို ပိုပြီးနိပ်ကွပ်တာ ငွေမပေးရင်
ဖြတ်လို့မရ ရိုက်ဖို့ လူမိုက်ပါငှါးထားတာ အဲ့တာနဲ့ တံတားရဲ့အောက်ဖက်
အခြမ်းမှာ စစ်တပ်က ငွေယူပြီး ကူးတို့ဆိပ်ဖွင့်ထားတယ် လှေကူးခလောက်ပေးရင် ရပြီတဲ့ အဲ့ဒီဖက်ကို သွားကြတာပေါ့..။
ရဲတွေ စောင့်ပြီး လစ်ရင်လစ်သလို ခြိမ်းခြာက်ငွေညစ် စစ်သားတွေလာရင် ရဲတွေပြေး သူ့စားပေါက်နဲ့သူပေါ့ မြန်မာပြည်သူတွေရဲ့ဒုက္ခမလွယ်ပါလားနော်...။ ကျနော်တို့ အဖွဲ ကူးတို့ ဆိပ်ရောက်တော့ အခြေနေမကောင်းဘူးတဲ့
ဗိုဟ်ချပ်ခင်ညွန့်လာလို့ ပိတ်ထားတာတဲ့ လည့်ပြန်တဲ့လူလည်းပြန်ကုန်ကြတယ် ကျနော်တို့က ဒေါင့်တနေရာ လ္ဘက်ရည်ဆိုင်မှာထိုင်ပြီး
စောင့်နေတာပေါ့ ခဏနေတော့ အခြေနေပြန်ကောင်းပြီတဲ့ အုပ်တံတိုင်း အမြင့်ပေါ်ကိုလှေကားထောင် ပြီးတော့ အုပ်တံတိုင်းအပေါ်ကနေအောက်ကိုလှေကားချ ပြီးမှ လူတွေအပေါ်တက် ပြီးတော့ပြန်ဆင်း လှေနဲ့ကူး ထိုင်းဘက်ခြမ်း ရောက်တာ....။

အလုပ်ရဖို့က မုန်တိုင်းတံတားကို နာရီဝက်လောက်လမ်းလျှောက်ရအုံးမယ် အလုပ်ရမရတော့မသေချာ မုန်တိုင်းတံတားရောက်တော့ လူအုပ်က နှစ်ရာသုံးရာလောက်ရှိ့မည်..။ နေ့တိုင်းအလုပ်လုပ်နေကျလူတော့ သူ့သူဠေးနဲ့သူ ကားတွေနဲ့ အုပ်လိုက်လာခေါ်သွားကြသည် နေနဲနဲမြင့် လာတော့ လူ၅၀လောက်ကျန်တော့တယ်..။
ဆိုင်ကယ်နဲ့ တယောက်စနှစ်ယောက်စ ခေါ်သွားကြသည် ကားနဲ့ ၅ယောက်တတွဲ ၁၀ယောက်တတွဲ လိုလို့ လာခေါ်တာလဲရှိ့သည်..။
လူဟောင်းနဲ့ စကားနဲးနဲးတတ်တဲလူကျတော့ အလုပ်ရတာများသည်။...

ကျနော်ကလူသစ် စကားလဲမတတ် အလုပ်လည်းမရ နေကမြင့်လာပြီ ဗိုက်ကလည်းဆာလာပြီလေ ဆိုင်မှာကောက်ညှင်းတထုပ်နဲ့ ဝက်ဆီဖတ်ကြော် ထိုင်းဘတ်ငွေ ၁၀ပေးရတယ် ဒါဈေးအပေါ့ဆုံး အလုပ်ရမလား
မျော်လင့်ချက်နဲ့ စောင့်ကြသည် ညနေ၃နာရီထိုးပြီ ရပ်ကွက်လူကြီးက ပြန်ဖို့ လာမောင်းထုပ်သည်...။
မြန်မာပြည်ဖက်အခြမ်း ပြန်ဖို့ တံတားကနေလဲ ပြန်လို့မရ ထိုင်းလဝက က ဆင်းရဲသာမှန်းနားလည်းသည်ငွေမတောင်းပါ။
မြန်မာလဝကနဲ့ရဲတွေက ပေးဖို့ငွေမရှိ့ရင် မလွယ် စာနာစိတ်ရှိ့သည်မဟုတ် အချုပ်ထည်းရောက်ပြီး ကားလမ်းလုပ်တဲ့နေရာ
ရောက်သွားနိုင်သည်...။ လှေကူးဖို့လဲ ငွေမရှိ့တော့ ချောင်းကနေဖြတ်ကူးကြမည် ကို့နိုင်ငံပြန်မှာ ရဲရဲဝံဝံ့ မပြန်ရဲကြ ထိုင်းဖက် အခြမ်းခြုံထဲကနေ မြန်မာပြည်ဖက်အခြမ်း "ရဲ""စစ်သား"" ပြည်သူ့စစ်" ရှိ့မရှိ့ ချောင်းကြည့် ရသေးတယ် အခြေနေကောင်းမှ
ကူးကြသည်....။ ကျနော်တို့ အဖွဲ ၃၀လောက်ရှိ့မယ် ကျနော်ကနောက်ဆုံးမှာ မြန်မာပြည်ဘက်အခြမ်း ချောင်းထဲကနေကန်းပါးပေါ် တက်လဲတက်လိုက်ရော
ကျနောအရှေ့က လူအုပ်ပြေးနေကြသည် ကောင်မလေးတွေဆို လုံချီကွင်းလုံး
ကျွတ်ပြီးကျန်လိုကျန် ဖိနပ်တခြားလူတခြား ယောက်ျာလေးတွေဆိုရင် ပုဆိုးကို လည်ပင်းတိုင်ပြီးပြေးနေကြတယ်။.. လဲတဲ့သူလဲပေါ့နော်..။
စစ်သားတွေက လူခွဲပြီးလိုက်ဖမ်းတာ ကျနော်ကလူသစ်ဆိုတော့အထာ
မသိသေးဘူး စစ်သားတွေလာမန်းမသိလိုက်ဘူး ကျနော်နဲ့ စစ်သားနဲ့က
ဝါးတပြန်ကျော်
လောက်ဘဲ သေနပ်နဲပစ်ရင် မှန်နိုင်တယ် တခြားဖက်အခြမ်းမှာ သေနပ်သံတွေကြားနေရတယ် အဲတာနဲ့ဝါး
တစ်ပြန်အလိုမှာ စစ်သားက လူကောသေနပ်ပါ ခလုတ်တိုက်ပြီး လဲတာဗျာ အားရပါးရဘဲ ကျနော်လည်းအခွင့်ရေးယူပြီး
ပြေးတာ ဖိနပ်တောင်မပါတော့ဘူး...ဘုရားမလိုလွတ်လာတာ....။ စစ်သားအနောက်ကနေပြီး ဆဲတာ အမေတွေ
ကိုင်တုတ်ပြီး မိများမိရင် ဘယ်လိုများလုပ်မလဲမသိဘူး...တာချီလိပ်မြိုထည်း ရောက်တော့ စစ်သားတွေလိုက်လာတာ မမြင်ရတော့ဘူး..
တည်းခိုခန်း ပြန်ရောက်တော့ တညလုံ ရင်တွေတုန်လို့ အကြောက်လွန်လို့ထင်တယ် မကြောက်လို့မရဘူးလေ
လက်တွေ့ဘဲ ..။
...ဒီထည်းမှာကြည့်နိုင်တယ်စစ်သားတွေ မိုက်ရိုင်းတာ---->--->--->
--->-->--> <>
(ကျနော်ရဲ ဘဝအတွေ့အကြုံ ဆက်လက်ဖေါ်ပြပါမည်)

**စိုင်းထွန်း(boston)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)