ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 25, 2011

မြန်မာ့နိုင်ငံရေးနှင့် ကျင့်ဝတ်ပိုင်းေ၀၀ါးမှု

>

ဒီရက်ပိုင်းမှာ အာရပ်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့၊ ဖြစ်ပျက်နေဆဲဖြစ်တဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေအကြောင်း အများကြီး ဖတ်မိပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်မိရင်လည်း အီဂျစ်အကြောင်းက စကားထဲကို ပါလာတော့တာပါပဲ။ အီဂျစ်အကြောင်းကို နိုင်ငံတကာက ရေးကြတဲ့ ဆောင်းပါးတွေထဲမှာ အီဂျစ်မှာ မူဘာရက် ပြုတ်ကျသွားပြီမို့ အမေရိကန်အစိုးရအတွက် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ အကျပ်တွေ့သွားစေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း တွေ့နေရပါတယ်။ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး အီဂျစ်မှာ ဖြစ်ပေါ်ခဲ့တာတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေဟာ ကျင့်ဝတ်ပိုင်းအရ ပြတ်သားရှင်းလင်းမှု (Moral Clarity) နည်းနေတယ်လို့ ဆိုကြပါတယ်။

အမေရိကန်ဟာ နှစ်ပေါင်း ၃၀ ကျော်ကြာ လက်တွဲလာတဲ့ မူဘာရက်ကို မျက်နှာလွဲခဲပစ်လုပ်ပြီး၊ အနောက်တိုင်းကို လိုလားမှုမရှိတဲ့အပြင် ပြည်တွင်း လွှမ်းမိုးမှု အားကောင်းနေတဲ့၊ ပြီးတော့ ဘာသာရေးပြင်းထန်တဲ့ မွတ်ဆလင်ညီအစ်ကိုများပါတီကို ကြိုဆိုမှာလား။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စမှာ ပဓာနကျတဲ့ အီဂျစ်နဲ့ အစ္စရေးဆက်ဆံရေးကို အရင်ကအတိုင်း ထိန်းထားလို့ ရမရ ဆိုတာတွေလည်း ပါနေပါတယ်။ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ နေးလ်ဖာဂူဆင်ကဆိုရင် အိုဘားမားစိတ်ကူးထဲမှာ အရှေ့အလယ်ပိုင်းမြေပုံတစ်ခု ရေရေရာရာမရှိဘူး လို့တောင် နယူးစ်ဝိခ်မဂ္ဂဇင်းမှာ ရေးပါတယ်။ ဒီတော့ အမေရိကန်ဟာ အယူဝါဒအရ အာရပ်နိုင်ငံတွေ ဒီမိုကရေစီ ဝေဆာရေးကို လုပ်မှာလား၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဖန်တီးခြင်းအားဖြင့် နာမည်ကောင်း ယူနိုင်မယ့် သွယ်ဝိုက်အကျိုးစီးပွားအရ ဘာသာရေးပြင်းထန်တဲ့ မွတ်ဆလင်အစိုးရတွေ ပေါ်ပေါက်လာတာကို မတတ်သာလို့ လက်ခံရပေမယ့် ဖာသိဖာသာပဲ နေမှာလား ဆိုတဲ့ ကျင့်ဝတ်ပိုင်း မပြတ်သားမှု ပေါ်လာတာပါပဲ။

အီဂျစ်အရေးကိစ္စကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ အရေးကိစ္စမှာရောလို့ ဆက်တွေးမိပါတယ်။ အစိုးရယိမ်းသတင်းမီဒီယာတွေမှာ “ဖြစ်နိုင်တာကို လုပ်တာဟာ နိုင်ငံရေးပါ”လို့ ပြောဆိုသံတွေ ထွက်ခဲ့တာကို မှတ်မိကြဦးမှာပါ။ အောက်စ်ဖိုဒ်တက္ကသိုလ်ပုံနှိပ်တိုက်က ထုတ်ဝေတဲ့ နိုင်ငံရေးသိပ္ပံ မိတ်ဆက်အကျဉ်း (A Very Short Introduction to Political Science) မှာတော့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်တာနဲ့ ကျင့်ဝတ်ပိုင်းကို တွဲစပ်ပြီး လုပ်ရတဲ့ အနုပညာတစ်ရပ် (Politics is the art of possibility and ethic.) ဖြစ်တယ်လို့ ဆိုထားတာကို သတိပြုမိပါတယ်။ တကယ်တော့ ဖြစ်နိုင်တာတွေချည်း လုပ်လို့ မသင့်သလို၊ ဖြစ်သင့်တာတွေချည်းလုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ဖြစ်နိုင်တာ(possibility)နဲ့ ဖြစ်သင့်တာ (Ethic) ကို ချိန်ဆပြီးပေါင်းစပ်ရတာမို့ အနုပညာတစ်ရပ်လို ဖြစ်နေတယ်လို့ တင်စားတာပါပဲ။ ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ချိန်ဆပြီး လုပ်ကိုင်နိုင်မှ သမိုင်းရေစီးတစ်ခုထဲ ပါဝင်နိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ဖြစ်သင့်တာတွေ ချန်ထားပြီး၊ ဖြစ်နိုင်တာတွေချည်း ထိုင်လုပ်နေရင်၊ ဒါမှမဟုတ်ရင်လည်း ဖြစ်သင့်တာတွေ ဖိလုပ်ရင်း ဖြစ်နိုင်တာတွေကို မျက်နှာလွှဲလိုက်ရင် သမိုင်းဟာ ရေသေအိုင်ကြီးတစ်ခုလို အီနေမှာပါပဲ။ ကြာရင် တိမ်ကောသွားတဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။

အဲဒီတော့ ဖြစ်နိုင်တာက ဘာလဲ၊ ဖြစ်သင့်တာက ဘာလဲ ဆိုတဲ့ အတိုင်းအတာမေးခွန်းတွေ ပေါ်လာပါတယ်။ ဒီနေရာမှာ possibility ဖြစ်နိုင်ချေ ကိစ္စကို ခဏထားပြီး ဖြစ်သင့်တဲ့ကိစ္စ (ethic) ကို တွေးနေမိပါတယ်။ နိုင်ငံရေးအယူအဆတွေမှာ လက်ဝဲယိမ်းတာ၊ လက်ယာယိမ်းတာ ရှိကြပါတယ်။ ပြည်သူကြီးစိုးမှုကို လက်ခံသူတွေနဲ့၊ လူတစ်ဦး၊ အုပ်စုတစ်ဖွဲ့ရဲ့ ကြီးစိုးမှုကို လက်ခံသူတွေ ရှိပါတယ်။ လူတိုင်းဟာ ကိုယ်စွဲကိုင်တဲ့ အယူအဆ၊ ကြိုက်နှစ်သက်မှုကို မှန်တယ်၊ သင့်တော်တယ်လို့ ယူဆကြစမြဲပါ။ ဒါပေမယ့် ကိုယ်စွဲကိုင်တဲ့ အယူအဆက ဘာလဲဆိုတာကိုတော့ ပြတ်ပြတ်သားသား သိရပါမယ်။ နားလည်ရပါမယ်။ သိသလိုလိုလေး ရှိပါတယ်လို့တောင် လျှောချခံလို့ ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဆရာဇော်ဂျီရဲ့ ညီသစ်ဆင်း ကဗျာစုထဲက ၀ိဓူရအမတ်ကြီးအကြောင်း ကဗျာထဲမှာ “သိပြီချက်ချင်း သိမရှင်းကို” ဆိုတဲ့ အသုံးလေး ပါပါတယ်။ နဂါးမင်းသမီးလေး၊ နဂါးမိဖုရား၊ နဂါးမင်းကြီးနဲ့ နတ်ဘီလူးပုဏ္ဏကတို့ ကြားမှာ ပြောတဲ့စကားတွေဟာ သိသလိုလိုနဲ့ တကယ်မသိကြတဲ့၊ ဝေေ၀၀ါးဝါးနိုင်လွန်းလှတဲ့ သိပြီချက်ချင်း သိမရှင်းတွေပါပဲ။ နောက်ဆုံးတော့ ၀ိဓူရအမတ် ပင်ပန်းတာပဲ အဖတ်တင်ပါတယ်။ အဲဒီတော့ “ဖြစ်နိုင်ခြေ”သက်သက်ဆိုတဲ့ နိုင်ငံရေးအယူအဆက ပင်ပန်းရုံပဲဆိုတဲ့ အဖြေတွေ ထွက်လာရင်ကောလို့ မေးစရာတွေ ထပ်တိုးလာပါတယ်။

ပြီးတော့ ဒီရက်ပိုင်းထဲမှာပဲ စီးပွားရေးပိတ်ဆို့မှုကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာတွေ ကြားရပါတယ်။ ဆန်ရှင်ကို ထားရကောင်းမလား၊ ဖြုတ်ရကောင်းမလားဆိုတာကို ငြင်းခုန်နေကြတာပါပဲ။ ဒါပေမယ့် ရိုးရိုးသားသား မေးကြည့်ရင် ဆန်ရှင်ဆိုတဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်အရေးယူမှုကြောင့် ဖြစ်ရတဲ့ အကျိုးအမြတ်တွေကို တွက်ချက်ရာမှာ သေသေချာချာ သိတဲ့သူတွေက အနည်းအကျဉ်းလောက်ပါပဲ။ ဂျာနယ်ထဲဖတ်ရ၊ သတင်းစာထဲတွေ့ရ၊ ရေဒီယိုထဲ နားထောင်ရနဲ့ နတ်ကရာကျီးမော့နေတဲ့သူတွေက အရာအထောင်ပါ။ ထပ်ပြောရရင် အကယ်ဒမစ်ဆန်တဲ့ သုတေသနမျိုးတွေ အခြေခံပြီး ပြောဆိုဆွေးနွေးကြတာ မဟုတ်မူဘဲ သူတစ်လူ ငါတစ်မင်း ထင်ရာရမ်းတုတ်ကြတဲ့အဆင့် ဖြစ်နေပါတယ်။ အထက်မှာပြောခဲ့သလို ခေတ်မီသူတိုင်း လက်ဖက်ရည်ဆိုင်ထိုင်ပြီး အီဂျစ်အကြောင်း ပြောကြသည် ဆိုသလို၊ ခေတ်မီသူတိုင်း ဆန်ရှင်အကြောင်း ငြင်းခုန်ကြသည်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒါပေမယ့် တကယ်ငြင်းခုန်စရာ အကြောင်းရင်း၊ အချက်အလက်ရှိလို့ ငြင်းတာလားဆိုရင်တော့ ဥသျှစ်သီးကြွေတာကို မိုးပြိုတယ်ထင်ပြီး လျှောက်ပြေးရင်းက တစ်တောလုံးလန့်သလို မေးလိုက်မှ ဟိုလူက ဟိုလိုပြောလို့၊ ဒီလူက ဒီလိုပြောတယ်ကြားလို့ ဆိုတာတွေနဲ့တင် လျှောကျပျောက်ကွယ် သွားပါတယ်။ တချို့ကလည်း အရှက်ပြေအောင် ငါ့စကားနွားရ ဘုတောကြပါတယ်။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ဖြစ်စေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင်ဖြစ်စေ၊ အမျိုးမျိုးသော အကြောင်းခြင်းရာ ကိစ္စရပ်တိုင်းမှာ အထင်နဲ့ အမှားအမှန်ကို မဆုံးဖြတ်ကြဘဲ၊ အထောက်အထားနဲ့ ကိုယ့်အယူအဆတစ်ခုကို ကိုင်စွဲနိုင်တာမျိုး၊ လိုအပ်ရင် မှန်ကန်တဲ့ အထောက်အထားသစ်တွေ တွေ့ရတဲ့အခါ ကိုယ့်အယူအဆကို ပြင်ဆင်ဝံ့တာမျိုးတွေက တကယ်ပဲ လိုအပ်ပါတယ်။ ဗုဒ္ဓကတော့ ကိုယ့်ဘာသာဆင်ခြင်ပြီး မှန်တယ်လို့ တွေ့ရ သိရခါမှ ယုံပါလို့ ကာလမသုတ်မှာ ဟောပါတယ်။ ကာလမသုတ်နဲ့ ကိုင်ပေါက်တာ မဟုတ်ပါဘူး။ လူဆိုတာ အသိဥာဏ်ရှိတဲ့ သတ္တ၀ါပေပဲမို့ ကိုယ့်အသိဥာဏ်ကိုယ် စိန်ခေါ်စေချင်တာပါ။

ပြောချင်တာက ပြတ်သားမှု ရှိကြဖို့ပါပဲ။ ပြတ်သားမှု မရှိကြရင်တော့ နိုင်ငံရေးမှာ လည်သူ ၀င်စားမယ့်အခြေအနေကို ရောက်သွားပါလိမ့်မယ်။ အိုဘားမားမှ ကျင့်ဝတ်ပြတ်သားမှုဆိုတဲ့ စိန်ခေါ်သံကို ခံရတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံက ပြည်တွင်းနိုင်ငံရေးကို နိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ပါဝင်စားမှု ရှိရင်ကိုပဲ ဒီစိန်ခေါ်မှုကို တွေ့ရမှာပါ။ နိုင်ငံသားတစ်ဦးရဲ့ ကျင့်ဝတ်ပြတ်သားမှုဟာ ဘယ်လောက်အထိ ရှိရမလဲ။ ကျင့်ဝတ်ပြတ်သားမှုရှိဖို့အတွက် ဘာတွေက အခြေခံ သိစရာတွေလဲ။ ဘယ်မှာ အချက်အလက်တွေကို ရနိုင်မလဲ။ ဘယ်ကိစ္စက မှားပြီး ဘယ်ကိစ္စက မှန်သလဲ။ အထင်နဲ့ မှန်တာ မှားတာလား။ ခိုင်မာတဲ့ အထောက်အထားနဲ့ မှန်တာ မှားတာလား။ ဒါမှသာ နိုင်ငံရေးအရ ကျင့်ဝတ်ပိုင်း ethic ဖြစ်သင့်တဲ့ကိစ္စကို ပေါင်းစပ်နိုင်မှာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာေ၀၀ါးနေသရွေ့ ခိုင်းသမျှ ဆက်ခံနေရမယ့်အရေး၊ ပြုသမျှ ဆက်နုနေရတဲ့အခြေအနေတွေက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကြပ်ကြပ် သတိထားရမှာက တချို့လူတွေကတော့ အဲသလိုဖြစ်လေ ကြိုက်လေပါပဲ။ နွားကွဲမှ ကျားဆွဲနိုင်တာကို အပြစ်တင်ရင် အပြစ်တင်တဲ့သူပဲ မိုက်လိုက်တာလို့ အပြောခံရပါလိမ့်မယ်။ နာလည်းနာ နံလည်းနံမယ့် အဖြစ်တွေပါ။

သေချာတာကတော့ ကိုယ် နှစ်သက်ရာ ကျင့်ဝတ်တစ်ခုကို တည်ဆောက်ထားနိုင်ပြီဆိုရင်လည်း ဘယ်သူ့ကိုမှ ဝေဖန် ပုတ်ခတ်နေစရာ မလိုတော့ပါဘူး။ အများသူငါကို ကိုယ်ပြောတာ ယုတ္တိကျကြောင်း တည်တည်ငြိမ်ငြိမ် သက်သေပြလိုက်ဖို့ပါပဲ။ မမှန်တာကို မှန်သယောင် လူတွေကို လှည့်ဖျားဖို့ နိုင်ငံရေးမှာ လိုင်စင်မရှိပါဘူး။ အာဏာရသူတွေအတွက်ဖြစ်စေ၊ မရသူတွေအတွက် ဖြစ်စေ နိုင်ငံရေးဆိုတာ လိမ်ခွင့်လိုင်စင်မဟုတ်ပါဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ဆိုတဲ့ ဝေါဟာရကိုသုံးပြီး ကိုယ်နဲ့ သဘောမတိုက်ဆိုင်သူတွေကို နှိပ်ကွပ်လိုက်မယ်၊ နှံလိုက်မယ် ဆိုတာကလည်း လုပ်ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ ဒါဟာ တိုင်းပြည်တည်ဆောက်တဲ့ နိုင်ငံရေးမျိုး၊ ဒီမိုကရေစီတည်ဆောက်တဲ့ နိုင်ငံရေးမျိုးလည်း မဟုတ်ပါဘူး။ အချုပ်ပြောလိုတာက ဒီနေ့ခေတ် ပြည်တွင်းနိုင်ငံရေးမှာ တိုက်ရိုက် ပါဝင်ဆောင်ရွက်နေသူတွေရော၊ အားပေးနေတဲ့ နိုင်ငံရေးပရိသတ်တွေကပါ သိပြီချက်ချင်းသိမရှင်း လုပ်ကြရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာလည်း ၀ိဒူရအမတ်ကြီးလို ပင်ပန်းစရာတွေ ကြုံလာမှာ စိုးရိမ်နေမိပါတယ်။ အဲဒါဆိုရင်တော့ လာမယ့်အနာဂတ်မှာလည်း ဒီမြန်မာနိုင်ငံဟာ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးစတာတွေမှာ အောက်ကျနောက်ကျ ဆက်ရှိနေပါဦးမှာ သေချာနေပါတယ်။

**sawhtoopwe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)