ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, February 27, 2011

ယာယီပတ်စပို့ အဆိပ်သင့်နေကြသောမြန်မာအလုပ်သမားများ

> ခေါင်းစဉ်က ပုတ်ခတ် တိုက်ခိုက်သလိုဖြစ်နေတယ်လို့ စာရေးသူကိုပြောကြမယ်ထင်ပါတယ်။အဖြေမှန်တွေအ
ထောက်အထားတွေ ထားစရာမရှိအောင်များပြားလွန်းတာကြောင့် သို့ဂလိုနာမည်ပေးရတာပါ။အနီးစပ်ဆုံးတွေ
ပြောပြပါမယ်။
(၁)၂၀၁၀ ခုနှစ်နိုဝင်ဘာ၂၉ရက် နေ့ က ယာယီပတ်စပို့ရှိတဲ့အသက်၅၀ အရွယ် ဒေါ်ဌေးဆိုတဲ့အမျိုးသမီးတစ်ဦး ကိုမဲဆောက် ရဲကတစ်နေ့ တည်း မှာ၂ကြိမ်တောင်အဖမ်းခံရပါတယ်။ပိတ်ဆံပေးမှလွတ်တယ်။

(၂)၂၀၁၀ ခုနှစ်ဒီဇင်ဘာ၁၀ ရက်နေ့ ဘန်ကောက်မြို့ဘန်ဘူအရပ်မှာရှိတဲ့မွေ့ယာအလုပ်ရုံ ကအလုပ်သမား၃၅ ဦးမှာ ၂၀ဦးက(ဘတ်)ရှိတယ်။ယာယီပတ်စပို့ရှိတဲ့၁၅ဦးက Work Permit လျှောက်ထားဆဲဖြစ်လျှက်နဲ့ အားလုံး ကို၄၈ ရက်ဖမ်းဆီးထောင်ချပါတယ်။ထောင်ကလွတ်ပြီးတော့ IDC လို့ခေါ်တဲ့ထိုင်းလ၀ကရုံးချုပ်က အချုပ်ခန်း
ကိုပြောင်းပါတယ်။အပြင်မှာမိသားစုရှိတဲ့လူတွေမှာ တစ်ယောက်ကို ဘတ်ငွေ ၅၅၀၀ပေးမှလွတ်မြောက်ပါတယ်။ မပေးနိုင်တဲ့လူ၃၀ လောက်ကတော့ မဲဆောက် ကိုအပို့ ခံရပြီး မြ၀တီဘက်က မြန်မာစစ်တပ်နဲ့ မြ၀တီပွဲစား ဂိတ် မှာ တစ်ယောက်ကို ဘတ်ငွေ ၂၀၀၀ စီပေးမှ လွတ်မြောက်ခဲ့ကြပါတယ်။

(၃)၂၀၁၁ခု ဖေဖေါ်ဝါရီလ၁၇ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းက ပတ္တရား ပင်လယ်ကမ်းခြေက ဟိုတယ်တစ်ခု မှာအလုပ်လုပ်တဲ့ ကိုအောင်ဆန်းဦး ဆိုတဲ့အလုပ်သမားဟာ Work Permit လုပ်ဖို့ ဘန်ကောက်က ဒိန်းဒန်ရုံးကို ပို့ ထားတယ်။ဒါကြောင့်မိတ္တူ ကိုပဲ ရဲကိုပြနိုင်ခဲ့တာကြောင့် ပတ္တရား ရဲစခန်းမှူးကြီးကိုယ်တိုင် ၂ရက်၂ည ဖမ်းချုပ်ပြီး ဘတ်ငွေ ၁၂၀၀၀/ ပေးမှပြန်လည်လွတ်မြောက်လာခဲ့ရတယ်။

မလုပ်ပဲနေလို့လည်းမရ၊လုပ်လိုက်ပြန်တော့လည်း ဘာမှအကြောင်းမထူးဘူးလို့ဘာ့ကြောင့်ပြောနေကြတာလဲ?
ဟုတ်တယ်…ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကြားထဲမှာ သံသယဖြစ်နေကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီယာယီပတ်စပို့ လုပ်တဲ့အလုပ်ကို ယုံကြည်မှုကင်းမဲ့နေကြတယ်။ ကျွန်သက်ရှည်အောင်လုပ်နေတာလား။ဘာကြောင့်ဒီလိုမေးကြသလဲ။………….အဖြေက…
(၁)ငွေကုန်ကျများလွန်းတယ်။(၂)နှစ်နိုင်ငံအစိုးရတို့ ပြောဆိုကတိပေးခဲ့တဲ့အတိုင်းလုံခြုံမှုနဲ့ လွတ်လပ်ခွင့်မရှိခြင်း
(၃)မိမိတို့ လက်ဝယ် ကိုင်ဆောင်ခွင့်မရှိခြင်း (၄)Work Permit ၏ကန့် သတ်ချုပ်ချယ်မှု မြင့်မားခြင်းတို့ ကြောင့် ဖြစ်တယ်လို့ အလုပ်သမားတွေကပြောကြတယ်။

(၁)ငွေကုန်ကျများလွန်းခြင်း
ထိုင်းနဲ့ မြန်မာအစိုးရတို့  ယာယီပတ်စပို့ လုပ်ကြဖို့ ပြောခဲ့တုန်းက ထိုင်းအစိုးရကို ပြည်ဝင်ခွင့်ဗီဇာခ ဘတ်ငွေ
၅၀၀ ပေးရပြီး မြန်မာအစိုးရဘက်ကို ဘတ် ၁၀၀(ကျပ်ငွေ၃၀၀၀) ပေါင်း ဘတ်ငွေ ၆၀၀ ပဲကုန်ကျမယ်လို့ ပြော
ခဲ့ကြပါတယ်။Work Permit နဲ့ ကျမ္မာရေးစောင့်ရှောက်ခ(သွေးစစ်ခ)ဆိုတာတွေကိုရှင်းရှင်းလင်းလင်း မပြော ခဲ့ပါဘူး။နောက်မှ သီးခြားဆိုတာပြောလာတယ်။မလုပ်မနေရအောင် အမျိုးမျိုးအကြပ်ကိုင်လာတယ်။ထိုင်းအင်
ဂျီအိုတွေကိုယ်တိုင်ကလုပ်ကြဖို့ဆော်သြတိုက်တွန်းလာတယ်။လုပ်ငန်းရှင်တွေ တင်းကြပ်လာတယ်။ထိုင်းပုလိပ် တွေအဖမ်းကြမ်းလာတယ်။အလုပ်ရှာရင် ပတ်စပို့ ရှိမှ အလုပ်လက်ခံတယ်၊အလုပ်ရှာရလွယ်ကူတယ်။

အမှန်တကယ်လုပ်လာတဲ့အခါ ထိုင်းအစိုးရ ကိုယ်တိုင်လုပ်မပေးပဲ ပွဲစားကုမ္ပဏီ၂၀ လောက်ကို
လုပ်ကိုင်ခွင့်ချပေးလိုက်ပါတယ်။အဲဒီမှာ ယာယီပတ်စပို့လုပ်ငန်း ငါးပါးမှောက်တော့တာပဲ။ထိုင်းအစိုးရက ပွဲစားလုပ်ငန်းကိုအားပေးတယ်။မြန်မာအစိုးရကတော့ နယ်စပ်တွေကနေလုပ်ပေးတယ်။ဒီမှာ အလုပ်သမားတွေအတွက်။အချိန်ကုန်၊ကားခကုန်၊အသုံးစရိတ်တွေ ကုန်ကြရတော့တယ်။
ထူးခြားတာက ထိုင်းနိုင်ငံအတွင်းမှာ လာအလုပ်လုပ်နေကြတဲ့ ကမ္ဘောဒီးယားတို့ လာအိုအစိုးရတို့ နဲ့ ကျနော်တို့မြန်မာအစိုးရနဲလုံးဝကွာခြားပါတယ်။ဒီအစိုးရတွေကထိုင်းနိုင်ငံအတွင်းကိုလာပြီးသူတို့အလုပ်
သမားတွေရှိ တဲ့ နေရာမှာလုပ်ပေးပါမယ်။သူတို့ ယာယီပတ်စပို့ အတွက်စုစုပေါင်းကုန်ကျငွေ ဘတ်ငွေ၅၀၀ သာဖြစ်ပါတယ်။
သူတို့အစိုးရဟာ ပြည်ပမှာအလုပ်လာလုပ်ပြီး မိမိတိုင်းပြည်ကို ငွေပြန်ပို့ တဲ့လုပ်သားတွေ အဖြစ် တလေးတစား ရှိကြတယ်လို့ အဲဒီနိုင်ငံသားတွေကပြောကြပါတယ်။
ထိုင်းနိုင်ငံမှာ ဘယ်နေရာကပဲလုပ်လုပ် ယာယီပတ်စပို့ ကိစ္စသက်သက်ကို အနည်းဆုံး ဘတ် ၁၀၀၀၀ ကနေ
ဘတ်၂၀၀၀၀ အတွင်းမှာ ကုန်ကျနေပါတယ်။ ကုမ္ပဏီရဲ့ကြမ်းခင်းဈေးအနည်းဆုံးကိုယ်က ၅၅၀၀ ဘတ်ပေါက်
ဈေးဖြစ်ပါတယ်။ ယာယီပတ်စပို့ လုပ်ပြီးတာနဲ့ တပြိုင်တည်း တစ်လအတွင်း Work Permit လျှောက်ထားရ
မယ်ဆိုတဲ့ တင်းကြပ်တဲ့စည်းကမ်းကချမှတ်ထားပြန်တယ်။ အဲဒီ Work Permit လျှောက်ထားဖို့ အတွက်လည်းဆေးရုံမှာ သွေးစစ်ဆေးပြီးဖြစ်ကြောင်း ဆေးစာရွက်ဖြတ်ပိုင်းကိုပါ တပါတည်းတင်ပြရပါတယ်။
( ထိုင်းမှာရှိကြတဲ့အလုပ်သမားတိုင်း တပြိုင်တည်းကုန်မယ့် ကျမ္မာရေးစောင့်ရှောက်ခွင့်က ၂၀၁၁ ဖေ
ဖေါ်ဝါရီလ ၂၈ ရက်နေ့ မှာသက်တမ်းကုန်ပါတယ်။ ဒါကြောင့် အလုပ်သမားတိုင်း တချို့၂လ ကနေ ၆လအထိ
မတရားဆုံးရှုံးခံလိုက်ရပါတယ်။(ဆိုလိုတာက ခေါင်းပုံဖြတ်လိုက်တာပါ။)( ပြီးခဲ့တဲ့နှစ်က ဒီယာယီပတ်စပို့ လုပ်
ကိုင်တာကို အရှုပ်အထွေးကင်းအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ဟန်တူပါတယ်။၂၀၁၀ခုနှစ်မှာ မြန်မာအလုပ်သမားတိုင်းကိုနေထိုင်ခွင့်နဲ့ ကျမ္မာရေးစောင့်ရှောက်ခ တစ်နှစ်စာ အပြည့်အ၀ ယူခဲ့ပေမယ့် ၈လသာနေထိုင် ခွင့်ပြုခဲ့တာ ကြောင့် အလုပ်သမား၃သိန်း ဘတ်လုပ်ထားရင် မြန်မာအလုပ်သမား တစ်သိန်းအတွက် ထိုင်းအစိုးရက မတရား ယူလိုက်တယ်လို့ ပြောနိုင်ပါတယ်။)

**Work Permit ကိစ္စ **
ယာယီပတ်စပို့ လုပ်ပြီးလို့ နယ်စပ်က ပြန်ရောက်ပြီးတစ်လအတွင်း နီးစပ်ရာသတ်မှတ်ထားတဲ့ဆေးရုံမှာ ဘတ်ငွေ၁၉၀၀ ပေးသွင်းပြီးတော့ သွေးစစ်ရပါတယ်။ဒီသွေးစစ်လက်မှတ်နဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ဒိန်းဒန်
အရပ်မှာရှိတဲ့ အလုပ်သမားဝန်ကြီးရုံးမှာ လျှောက်ထားရပါတယ်။ အစိုးရသတ်မှတ်ဈေးက တစ်နှစ်စာ အတွက်
ဘတ်၁၈၀၀ ပေးသွင်းရပါမယ်။ ဒါပေမယ့် ပုံမှန်အတိုင်း စောင့်ရမယ်ဆိုရင် အနည်းဆုံး၃လမှ ၇ လအထိ ကြာပါမယ်။ ဒါကြောင့် အဲဒီရုံးအောက်မှာ ထိုင်းပွဲစားတွေနဲ့ မြန်မာပြည်သားပွဲစားတွေ ပေါင်းပြီးလုပ်စားနေတာကို ဘတ်ငွေ ၇၀၀ပေးရင်တော့ တစ်ပတ်အတွင်း ငွေပေးသွင်းပြီးကြောင်း ပြေစာ(Work Permit)ထုတ်ယူမယ့်စာရွက်ကိုရရှိပါတယ်။ဒီရုံးကိုအလုပ်သမားတွေကိုယ်တိုင်းမသွားပဲ အလုပ်ရုံက ပွဲစားတွေနဲ့ ၊အပြင်ပွဲစားတွေ ကို ပွဲစားခဘတ်၁၀၀၀/၂၀၀၀ ပေးပြီးလုပ်ပေးကြပါတယ်။၂နှစ်စာအတွက် တပြိုင်တည်းလုပ်လိုကလုပ်နိုင်ပါတယ်။
ဆိုတော့ ယာယီပတ်စပို့ လုပ်ခနဲ့ Work Permit လုပ်ခတွေ ပွဲစားခတွေပေါင်းလိုက်ရင် မြန်မာအလုပ်သမားတစ်ယောက်အနေနဲ့ ဘတ်ငွေ ၂၀၀၀၀ ထက်မနည်းကုန်ကျနေတာကို တွေ့ ရှိရမှာဖြစ်ပါတယ်။မြန်မာအလုပ်သမား သမားတွေ ခါးစည်းပြီးလုပ်နေကြရပါတယ်။ ဒီလောက် ကုန်ကျများနေတာကို ထိုင်းအစိုးရ ကော မြန်မာအစိုးရပါ သိပါတယ်။

မြန်မာအစိုးရ က ယာယီပတ်စပို့ လုပ်ပေးတဲ့ရုံးတွေမှာ ဆိုင်းဘုတ်ကြီးတင်ထားတာက
ထိုင်းအလုပ်သမားတွေနဲ့ အလုပ်ချိန်၊ခရီးသွားလာခွင့်၊ကျမ္မာရေးစောင့်ရှောက်ခွင့် တန်းတူရရှိမည်ဖြစ်သည်။
(၁)ဖမ်းဆီးခြင်းမရှိ(၂)တားဆီးစစ်ဆေးခြင်းမရှိ(၃)အခွန်ကောက်ခြင်းမရှိ ….. ဆိုပြီးတော့ ရေးထားပါတယ်။
မြန်မာနဲ့ ပတ်သက်တဲ့ထိုင်းအင်ဂျီအိုက မြန်မာဝန်ထမ်းတွေနဲ့  ပတ်စပို့ ပွဲစားကုမ္ပဏီက မြန်မာဝန်ထမ်းတွေက မြန်မာအလုပ်သမားတွေကိုယာယီပတ်စပို့ လုပ်ဖို့ တိုက်တွန်းပြောဆှိုခဲ့ကြတယ်။
ထိုင်းအစိုးရရဲ့တရားဝင်ထုတ်ပြန်ကြေညာချက်အရ ၂၀၁၀ နှစ်ကုန်မှာ မြန်မာအလုပ်သမားပေါင်း ၃သိန်းခွဲလုပ်
ပြီးပြီးလို့ သိရှိရပါတယ်။ လက်ရှိ နေ့ စဉ်လုပ်နေတဲ့ တိုးတက်နေတဲ့ အရေတွက်ကို ထားပြီးတော့ လက်ရှိ လုပ်ကိုင်ပြီးစီးထားသူ ၃သိန်းခွဲနဲ့ ပျမ်းမျှကုန်ကျငွေ ဘတ်နှစ်သောင်းနဲ့ တွက်ရင်(၇,၀၀၀ ,၀၀၀,၀၀၀)
ထိုင်းဘတ်ငွေ သန်းပေါင်းခုနစ်ထောင် လောက်ထိုင်းအစိုးရနဲ့ ထိုင်းပွဲစားကုမ္ပဏီတွေလက်ထဲကို မြန်မာအလုပ်သမားတွေ ပေးသွင်းခဲ့ပြီးဖြစ်ပါတယ်။မြန်မာပြည်ကိုရောက်မယ့်ငွေတွေ ထိုင်းနိုင်ငံမှ မတရားသဖြင့်ဖိတ်စင်ကုန်တာဖြစ်တယ်။ မြန်မာအလုပ်သမားတွေ ငွေပြန်မပို့နိုင်ဖြစ်နေကြတာ အထူးစိတ်မကောင်းစရာဖြစ်တယ်။
(၂)နှစ်နိုင်ငံအစိုးရတို့ ပြောဆိုကတိပေးခဲ့တဲ့အတိုင်း လုံခြုံမှုနဲ့ လွတ်လပ်ခွင့်မရှိခြင်း
မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်လိုကြတာကြောင့်
ချေးငှါးပေါင်းနှံပြီးတော့ ယာယီပတ်စပို့ လုပ်ခဲ့ကြပါတယ်။အချို့ဆိုရင် နေရပ်ရင်းမြန်မာပြည်ကိုငွေပြန်မှာပြီး လုပ် ခဲ့ကြပါတယ်။ ထိုင်းအစိုးရသတ်မှတ်သလိုပဲ ယာယီပတ်စပို့ ရော Work Permit ကိုပါ အမြန် လုပ်ကိုင်ခဲ့ကြပါတယ်။ အလုပ်သမားအားလုံးနီးပါးတို့ ဟာ မိမိငွေနဲ့ လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်အလုပ်သမားတွေကြုံနေကြရတာက(၁)ပတ်စပို့ နဲ့ Work Permit တို့ ကို လုပ်ငန်းရှင် တို့က သိမ်းထားတာခံနေကြရတယ်။
(၂)မဲဆောက်နဲ့ မယ်တော်ဆေးခန်းတို့ ကို ဆေးဝါးကုဖို့ သွားတဲ့အလုပ်သမားတွေကို ပြည်ဝင်ခွင့်ဗီဇာ Re-entry ထုခအတွက် ဆိုပြီးတော့ဘတ်ငွေ ၁၂၀၀ ပေးနေကြရပါတယ်။လ၀ကမှာ အ၀င်/အထွက်တုံးထုဖို့ တန်းစီရင် တညအိပ်ရမှာဖြစ်ပါ တယ်။ မဲဆောက်တံတားအောက်က လ၀ကနဲ့ ပေါင်းထားတဲ့ ကားနဲ့ ဘန်ကောက်၊ မဟာချိုင်ကို သွားဖို့ လက်မှတ်ဝယ်မှ ထိုင်းလ၀က က တုံးထုပေးပါတယ်။အပြင်မှာ ကားခ ၃၇၀ ဘတ်ဝန်း ကျင်သာပေးရပေမယ့် သူတို့ဆီမှာ ၀ယ်ရင်ဘတ် ၈၀၀ ပေးရပါတယ်။ခေါင်းပုံဖြတ်လို့ ဈေးကြီးနေပေမယ့် မြန်မာအလုပ် သမားတွေက မြန်မြန်ပြန်ရရင်ပြီးရော့ ဆိုပြီး ပေးနေကြဆဲဖြစ်ပါတယ်။( မြန်မာပြည်ကိုပြန်သွားရ သူများ ပေးဆောင်ရခြင်းကိုမဆိုလိုပါ။မဲဆောက်ကိုသွားလို့ မတရားပေးနေတာကိုဆိုလိုခြင်းသာဖြစ်ပါတယ်။)
(၃) တစ်နေရာကတစ်နေရာကိုသွားရင် ယာယီပတ်စပို့ သက်သက်နဲ့ မရဘူး။ Work Permit ပါရမယ်။ဒါ့အပြင် WorkPermit ပိုင်ရှင်အတိုင်း/ပါ အလုပ်အတိုင်းလုပ်ရမယ်လို ထိုင်းရဲတွေက ဆိုပြန်တယ်။အလုပ်သမား ကိုဖမ်း ဆီး၊ဒဏ်ငွေရိုက်ပြီး ပတ်စပို့ မှာ ပြည်နှင်ဒဏ်ပေးတံဆိပ်ရိုက်လိုက်ပါတယ်။အဆိုးဆုံးက အလုပ်သမားတွေမှာ ပါလာတဲ့ ငွေတွေ၊ဖုန်း တွေကို ထိုင်းပုလိပ်တွေက ရိုက်နှက်ပြီး လုယက် ယူငင်ပါတယ်။ သက်သေအထောက်အထား(ကားနံပါတ်)ကိုမှတ် ထားပြီးတော့ အင်ဂျီအိုနဲ့  သွားပြီး သက်ဆိုင်ရာ ရဲစခန်းကို သွားပြီးတိုင်ချက်ဖွင့်ခဲ့ပေမယ့် အရေးယူဆောင်ရွက် ပေးခြင်းမရှိခဲ့ပါ။

(၄) ယာယီပတ်စပို့ လုပ်ကိုင်ထားပြီး Work Permit လုပ်ဖို့အတွက်မဟာချိုင်စက်ရုံကငွေဖြတ်တောက်ထားပြီး လုပ်မပေးတာကို မြန်မာသံရုံးသို့ အလုပ်သမားတွေ ကိုယ်တိုင် သွားရောက်တိုင်တန်းခဲ့ပေမယ့် အရာမထင်ပါ။

(၅) ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)နဲ့ ယာယီပတ်စပို့ ရှိပေမယ့် Work Permit မရှိ
တာကြောင့် အလုပ်သမား၃၅ဦး ဘန်ဘူ အကျဉ်းထောင်မှာ ၄၈ ရက်တိတိ ထောင်ကျခံခဲ့ရပါတယ်။ ထောင်
ကလွတ်လာတော့ ပါတ်စပို့ ရှိတဲ့အလုပ်သမား၅ ဦးတို့ကို ဘန်ကောက် IDC က ရဲတစ်ဦးရဲ့ မိန်မက တစ်ဦးက
နယ်စပ်ကိုပြန်မပို့ အောင်ဆိုပြီး ဘတ် ၅၅၀၀ စီပေးရပါတယ်။ Work Permit ပါလုပ်ပေးမယ်ဆိုပြီး အရောင်းအ၀ယ်ဖြစ်နေပြန်တယ်။အပြင်မှာငွေစိုက်ပေးမယ့်လူမရှိတဲ့ကျန်အလုပ်သမားတွေကတော့နယ်စပ်ကို
ပဲပြန်ပို့ ခံခဲ့ရပြီဖြစ်တယ်။မြ၀တီဘက်ခြမ်းမှာမြန်မာစစ်တပ်နဲ့ မြ၀တီပွဲစားတွေကို ဘတ်ငွေ ၂၀၀၀ ပေးကြရ တယ်။
အဆိုးဆုံးက မွန်ပြည်နယ်၊ဘီလင်းမြို့ နယ်က အသက်၁၉နှစ်အရွယ် မသီတာ နဲ့ မန္တလေးက အသက်၂၃နှစ်အရွယ်မဒါ တို့ နှစ်ယောက် စမူပါကန်ပါနန်း ရဲစခန်းမှာ သက်သေထွက်ဆိုဖို့ ဆိုပြီး ဆက်လက်ချုပ်နှောင်ထားလို့  အလုပ်သမငယ်နှစ်ဦးတို့ အထူးစိုးရိမ်နေကြတယ်။အဓိက ပြဿနာက ဒီအလုပ်သမငယ် ၂ဦးတို့ ရဲ့ နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)က၂၀၁၁ ခု ဖေဖေါ်ဝါရီ ၂၈ ရက်မှာ သက်တမ်းဆက်ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအစိုးရက သတ်မှတ်ထားတဲ့ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)နဲ့ ယာယီပတ်စပို့ ရှိလျှက်
နဲ့ အလူးအလှိမ့်ခံနေကြရပါတယ်။
၂၀၀၃ ခုနှစ်ကစပြီးတော့ ထိုင်းနိုင်ငံမှာ မြို့ နယ်အတွင်းနေထိုင်အလုပ် လုပ်ကိုင်ခွင့်(ဘတ်) (တစ်နှစ်စာအတွက်-ဘတ်ငွေ ၃၀ နဲ့ ဆေးကုသခွင့်)သွေးစစ်ခ ၁၉၀၀ ဘတ်နဲ့ အစိုးရကိုအခွန်ငွေအဖြစ် ၁၉၀၀=ပေါင်း ၃၈၀၀ဘတ်ပေးသွင်းပြီးလုပ်ရတယ်) ပွဲစားနဲ့ သူဌေးအငှါးတွေက အနည်းဆုံးဘတ် ၁၀၀၀/၂၀၀၀ ပေးရတယ်။လုပ်ငန်းရှင်ပြောင်းရွေ့ခ အဖြစ်အစိုးရအလုပ်သမားရုံးက တရားဝင်ဘတ်၁၀၀၀နုန်းယူပါတယ်။ ပျမ်းမျှ ဘတ်၆၀၀၀ ခန့် ကုန်ကျပါတယ်။ တစ်ခါလုပ်ထားတာနဲ့ တစ်နှစ်အတွက်အလုပ်မရှုပ်တော့ဘူး။
ယာယီပတ်စပို့ ကျတော့ အထက်ကတင်ပြခဲ့သလို တနိုင်ငံလုံးကို အကန့် အသတ်အတွင်းကသွားလို့ ရပေမယ့်
အလုပ်ကြမ်းအလုပ်တွေ၊အချိန်ပြည့်အလုပ်လုပ်နေကြရတဲ့မြန်မာအလုပ်သမားတွေအတွက် အခက်ကြုံနေကြ
ရဆဲဖြစ်ပါတယ်။
တနိုင်ငံလုံးကိုသွားလို့ ရတယ်လို့ ဆိုနိုင်ပေမယ့် အာဏာပိုင်တွေကို ငွေပေးရပါတယ်။ ၃လတစ်ကြိမ် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးကိုသွားပြီး နယ်မြေအတွင်းဆက်လက်နေထိုင် ကြောင်း(ဧည့်စါရင်း တိုင်ကြား)
တုံးထုသတင်းပို့ ရပါတယ်။WorkPermit လျှောက်ထားဖို့ အတွက် လုပ်ငန်းရှင် ပြောင်းရွေ့ခ နှင့်စါရွက်စာတမ်းများ
ပွဲစားများ ဖြင့်အထူးခက်ခဲ ကြန့်ကြာပါတယ်။အလုပ်သမားအချို့ဆိုရင် လုပ်ငန်းရှင်သိမ်းထားလို့  မိမိမှာ
ပတ်စပို့ ရှိတာကိုတောင်မှ မေ့ နေကြတယ်လို့ လည်းဆိုကြပြန်တယ်။

**မြန်မာအစိုးရသို့ အကြံပြုတင်ပြလိုခြင်း**
မြန်မာအလုပ်သမားတွေကို တခါတည်းနဲ့ အလိမ်အညာမရှိ၊စရိတ်စကအနည်းဆုံး၊ဘယ်ရုံးကိုမှထပ်သွားစရာမလို
တဲ့၊တရားဝင်မှုနဲ့အာမခံမှုလည်းရှိတဲ့(ဘတ်)သို့မဟုတ်ပတ်စပို့လုပ်ပေးစေချင်ပါတယ်။
မြန်မာအလုပ်သမားအတော် များများတို့ဒီရုံးပိုင်းဆိုင်ရာကို သွားလာရတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာ တွေများစွာရှိနေပါတယ်။ ဘန်ကောက်က IDC ရုံးချုပ်ရှေ့မှာများ ပွဲစားတွေလက်ထဲမှာမြန်မာတွေပက်လက်
ကိုမျောလို့။

၂၀၀၉ မှ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ နားလည်မှုစာချွန်လွှာရေးထိုးပြီးတော့ ထိုင်းနိုင်ငံအတွင်းမှာ နေရာမရွေး
အလုပ်မရွေး လုပ်လို့ ရတယ်။ထိုင်းအလုပ်သမားတွေနဲ့ တန်းတူအခွင့်အရေးရမယ်။ထိုင်းနိုင်ငံအတွင်းမှာလွတ်
လွတ်လပ်လပ်သွားလာလို့ ရမယ်လို့  ထိုင်းအစိုးရကပြောခဲ့တယ်။ထိုင်းအစိုးရပြောသလို မြန်မာအစိုးရကလိုက်
ပြောခဲ့တယ်။ မြန်မာအလုပ်သမားတွေအတွက် ယာယီပတ်စပို့ ကိုလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့မြန်မာအစိုးရနဲ့ တာဝန်ရှိသူတွေကိုအသိပေး ရေးလိုက်ရခြင်း ဖြစ်ပါတယ်။
ထိုင်းအစိုး ပြောခဲ့သလိုဟုတ်ရဲ့ လား။စာရေးသူပြောတာတွေဟုတ်ရဲ့လား အခြေအနေတွေတကယ်ပဲ ဆိုးနေ သလား။တကယ်ဟုတ်မဟုတ်ကို အလုပ်သမားအချို့ကိုမေးမြန်းကြည့်နိုင်ပါတယ်။ အကယ်၍ ယခုဆောင်းပါးပါကာယကံရှင်တွေနဲ့  တိုက်ရိုက်ပြောချင်တယ်ဆိုရင်လည်း ကျနော့် ဆီမှာဖုန်းနံပတ်တွေရယူနိုင်ပါတယ်။
ယခုနောက်ဆုံးအနေအထားတစ်ခုက နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်)ရှိတယ်၊ယာယီပတ်စပို့ လျှောက်ထားတယ်။ နယ်စပ်ကို သွားရောက်ဖို့  အလှည့်မကျသေးတဲ့အတွက် (ဘတ်)ပြန်ပြီးဆက်လိုက်ကြရတယ်။ ဒါ့အပြင်
ထိုင်းပတ်စပို့ ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ ထိုင်းတနိုင်ငံလုံးကိုလှည့်ပတ်ပြီးလိမ်နေတဲ့ဗမာ အုပ်စုတွေရှိနေ တယ်။ ထိုင်းအုပ်စုတွေရှိနေတယ်။ ငွေတွေဆုံးရှုံးနေတာတွေနားနဲ့မဆန့်အောင်အချက်အလက်တွေရှိပါတယ်။အလိမ်ခံလိုက် ရလို့(ဘတ်)သေသွား တဲ့လူတွေအထူးနစ်နာပါတယ်။ဘယ်အစိုးရကမှ အရေးယူအပြစ်ပေးတာမရှိသေးသလို
ကာကွယ်စောင့် ရှောက် ပေးတာလည်းမရှိကြတာကြောင့် မြန်မာ အလုပ် သမားသောင်းပေါင်းများစွာ အလိမ်ခံ
ထားကြပြီးဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကတော့ ထိုင်းအစိုးရနဲ့ထိုင်းလုပ်ငန်းရှင်တွေကတော့၊မြန်မာအလုပ်သမားတွေ ထိုင်းမှာပဲလာ လုပ်နေကြရတဲ့အနေအထားကိုကောင်းကောင်းကြီးသိထားပြီးဖြစ်တယ်။မြန်မာအစိုးရက မြန်မာပြည်မှာအလုပ်
အကိုင်မဖန်တီပေးနိုင်ဘူးဆိုတာကိုသိနေတယ်။မြန်မာအလုပ်သမားတွေကို ဘယ်လိုပဲချိုးနှိမ်နှိမ်၊ ဘယ်လောက်ပဲနှိပ်ကွပ်နှိပ်ကွပ် ထိုင်းမှာလုပ်မှ မြန်မာတွေထမင်းစားရမှာကို သိနေတာကြောင့် မြန်မာအလုပ်သမားတွေဆီကလုပ်အားခတွေကိုကို ရတဲ့ နည်းနဲ့ ဂုတ်သွေးစုတ်နေကြတာပါ။နောက်မကြာခင် အသက်အာမခံကြေး စုဆောင်း
ငွေ ဘာညာဆိုတာကိုလည်း အင်ဂျီအိုတွေက လုပ်သင့်ကြောင်း စတင်ဆော်သြလာကြပြန်တယ်။ ဒါတောင်မှ အလုပ်သမားတစ်ယောက်ကို တစ်လဘတ်၄၀၀နုန်းနဲ့၆လဖြတ်တောက်မယ့်အရေးကို ကျွန်ုပ်တို့ ကြိမ်ဖန်များစွာ ၊
အပြင်းအထန် စည်းဝေးတွေမှာတင်ပြခဲ့ကြရပါတယ်။ဘာပဲပြောပြော ၂၄၀၀ ဘတ် မကောက်တော့ဘူးလို့ တရားဝင် စာထုတ်ထားပြီး ဖြစ်ပါတယ်။
မြန်မာအလုပ်သမားဝန်ကြီးဦးမောင်မြင့်နဲ့ တာဝန်ရှိသူတွေကို တောင်းပန်ချင်တာကတော့ ထိုင်းအလုပ် သမား
ဝန်ကြီးတွေနဲ့ တွေ့ ရုံနဲ့ အဆင် ပြေပြီလို့ မထင်မှတ်ပါနဲ့။ထိုင်းနိုင်ငံအတွင်းလာရောက်အလုပ်လုပ်ကိုင်နေကြ တဲ့မြန်မာအလုပ်သမားတွေနဲ့ /အလုပ်သမားကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံပြီးတကယ်အဖြစ်မှန်ကို သိအောင်
လုပ်ပါလို့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။ ယခုလက်ရှိအနေအထားအတိုင်း (ယာယီပတ်စပို့လုပ်ငန်းစဉ်အားလုံး) တို့ကိုဆက်လက်ပြီးတော့ ထိုင်းပွဲစားကုမ္ပဏီတွေရဲ့လက်မှာ ပုံအပ်ပြီးလျလျှူရှု့ထားပါက ထိုင်းနိုင်ငံအတွင်းမှာရှိကြတဲ့
သန်းချီ ရှိတဲ့မြန်မာတွေ ဆက်လက် ကျွန်သက်တာရှည်နေဦးမှာဖြစ်ပါတယ်။အရေးအကြီးဆုံးတချက်ပြောနိုင်တာက
ထိုင်းအစိုးရဟာ သူတို့အကျိုးစီးပွားအတွက် မြန်မာအစိုးရကို အဆင်အပြေဆုံးပြောဆိုဆက်ဆံမှာဖြစ်ပေမယ့်
သန်းချီရှိတဲ့မြန်မာ အလုပ်သမားတွေကိုတော့ ကျွန်ပြုလို့ကောင်း၊သမိုင်းကြွေးတွေဆပ်လို့ ကောင်းမှကောင်း
ဖြစ်နေအုံးမှာပါခင်ဗျား။ ။

** ကျော်သောင်း**

ခေါင်းစဉ်က ပုတ်ခတ် တိုက်ခိုက်သလိုဖြစ်နေတယ်လို့ စာရေးသူကိုပြောကြမယ်ထင်ပါတယ်။အဖြေမှန်တွေအ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)