ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 27, 2011

ရိုးသားမှုရသ

>

ခေတ်က သိပ်ကိုတိုးတက်လာပါတယ်။ တိုးတက်လာတဲ့ခေတ်က ပြဋ္ဌာန်းလိုက်တဲ့ လူတွေရဲ့ ကြံစည် ပြောဆို ပြုမူဆောင် ရွက်ပုံတွေကလည်း သိပ်ကိုဆန်းကြယ်လာပါတယ်။ တိုးတက်လာတဲ့ခေတ်က လူတွေကို မရိုးသားမှုဆီ တွန်းပို့နေတယ်လို့ ကောက်ချက်ချရင်တော့ မှားပါလိမ့်မယ်။ ဒါပေမယ့် တနေ့ထက်တနေ့ ဆန်းပြားလာတဲ့ လူမှုဘ၀ပတ်ဝန်းကျင်က ရိုးသားမှုဆီအရောက်သွားဖို့ လမ်းတွေကို ကျဉ်းမြောင်းလာစေတယ်လို့တော့ မယုတ်မလွန်ကောက်ချက်ချနိုင်ပါတယ်။
ရိုးသားမှုလို့ ကျနော်တို့ပြောကြတဲ့အခါတိုင်း ရိုးရိုးကြီး၊ တုံးတုံးကြီး၊ ဆန်းသစ်တီထွင်မှုမရှိတာ စသဖြင့် အများစုက အမှတ်အထင် မှားတတ်ကြတာပါပဲ။ ရိုးသားမှုဆိုတာနဲ့ ရိုးရိုးကြီး၊ တုံးတုံးကြီး၊ ဆန်းသစ်တီထွင်မှု မရှိတာတွေက တခြားစီပါပဲ။ တကယ်တမ်းကျတော့ ရိုးသားမှုဟာ အမြဲတမ်းခေတ်မီခြင်း၊ အမြဲတမ်းဆန်းသစ်ခြင်း၊ အမြဲတမ်းတောက်ပခြင်း၊ အမြဲတမ်းမှန်ကန်ခြင်း၊ အမြဲတမ်း နှစ်လိုဖွယ်ကောင်းခြင်းပါပဲ။

ကျနော်တို့ရဲ့ နေ့စဉ်လူမှုဘ၀တွေမှာ ရိုးသားမှုကိုတော့ လူတိုင်းက နှစ်သက်ခုံမင်ကြတာချည်းပါပဲ။ ရိုးသားမှုရဲ့ရလဒ် ကောင်းတွေကို လူတိုင်းသိနိုင် ခံစားနိုင်ကြပါတယ်။ အနည်းဆုံးတော့ “ခင်ဗျားနှယ် ရိုးလိုက်တာ” လို့ အပြောခံလိုက်ရရင်တောင်မှ ကျေနပ်နှစ်သက်စရာကောင်းတဲ့ပီတိကို ခံစားရမှာပါ။ ၀မ်းနည်းစရာကောင်းတာက ရိုးသားမှုအတွက် နည်းလမ်းအမျိုးမျိုး အဆိုအဆုံးမ အမျိုးမျိုးရှိနေလင့်ကစား အများစုက မေ့လျော့ထားတတ်ကြတာပါပဲ။
ကျနော်တို့ရဲ့ နေ့စဉ်ဘ၀တွေက လိုချင်တပ်မက်မှု = တဏှာ၊ အယူအစွဲ = အတ္တ၊ ထောင်လွှားမှု = မာန စတာတွေနဲ့ လူလုပ်နေကြရတာပါ။ ကျနော်တို့ဟာ အမှုကိစ္စတစ်ခုကိုပြုတိုင်း ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတာကို သတိရှိလို့ ဆင်ခြင်မိရင်တောင်မှ ကောင်းရုံနဲ့သာ ကြံတယ်၊ မှန်ရုံနဲ့သာ ပြောတယ်၊ အကျိုးရှိရုံနဲ့သာ လုပ်တော့တယ်။ အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးမှာ ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတဲ့ချက်မိအောင် မဆင်ခြင်ဖြစ်တော့ပါဘူး။ အချိန်၊ နေရာနဲ့ ဆောင်ရွက်ပုံကိုလည်း ထည့်မတွက်မိတော့ဘူး။ ကျနော်တို့ရဲ့ လိုချင်တပ်မက်မှု၊ အယူအစွဲနဲ့ ထောင်းလွှားမှု စတာတွေက အခွင့်အလမ်း တွေကို အမိအရဆုပ်ကိုင်ဖို့ တွန်းအားပေးနေကြတာကြောင့်ပါပဲ။ ဒါတွေကြောင့်ပဲ ကျနော်တို့ရဲ့နေ့စဉ်ဘ၀မှာ အမှားအယွင်းတွေနဲ့ ထိပ်တိုက်တိုးနေတော့တာပါ။ ဒါတွေကြောင့်ပဲ ကျနော်တို့မှာ မရိုးသားမှုတွေက ကျွဲပခုံးထနေတော့တယ်။ စေတနာထက်သန်စွာနဲ့ ပြုမိတဲ့ကိစ္စမှာတောင် အဆင်အခြင်နည်းတော့ စေတနာအမှားဖြစ်ရတယ်လို့ လူတချို့ ငြီးငြူတတ်ကြပါသေးတယ်။ ရည်ရွယ်ချက်ရှိရှိ မရိုးမသားပြုမူကျူးလွန်တဲ့ ကိစ္စတွေအတွက်တော့ ကျနော်တို့မှာ ဆွေးနွေးစရာ အကြောင်းမရှိပါ။
ရိုးသားမှုနဲ့ပတ်သက်လို့ နှစ်သက်စရာကောင်းတဲ့ အဆုံးအမတချို့ကို မိတ်ဆက်ပါရစေ။

“မကြံစည်ခင်က ဆင်ခြင်ဦး၊ ကြံစည်နေတုန်း ဆင်ခြင်ဦး၊ ကြံစည်ပြီးလည်း ဆင်ခြင်ဦး။ မပြောခင်က ဆင်ခြင်ဦး၊ ပြောနေတုန်းလည်း ဆင်ခြင်ဦး၊ ပြောပြီးတော့လည်း ဆင်ခြင်ဦး။ မလုပ်ခင်က ဆင်ခြင်ဦး၊ လုပ်နေတုန်းလည်း ဆင်ခြင်ဦး၊ လုပ်ပြီးတော့လည်း ဆင်ခြင်ဦး။ ဘာမှတ်ကျောက်နဲ့ ဆင်ခြင်သင့်သလဲဆိုတော့ ကောင်းသလား၊ မှန်သလား၊ အကျိုးရှိသလားဆိုတဲ့ မှတ်ကျောက်နဲ့ ဆင်ခြင်ရမယ်။ ကာလ = အချိန်၊ ဒေသ = နေရာ၊ ပယောဂ = အဆောင်အရွက် စတာတွေနဲ့လည်း ချင့်ချိန်ပြီး ကောင်းတယ်၊ မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြံပါ၊ ပြောပါ၊ လုပ်ပါ။ အဲဒီမှတ်ကျောက်နဲ့ တစ်ခုခုလွဲနေပြီဆိုရင်တော့ မကြံနဲ့၊ မပြောနဲ့၊ မလုပ်နဲ့တော့။ ဒါဆို အမှားအယွင်းနဲ့ လွတ်ပြီ။ ဒီနည်းနာကို နေ့စဉ်ဘ၀တွေမှာ လိုက်နာနိုင်မယ်ဆိုရင် စိတ်ပိုင်း ရုပ်ပိုင်း သန့်ရှင်းစင်ကြယ်မှုဟာ ပေါ်လွင်လာလိမ့်မယ်။ တနည်းအားဖြင့် စိတ်ပိုင်း ရုပ်ပိုင်းရဲ့ ရိုးသားမှုဟာ အထွတ်အထိပ်ရောက်လာတော့တာပဲ။ ကြံသမျှ၊ ပြောသမျှ၊ လုပ်သမျှတွေလည်း အောင်မြင်တော့တာပဲ။”
ရိုးသားမှုကို ဘာသာဗေဒနည်းအရလည်း ကျနော်တို့ ချဉ်းကပ်ဆန်းစစ်နိုင်ပါသေးတယ်။
ဘာသာဗေဒ ဒဿနပညာရှင် Ludwing Wittgenstein က သူ့ရဲ့ အဆိုအမိန့်တစ်ခုမှာ “တစ်ဦးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုဖော်ပြဖို့ ဘာသာစကားအသုံးပြုနည်းလမ်းကို ရွေးချယ်လိုက်ပြီဆိုရင် ဒါဟာ တွေးဖို့ရွေးချယ်လိုက်တာပဲ။ သူဟာ တွေးဖို့ ရွေးချယ်တယ်ဆိုရင် နေထိုင်ဖို့ ရွေးချယ်တာပဲ” တဲ့။ ဒါကို ကျနော်တို့ သရုပ်ပြအဓိပ္ပါယ်ထပ်ဖွင့်မယ်ဆိုရင် “တစ်ဦးတစ်ယောက်ဟာ ရိုးရိုးသားသား ပြောဆိုလိုက်ပြီဆိုတာနဲ့ သူဟာ ရိုးသားမှုကို ဖန်းတီးတာပါပဲ။ ဖန်တီးပြီဆိုတာနဲ့ သူဟာ သူဖန်တီးတဲ့ရိုးသားမှုထဲမှာ နေထိုင်တော့တာပါပဲ” လို့ ထပ်ပြီးချဲ့ကားနိုင်ပါတယ်။
ရှင်းပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ဖန်တီးတဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ ကျနော်တို့နေထိုင်ခွင့်ရကြတာပါ။ အကယ်၍ တစ်စုံတစ်ဦးဟာ ရှုပ်ရှုပ်ထွေးထွေးတွေဖန်တီးရင် ရှုပ်ထွေးတဲ့သူ့ကမ္ဘာမှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးရင်တော့ ရှင်းလင်းတဲ့ကမ္ဘာမှာ နေထိုင်ခွင့်ရမှာဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ဖန်တီးလျှက်သားနဲ့ ရလဒ်ကရှုပ်ရှုပ်ထွေးထွေးပဲဆိုရင်တော့ ကျနော်တို့ရဲ့ရိုးသားမှုဟာ အခြေအမြစ်မမှန်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ အခြေအမြစ်မမှန်ဘူးဆိုတာက မရိုးသားမှုနဲ့ ကပြားစပ်ကျထားတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် မရိုးသားမှုတွေက ကျနော်တို့ကို ဖိနှိပ်အနိုင်ယူလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ရိုးသာမှုရဲ့ အဓိကရန်သူဟာ မရိုးသားမှုပါပဲ။
ကျနော်တို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကိုဖန်တီးတဲ့အခါမှာ ရိုးသားရုံနဲ့ ပြည့်စုံလုံလောက်ပြီလို့ ကျေနပ်မနေဖို့လည်း အရေးကြီးပါတယ်။
ခေတ်က သိပ်ကိုတိုးတက်လာပါတယ်။ သိမှု ဗေဒက ပိုပြီးကျယ်ပြန့်လာသလို တတ်မှု နည်းပညာတွေကလည်း အလွန်ပဲ ထွန်းကားပါတယ်။ မရိုးသားမှုဟာ ခေတ်ရဲ့စီးကြောင်းကိုလိုက်ပြီး ခြေလှမ်းသွက်သွက် အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျယ်ပြန့်လျှက်ပါပဲ။ ကျနော်တို့ရဲ့ရန်သူကို တိုက်ခိုက်ဖိနှိပ်နိုင်ဖို့ ကျနော်တို့ရဲ့ ရိုးသားမှုရေချိန်ကို အမြဲမြှင့်ထားကြရပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရိုးသားမှုလက်နက်ကို အမြဲချွန်မြနေစေရပါမယ်။ ကျနော်တို့ရဲ့ရိုးသားမှုကို အမြဲမပြတ်သတိကပ်ထားရပါလိမ့်မယ်။ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀ထဲကိုဝင်လာတဲ့ အယောင်ဆောင်ရိုးသားမှုတွေကို ချေမှုန်းတိုက်ခိုက်ရပါလိမ့်မယ်။ ဖိနှိပ်အနိုင်ယူရဲရပါမယ်။ ခုတ်ထစ် ပိုင်းဖြတ်ပစ်ကြရပါလိမ့်မယ်။
ရိုးသားမှုဟာ အမြဲတမ်းခေတ်မီခြင်း၊ အမြဲတမ်းဆန်းသစ်ခြင်း၊ အမြဲတမ်းတောက်ပခြင်း၊ အမြဲတမ်းမှန်ကန်ခြင်း၊ အမြဲတမ်း နှစ်လိုဖွယ်ကောင်းခြင်းပါပဲ။
ရိုးသားမှုရဲ့ ပကတိအလှတရားကို ခံစားခွင့်ရတဲ့ ရသကသာ ခေတ်အဆက်ဆက် အချိုမြိန်ဆုံးဖြစ်ပါ တော့တယ်။

**ကိုဇင်**
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၇) ရက်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)