
- ကျွန်မရုပ်သွင် မောင်အမြင်ပဲ၊
ယခင်ရှေးက တွေ့ခါစပင်
အလှမရှိခဲ့ပါ မောင်........
- ရုပ်ဝါဆင်းပြင် အသွင်မလှ
မြင်မလှလည်း ရင်လွှာထဲမှ
အသည်းဖြူစင် မောင်တွေ့မြင်လို့
ကြင်နာယုယ မေတ္တာမျှတော့
ဘ၀ကုံလုံ ပြီးပြည့်စုံပြီ
ယုံကြည်မှတ်ထင်ခဲ့သော်လည်း....

- အသည်းသာလှ လူမလှဟု
မောင်က ငြိုငြင် အပြစ်တင်ပြီး
ပြင်ပြင်စိမ်းကာ မေ့ကွက်ရှာတော့
မျက်နှာငယ်ရ ကျည်းတန်မမှာ
ချေပစရာ ခွင့်မသာခဲ့......
- သေချာနှိုင်းဆ မှတ်ချက်ချသော်
ခုမှမဆိုး ရှေးက ဆိုးသည့်
ရုပ်ဆိုးကျွန်မ မလှပတာ
မဆန်းပါဘူး......
မောင်သာ နှစ်လို အချစ်ပိုက
ရွှေကိုယ်မိုးကျ နတ်မယ်လျလို
ကျွန်မ လှနေမှာပေါ့ မောင်..........။
**(မော်မော်အေး-မြန်မာစာ)**
မဂ္ဂဇင်းအဟောင်း တစ်ခုထဲက တွေ့တာကို သဘောကျမိလို့ပါ....
..** moe hninsi**

- ကျွန်မရုပ်သွင် မောင်အမြင်ပဲ၊
ယခင်ရှေးက တွေ့ခါစပင်
အလှမရှိခဲ့ပါ မောင်........
- ရုပ်ဝါဆင်းပြင် အသွင်မလှ
မြင်မလှလည်း ရင်လွှာထဲမှ
အသည်းဖြူစင် မောင်တွေ့မြင်လို့
ကြင်နာယုယ မေတ္တာမျှတော့
ဘ၀ကုံလုံ ပြီးပြည့်စုံပြီ
ယုံကြည်မှတ်ထင်ခဲ့သော်လည်း....
- အသည်းသာလှ လူမလှဟု
မောင်က ငြိုငြင် အပြစ်တင်ပြီး
ပြင်ပြင်စိမ်းကာ မေ့ကွက်ရှာတော့
မျက်နှာငယ်ရ ကျည်းတန်မမှာ
ချေပစရာ ခွင့်မသာခဲ့......
- သေချာနှိုင်းဆ မှတ်ချက်ချသော်
ခုမှမဆိုး ရှေးက ဆိုးသည့်
ရုပ်ဆိုးကျွန်မ မလှပတာ
မဆန်းပါဘူး......
မောင်သာ နှစ်လို အချစ်ပိုက
ရွှေကိုယ်မိုးကျ နတ်မယ်လျလို
ကျွန်မ လှနေမှာပေါ့ မောင်..........။
**(မော်မော်အေး-မြန်မာစာ)**
မဂ္ဂဇင်းအဟောင်း တစ်ခုထဲက တွေ့တာကို သဘောကျမိလို့ပါ....
..** moe hninsi**


No comments:
Post a Comment