**ရင်ခုန်သံချင်းထပ်တူညီနိုင်မယ် ယုံကြည်လို့
သီချင်းတစ်ခုမှာ ငါတို့ အတူတူစီးမျောကြည့်ရအောင်...
အဲဒီသီချင်းထဲမှာ
တောင်တန်းကြီးတွေအကြောင်းပါမယ်...
ပင်လယ်ပြင်ကြီးအကြောင်းပါမယ်..
တောအုပ်လေးနဲ့ ငှက်ကလေးတွေအကြောင်းပါမယ်
လေပြေလေညှင်းနဲ့ပန်းလေးတွေအကြောင်းပါမယ်....
မိုးကောင်းကင်ကြီးနဲ့ တိမ်ဖြူတွေအကြောင်းပါမယ်.....
**ပြီးတော့
မင်းကို အရမ်းချစ်မိပြီဆိုတဲ့စကားကို
ပျား၊ ပိတုန်းတွေမနာလိုတဲ့အထိ ပန်းဘာသာနဲ့ရေးထိုးထားတဲ့
ကျောက်စာတစ်ချပ်အကြောင်းပါမယ်..
အရိုးရှင်းဆုံးရှေးသုံးဘာသာစကားတစ်ခုကို
နင့်အတွက် ကြယ်စာလုံးနဲ့ ငါသီကုံးမယ်.....
.
**နင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ငါ့ကိုယ်ငါ စာကြောင်းတစ်ကြောင်းအဖြစ် မှတ်တမ်းတင်ခွင့်ပြုခဲ့ပါ...
ကျေးဇူးပြုပြီးတော့ နိဂုံးနေရာမှာတော့ အမုန်းနဲ့အရှုံးကို ထာဝရပယ်သတ်ခဲ့ပေးပါ...
(စိတ်ကူးထဲမှာပေါ့)
လက်တွေ့ကျတော့
ရိုးရိုးရှင်းရှင်းလေးပါပဲ..
ကျွန်တော်ခင်ဗျားလေးကို ချစ်မိနေပြီ... ဒါပါပဲ...
(ရေးသားသူ = ဂျိုကာ ( kopaukkyi82@gmail.com )
**Soe Lay**

No comments:
Post a Comment