အမေရိကန်သမ္မတ အိုဘားမား ရဲ့ ကောင်းမှု ကြောင့် လစ်ဗျားခေါင်းဆောင် ရဲ့  ၀ပ်ကျင်းထိရောက်လာတဲ့ လစ်ဗျား အတိုက်အခံ နဲ့ စစ်သား သူပုန်တွေဟာ အခုတော့ သူတို့ ရဲ့ခံကတုပ်ကျင်း ဘန်ဂါဇီကိုတောင် သိမ်းယူပါတော့မယ်။ ဘန်ဂါဇီမတိုင်ခင် ဇူဝါရာမြို လည်း ကဒါဖီရဲသစ္စာခံတပ်တွေထဲ ကျသွားပါပြီ။
ဟီလာရီကလင်တန်က ဒီနေ့ ညနေမှ ပါရီ G8 အစည်းအဝေးမှာ လစ်ဗျားနိုင်ငံပေါ်ကို လေယာဉ်မပျံသန်းရဇုန် (No Fly Zone) ကိုဆွေးနွေးမှာ ဖြစ်ပါတယ်။ လစ်ဗျား ဒီမိုကရေစီလိုလားသူတွေ ဆန္ဒပြတာကို ကဒါဖီက လေယာဉ်နဲ့ပါဗုံးကြဲလို့ တစ်ထောင် ကျော်သေပါတယ်။ လစ်ဗျား ပြည်သူတွေရဲ့ အသက်တွေ ၊ သွေးတွေဟာ ကဒါဖီတို့ မိသားစုကိုတောင် ပြေးပေါက်ပိတ်စေခဲ့ပါတယ်။ ဒါပေမယ့် ကဒါဖီက သူပုန်တွေထဲမှာ အယ်(လ)ခိုင်ဒါတွေပါတယ်လို့  ရူးကြောင်ကြောင် စွပ်စွဲ မှုကတော့ အမေရိကန်အစိုးရဲ့  အယ်(လ)ခိုင်ဒါ ခြောက်အိပ်မက်လို့ ခေါ်တဲ့ အယ်(လ)ခိုင်ဒါ ဖိုဘီးယားကို လှုပ်နှိုးလိုက် သလို ဖြစ်သွားပါတယ်။
အစိုးရတွေတိုင်းရဲ့ ဗျူဟာမှာ တရားဝင်ပြောကြားချက်နဲ့ under table agenda ဆိုတာတွေ ရှိပါတယ်။ အမေရိကန် အစိုး ရရဲ့  လစ်ဗျားအပေါ်ထားတဲ့ under table agenda ဟာ အယ်(လ)ခိုင်ဒါလို့ ယိုးစွပ်ခံရတဲ့ လစ်ဗျားသူပုန်တွေ အာဏာရ တာထက်စာရင် ကဒါဖီ ဆက်ရှိနေတာကမှ ပိုကောင်းမယ်လို့ တွေးမိပုံ ရမှာပါ။ အဲဒီ အတွေးနဲ့ ပတ်သက်ပြီး သူတို့ ရဲ့ မက်ဆေ့ခ်ျကိုလည်း သူ့ စစ်ဘက်အရာရှိတစ်ယောက်ကနေ ကဒါဖီ နိုင်မယ်လို့ ကြို နိမိတ် ဖတ်သွား ခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ သူပုန်တွေ အာဏာမရအောင် အရူးကွက် နင်းပြီးဟို အကြောင်းပြ ဒီအကြောင်းပြ နဲ့  အချိန် ဆွဲမယ်ထင်တယ်။ သူတို့ဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြောတာကို တော်တော်ယုံနေပုံ ပဲလို့  Democracy Now အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လစ်ဗျားခေါင်းဆောင်ဟာ အမေရိကန်နိုင်ငံခြားရေးဝါဒကို ရိပ်စားမိပြီးနောက်မှာ သူလုပ်စရာရှိတာတွေကို ဆက်တိုက် လုပ် ခဲ့ပါတယ်။ နိုင်ငံထက်ဝက်ကျော်ကို သိမ်းထားတဲ့ သူပုန်တွေဟာ အခုအခြေအနေမလှရင် ပြည်ပြေးဘ၀နဲ့ ဇာတ်သိမ်းရ အုံးမှာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူတွေ ဒီဖြစ်ရပ်ကို ကြည့်ပါ။ အမေရိကန်ဟာ တူနီရှား၊ အီဂျစ်၊ လစ်ဗျား၊ ဘာရိန်း၊ ယီမင် လွတ်မြောက်ရေးမှာ ဘာတစ်ခုမှ မကူညီနိုင်ခဲ့ပါဘူး။ မကူညီယုံမက အီဂျစ်တော်လှန်ရေးမှာ အာဏာရှင် မူဘာရက်ဘက်က ရပ်ပေးခဲ့ပါတယ်။
လက်ရှိ ဘာရိန်းဆန္ဒပြမှုမှာလည်း ဒီလိုပါပဲ။ ချစ်တဲ့ဘက်ကတို့ ရပ်မယ် ဆိုပြီး ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ဘာရိန်းနိုင်ငံ မနားမားမှာ ဘုရင်ဘက်က တို့ ရှိတယ်လို့ ကြွေးကျော်ခဲ့ပါတယ်။ (အမေရိကန် အမှတ်ငါး ရေတပ်မတော်က ဘာရိန်းမှာပါ)
ဆိုတော့ အကျဉ်းချုပ် ပြောရရင်တော့…အာဏာရှင် လက်အောက်က ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ လွတ်မြောက်ရေး ခရီးစဉ်မှာ အသက်တွေ တောင်လို ပုံအောင်စတေးလဲ အိုဘားမား အစိုးရအဖွဲ့ က ဘာမှ ပိုခရီး ရောက်မယ့် အစီအစဉ်တွေ လုပ်ပေးနိုင်မှာမဟုတ်ဘူး။
အာဏာရှင် လက်အောက်မှာ ပြည်သူများ ကိုယ့်ကံကြမ္မာကိုယ်သာ ဖန်တီးပါ။ သင့်လွတ်မြောက်မှုကို အမေရိကန် အပါအ၀င် မည်သည့် နိုင်ငံကမျှ ဆောင်ကြည်းပေးလိမ့်  မည်မဟုတ်ပါ။ အီဂျစ်နှင့် တူနီးရှားကို နမူနာယူပါ။
**တင်ကျော်ကျော်စိုး၊**

No comments:
Post a Comment