ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 22, 2011

ဇန်န၀ါရီလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

>
** တရုတ်နှင့် အမေရိကန် ဆက်ဆံမှု တိုးတက်စေရေး သမ္မတ ဟူကျင်တောင်နှင့် သမ္မတ အိုဘားမား ဆွေးနွေး **
(၀ါရှင်တန်၊ ဇန်န၀ါရီလ ၂၀ ရက်)
တရုတ်သမ္မတ ဟူကျင်တောင်သည် အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်၌ ဇန်န၀ါရီလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ ဆက်ဆံရေုးမြှင့်တင်နိုင်ရေး အချက်ငါးချင်ပါ အဆိုပြုချက်ကို တင်ပြလိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)

** စင်္ကာပူချန်ဂီလေဆိပ် ခရီးသည်ဝင်ထွက်မှု စံချိန်တင် **
(စင်္ကာပူ၊ ဇန်န၀ါရီလ ၂၀ ရက်)
စီးပွားရေးဦးမော့လာမှု ခိုင်မာအားကောင်းသည့် ပြယုဂ်အဖြစ် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သည် ၂၀၁၀ ခုနှစ်အတွင်း ခရီးသည်ဝင်ထွက်မှု ၄၂ သန်းကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း လေဆိပ်အာဏာပိုင်များက ထုတ်ဖော်ပြောကြားသည်။ အဆိုပါ ကိန်းဂဏန်း အရေအတွက်သည် ၂၀၀၉ ခုနှစ်ကထက် ၁၃ ရာခိုင်နှုန်း ပိုမိုများပြားလာပြီး ၂၀၀၈ ခုနှစ်၏ စံချိန် ၃၇ ဒသမ ၇ သန်းထက်လည်း ပိုမိုမြင့်မားလျက်ရှိသည်။ (အင်တာနက်)

** ဗြိတိသျှလူငယ် ငါးဦးလျှင် တစ်ဦးအလုပ်လက်မဲ့ဖြစ်နေ **
(လန်ဒန်၊ ဇန်န၀ါရီလ ၂၀ ရက်)
နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာပါ ကိန်းဂဏန်းများအရ အသက် ၁၆ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်ငါးဦးလျှင် တစ်ဦးသည် အလုပ်လက်မဲ့ဖြစ်သည်ဟု ဗြိတိသျှမီဒီယာများက ဖော်ပြသည်။ ယင်းကိန်းဂဏန်းများသည် တတိယသုံးလပတ်အတွင်း အလုပ်လက်မဲ့ဦးရေ ၃၂၀၀၀ မှ ၉၅၁၀၀၀ အထိ တိုးလာကြောင်း ညွှန်ပြလျက်ရှိပြီး ၁၉၉၂ ခုနှစ်မှ စတင်ဆန်းစစ်လျှင် အမြင့်ဆုံးစံချိန်ဖြစ်သည်ဟု ဆိုသည်။

** မြူနစ်မြို့အနီး ပေါက်ကွဲမှုဖြစ်ပွား၊ နေအိမ်တစ်လုံးပျက်စီးခဲ့ရ **
(ဘာလင်၊ ဇန်န၀ါရီလ ၂၀ ရက်)
ဂျာမနီနိုင်ငံ မြူးနစ်မြို့အနီး ဂျာမာရင်းမြို့ရှိ နေအိမ်တစ်လုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးထက်မနည်း သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ပြောကြားသည်။ ညသန်းခေါင်ယံအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာ နေအိမ်မှာ လုံးဝပျက်စီးသွားခဲ့ကြောင်း၊ အနီးအပါးရှိ နေအိမ်များပေါ်သို့ အပျက်အစီးအပိုင်းအစများ ကျရောက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)

** ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယာဉ်မတော်တဆဖြစ်ပွားမှု ကိုးဦးထက်မနည်း သေဆုံး **
(ဒါကာ၊ ဇန်န၀ါရီလ ၂၀ ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ အနောက်မြောက်ဘက်မှ ၂၆၈ ကီလိုမီတာကွားဝေးသော ဂိန်ဘန်ဒဟာခရိုင်ဆာဒူလာပါမြို့တွင် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားရာ လူကိုးဦးထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ (အင်တာနက်)

** ကွင်းစလန်းတွင် မိုးသက်မုန်တိုင်းများကျရောက် ရေလွှမ်းမိုးမှုအန္တရာယ်နှင့်
ရင်ဆိုင်နေရ **

(ဘရစ်စဘိန်း(သြစတြေးလျ) ဇန်န၀ါရီလ ၂၀ ရက်)
သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် အင်အားပြင်းထန်သော မိုးသက်မုန်တိုင်းများကြောင့် ရေလွှမ်းမိုးခံရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း၊ အရေးပေါ် ကယ်ဆယ်ရေးဌာနများ ညတွင်းချင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ရေလွှမ်းမိုးခြင်းခံရသော နေအိမ်များ၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးအတွက် အဟန့်အတားများနှင့် ရင်ဆိုင်နေကြရကြောင်း သြစတြေးလျသတင်းဌာန (အေအေပီ)က ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဖော်ပြသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- သတင်းလုလင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)