ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 31, 2011

ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…

>
(March 16, 2010 - Bangkok, THAILAND - The "Redshirts", members of the UDD Party)

(မတ်လ ၃၁ရက် ၂၀၁၁)
ဖြစ်ရပ် ၁။ ။ ဖွေ့ထိုင်းပါတီစာရင်းနဲ့ပတ်သက်ပြီး အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ တပ်ပေါင်းစု (ယူဒီဒီ)ရဲ့ အမာခံခေါင်းဆောင် ၁၂ ယောက်ဟာ သူတို့မျှော်လင့်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုလိုကပါပြီလို့ ပါတီသတင်းရပ်ကွက်က ကြာသပတေးနေ့က ပြောပါတယ်။ဒီ ၁၂ ယောက်ကတော့ ကျတုပေါန်ဖရွမ်ဖန်၊ နတ်သာဝပ်ဆိုင်ခွား၊ ခေါကယောက်ဖီခူးလ်ထုန်၊ ၀ိုလာဝပ်ဝိချိုင်းဒစ်၊ ယော့ ဆာဝါရိ ချူ့ခလုမ်၊ ရဲဗိုလ်မှူးဆချိယမ်ဆမ်ရမ်လတ်၊ ၀ိဖုသာလားန်ပတ္ထနာဖူးမ်ထိုင်း၊ ချင်နာ ၀ပ်ဟဘွန်းဖတ်၊ ထနာခရိ ချာအင်နွိုင်း၊ မစ္စစ်ဥဒွမ်ရတ်အားပေါန်ရတ် ( ရဲဒုဗိုလ်မှူးကြီး ၀ိုင်ပေါ့ရဲ့ဇနီး) ဆုမ်ချိုင်း ကျိုင်မွန်း နဲ့ဆုမ်ဝမ် အဆာရာ့ဆီ တို့ဖြစ်ပါတယ်။ ရှပ်နီခေါင်းဆောင် ၃ယောက်ဖြစ်တဲ့ ဆုမ်ချိုင်းဖိုင်ဘွန်း (ဘန်ကောက်နယ်မြေ)၊ ၀ိုရာချိုင်း ဟင်မား (ဆ မွတ်ဖရာခန်နယ်မြေ) နဲ့ ရဲအရာခံဗိုလ် ဖရာဆစ်ချိုင်ဆရီဆာ (ဆူရင်းနယ်မြေ) က မဲဆန္ဒနယ်တွေမှာ ဖွေ့ထိုင်းပါတီအလံ အောက်က ၀င်ပြိုင်ချင်ကြပါတယ်။(နေ့သစ်)

ဖြစ်ရပ် ၂။ ။ မလေးရှားနိုင်ငံ ဒုက္ခသည်များ မဟာမင်းကြီးရုံးမှ ဒုက္ခသည်များအားလုံးအတွက် သတင်းအချက် အလက်များကို လွန်ခဲ့သည့် ရက်သတ္တပတ်များမှ စတင်၍ ဒုက္ခသည်များ လက်ထဲသို့ လက်ကမ်း စာစောင်များကို အခမဲ့ ပြန်လည် ဖြန့်ချီနေကြောင်း သိရှိရသည်။ ((ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့- ပြန်ကြားရေးဌာန)

(မတ်လ ၃၀ရက် ၂၀၁၁)

ဖြစ်ရပ် ၁။ ။ ထိုင်းတောင်ပိုင်းတွင် အခါမဟုတ် မိုးရွာသွန်းပြီး ရေကြီးသောကြောင့် ရေလုပ်ငန်း၊ ရာဘာလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေကြသော မြန်မာများ အလုပ်မဆင်းနိုင်ဘဲ အခက်အခဲများစွာ ကြုံတွေ့နေရသည်။
ထိုင်းတောင်ပိုင်း ပြည်နယ်များဖြစ်သော ချုံဖော်၊ နခွန်ဆီ ထမရတ်၊ ဆူရတ် ဌာနီ၊ တလန်၊ ကရာဘိနှင့် ဖတ်ထလုန် တို့တွင် မိုးရွာ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးပြီး ကမ္ဘာလှည့် ခရီးသွား ထောင်နှင့်ချီ၍ ပိတ်မိနေကြောင်း၊ ကရာဘိတွင် မြေပြိုမှုကြောင့် ၂ ဦးသေဆုံးပြီး လူ ၂၀ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းတော်ဝင်ရေတပ်က ကူညီကယ်ဆယ်ရေးအတွက် သင်္ဘောလေးစီး၊ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပို့လွှတ်ထားကြောင်း သိရသည်။(ဧရာဝတီ)

ို
ဖြစ်ရပ် ၂။ ။ ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် မြန်မာဒုက္ခသည်များ အရေး အပါအ၀င် နယ်စပ် အခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Ms Ksistie Kenney သည် မဲဆောက်မြို့သို့ ယနေ့ရောက်ရှိလာသည်။မကြာသေးခင်က အသစ်ခန့်အပ်ခြင်းခံရသည့် အဆိုပါ သံအမတ်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မဲဆောက် ရှိ မယ်တော် ဆေးခန်းသို့ ရောက်ရှိလာပြီး နယ်စပ်အခြေစိုက်၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အမျိုးသမီး ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။(ဧရာဝတီ)

(မတ်လ ၂၉ ရက် ၂၀၁၁)

မလေးရှား အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု အထောက်အထား စာရွက် ရရှိထားသူတွေကို ဖမ်းဆီးမိတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ခံ ချက်နဲ့ ပြန်ပြီးတော့ လွတ်ပေးသင့်တယ်လို့ ဆူဝါခမ်းရဲ့ အကြီးအကဲဖြစ်သူ မူဟာမတ် ချအ်ဟနီ အဘူဒူလာ က ပြောကြား လိုက်ပါတယ်။ဒါ့အပြင် ယူအန်ကဒ် ကိုင်ဆောင်ထားသူတွေဟာလည်း အဖမ်းခံ နေရဆဲဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာဒုက္ခသည် ၂၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ ၁၆ ယောက်ဟာ ယူအန်ကဒ် ကိုင်ဆောင်ထားသူတွေ ဖြစ်ပြီး သူတို့ကို ဘူကစ်ဂျာလီ အချုပ်ခန်းထဲမှာ ထိန်းသိမ်းထား တယ်လို့ သူက ပြောပါတယ်။မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ယူအန်မှာ တရားဝင် သဘော တူညီချက် ပြုလုပ်ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ယူအန်ကဒ် ကိုင်ဆောင်ထား သူတွေ ကိုတော့ အသိအမှတ်ပြုတယ်လို့ သိရပါတယ်။
(ရခိုင်ဒုက္ခသည်များ မဟာမိတ်အဖွဲ့- ပြန်ကြားရေးဌာန)
(မတ်လ ၂၈ ရက် ၂၀၁၁)

နိုင်ငံတွင်း တရားဝင် လာရောက် လုပ်ကိုင်နေသော မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား နိုင်ငံများမှ အလုပ်သမားများနှင့် မလုံ လောက်၍ ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှား နိုင်ငံများမှ အလုပ်သမားများခေါ်ယူရန် ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနက စီစဉ် နေသည်။ အလုပ်သမားဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် စုမ်ကိယတ် ချာရာစီရိဝုန်(Somkiat Chayasriwong) က နိုင်ငံခြားသား အလုပ်သမားရေးရာ ကော်မတီအနေနှင့် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ရန်ပျက်ကွက်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများ၏ နေရာ၌ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများကို အစားထိုး ခေါ်ယူလိုသည်ဟု ပြောကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာသို့ အလုပ်သမား ၁၀ သန်းခန့် သွားရောက် လုပ်ကိုင် နေ သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ထိုင်းသို့လည်း လာရောက်လုပ်ကိုင်ရန် အသင့်ရှိနေကြောင်း သိရသည်။
ယင်းသို့ ဘင်္ဂလားဒေ့ရှ်မှ အလုပ်သမားများကို ခေါ်ယူလိုက်ခြင်းအားဖြင့် လုပ်ငန်းရှင်များအတွက် အလုပ်သမား လိုအပ်ချက် များ ဖြည့်ဆည်းပြီး ဖြစ်သကဲ့သို့ တရားမ၀င် အလုပ်သမား လျှော့ချနိုင်သည့်အတွက် ပြည်တွင်းလုံခြုံရေးအတွက်လည်း အထောက်အကူဖြစ်နိုင်သည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်း သတင်းစာက ရေးသားထားသည်။
ထို့အပြင် အင်ဒိုနီးရှား နိုင်ငံမှ အလုပ်သမားများကို ခေါ်ယူသွားသည်ဟုလည်း ဆိုသည်။
ယခုခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမားများကို ဆောက်လုပ်ရေး လုပ်ငန်းခွင် နှင့် အိမ်ဖော် လုပ်ငန်းများအတွက် ရည်ရွယ်ကြောင်း သတင်းစာက ရေးသည်။(ဧရာဝတီ)

(မတ်လ ၂၆ ရက် ၂၀၁၁)
မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် ထိုင်းနယ်စပ်မှတဆင့် တရားမ၀င်

ဓာတ်ဆီတင်ပို့မှုမယခင်ကထက် ၂ ဆ တိုးလာကြောင်း သိရသည်။
ဓာတ်ဆီကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း မြ၀တီမြို့သို့ တရက်ခြား ဓာတ်ဆီလီတာ ၄ သိန်းကျော်ကို ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ တင်သွင်းနေကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။
(ဧရာဝတီ)
(မတ်လ ၂၅ ရက် ၂၀၁၁)

ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်တွင် တည်ရှိပြီး လုပ်ခမှန်ကန်စွာ မရမှုကြောင့် အလုပ်ရှင်နှင့် မြန်မာအလုပ်သမားများ ပြဿနာတက်နေသည့် V.A.K နာနတ်သီးစက်ရုံတွင် ယနေ့နံနက် ၅ နာရီ၌ ထိုင်းလူဝင်မှု ကြီးကြပ်ရေး ၁၀၀ ကျော်က မြန်မာအလုပ်သမားများ ၄၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးလိုက်သည်။(ဧရာဝတီ)

(မတ်လ ၂၄ ရက် ၂၀၁၁)

မြန်မာ၊ ထိုင်းနဲ့ လောနိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ ဗဟိုပြု လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် ထိုင်း၊ မြန်မာနယ်စပ်က မယ်ဆိုင်မြို့မှာ လူတယောက် သေဆုံးခဲ့ရပြီး တာချီလိတ်မြို့မှာလည်း အနည်းဆုံး ကလေးတယောက် သေဆုံးပြီး ၆ ယောက်လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ တာချီလိတ်မြို့မှာ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် လူတွေဟာ အိမ်အထဲမှ လမ်းမတွေပေါ်မှာ ထွက်နေကြရပါတယ်။(VOA)

(မတ်လ ၂၂ ရက် ၂၀၁၁)

မလေးရှားနိင်ငံမှာ ရှိတဲ့ ဂျပန်ကုမ္ပဏီ Asahi Kosei စက်ရုံမှာ အလုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား ၃၁ ယောက်နဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ Charles Hector အပေါ် ဂျပန်ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုကို သက်ဆိုင်ရာက မတ်လ ၂၁ ရက် မနေ့က စစ်ဆေးပြီး ရှေ့လ ၁၉ ရက်ကို ရုံးချိန်း ထပ်ပေးလိုက်ပါတယ်။(RFA)

(မတ်လ ၂၁ ရက် ၂၀၁၁)
`ကမ္ဘာ့ကဗျာနေ့´ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာ၌ ပြည်ပရောက်ကဗျာဆရာများနှင့် ကဗျာချစ်သူများ စုပေါင်းပြီး ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)

(မတ်လ ၂၀ ရက် ၂၀၁၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရွှေတွံတေးဆရာတော် အရှင်ဝါယမနဲ့ ဒကာဒကာမများက ဂျပန်နိုင်ငံ ဆူနာမီဒဏ်သင့် ပြည်သူများအတွက် အလှူငွေ ဘတ်တသိန်း (ကန်ဒေါ်လာ ၃၀၀၀ ကျော်) ကို ဂျပန်စတုဒီသာအဖွဲ့မှ ဂျပန်ဘုန်းတော်ကြီး IMOTO ထံ မတ်လ ၁၇ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါတယ်။(ဧရာဝတီ)

(မတ်လ ၁၈ရက် ၂၀၁၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၀ပ်တလုံဘုန်းကြီးကျောင်းကို ယမန်နေ့ နံနက် ၄ နာရီခန့်က ထိုင်းအာဏာပိုင်များ ၀င်ရောက်ရှာဖွေရာ နိုင်ငံကူးလက်မှတ်မရှိသည့် မြန်မာသံဃာ ၈ ပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
ထိုကျောင်းတိုက်နေ မြန်မာစာသင်သားသံဃာတပါးက“ထိုင်း လူဝင်မှုကြီးကြပ်ရေး အဖွဲ့ ၊ သံဃနာယက အဖွဲ့ ၊ ရဲ ၊ ထောက်လှမ်း ရေး ၊ ပြည်သူ့စစ် စတဲ့ အားလုံး အဖွဲ့ ၈ ဖွဲ့ ၊ လူအင်အား ၅၀ လောက်နဲ့ ကျောင်းတိုက်ကို ၀င်ရောက်စစ်ဆေးတယ်။ အဲဒီအချိန်မှာ နိုင်ငံကူးလက်မှတ်မရှိတဲ့ မြန်မာပြည်က သံဃာ ၈ ပါးကို တွေ့ပြီး လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ယူထိန်းသိမ်းထားလိုက်တယ်”ဟု မိန့်သည်။ဝပ်တလုံကျောင်းတိုက်တွင် ထိုင်းသံဃာများအပြင် သီရိလင်္ကာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာနိုင်ငံတို့မှ သံဃာတော်များလည်း သီတင်းသုံးနေကြောင်း သိရသည်။(ဧရာဝတီ)

(မတ်လ ၁၇ ရက် ၂၀၁၁)
ဖြစ်ရပ် ၁။ ။ မလေးရှားနိုင်ငံမှာ ခရစ်ယာန် သမ္မာကျမ်းစာ Bible စာအုပ်ပေါင်း ၅,၀၀၀ ကျော်ကို မဖြန့်ဝေမီ အစိုးရ အမှတ်အသားတွေလုပ်ပြီး အရုပ်ဆိုးအောင် လုပ်ခဲ့တယ်လို့ မလေးရှား ခရစ်ယာန် အဖွဲ့အစည်းတွေက စွပ်စွဲလိုက်ပါတယ်။မလေးဘာသာနဲ့ ရေးသားထားတဲ့ ခရစ်ယာန် သမ္မာကျမ်းစာအုပ်တွေပေါ်မှာ ခရစ်ယာန်များ အတွက်သာ ဆိုတဲ့ စာတန်းတွေကို အစိုးရက တံဆိပ်တုံးတွေနဲ့ ရိုက်နှိပ်ထားခဲ့ပါတယ်။(VOA)
ဖြစ်ရပ် ၂။ ။ထိုင်းနိုင်ငံအယုဒ္ဓယမြို့နယ်၊ ပြည်နယ်ခမ်းမရှေ့၊ အာရှအဝေးပြေးလမ်းမကြီးကို ထိုင်းလယ်သမား ၂၀၀ ကျော် က ပိတ်ဆို့ခဲ့ပါတယ်။ ဆန္ဒပြရတဲ့အကြောင်းရင်းကတော့ အာမခံထားတဲ့ စပါးဈေးနှုန်းကို လက်ခံနိုင်တဲ့ အထိတိုးပေးဖို့ အစိုးရက ပျက်ကွက်ခဲ့လို့ဖြစ်တယ်လို့ သတင်းတွေက အစီရင်ခံဖော်ပြကြပါတယ်။ ဆန္ဒပြသမားတွေဟာ နခုန်ဆ၀မ် သွားတဲ့လမ်းနဲ့ ဘန်ကောက်သွားတဲ့လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ရဲတွေကတော့ မော်တော်ကားသမားတွေကို ကွေ့ ပတ်သွားကြဖို့နဲ့ အနီးအနားကလမ်းတွေက သွားကြဖို့ အကြံပေးပါတယ်။ ရဲတပ်ခွဲ ၂ ခွဲက လမ်းတွေပြန်ဖွင့်ဖို့ ကြိုးစား ချိန်မှာ ယာဉ်တိုက်မှုအနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။(နေ့သစ်)

(မတ်လ ၁၆ရက် ၂၀၁၁)
အခုတလော မလေးရှားနိုင်ငံမြန်မာသံရုံးကနေပြီး တရားမ၀င်သံရုံးတုံး အတုထုထားတဲ့ မြန်မာနိုင်ငံသားတွေကို ဒဏ်ကြေးပေး ဆောင်စေပြီး တရားဝင်နိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေးနေတဲ့ အစီအစဉ်တရပ်ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။ အကောင်း ဘက်ကကြည့်ရင်တော့ အဆင်ပြေသလိုလိုရှိပေမယ့် ဥပဒေရှုထောင့်ဘက်က ကြည့်မယ်ဆိုရင်တော့ တရားဥပဒေအပေါ် မထီမဲ့ မြင်ပြုရာရောက်ပါတယ်။(သျှမ်းသံတော်ဆင့်)
(မတ်လ ၁၅ရက် ၂၀၁၁)
ဖြစ်ရပ် ၁။ ။ ထိုင်းဝန်ကြီးချုပ်အဘိစစ်သည် ပြီးခဲ့သော ဆန္ဒပြပွဲများတွင် လူအခွင့်အရေးချိုးဖေါက်ခဲ့ကြောင်း၊အဘိစစ်အစိုးရသည် အကျင့်ပျက်လာဘ်စားမှုများ စီးပွားရေးမအောင်မြင်မှုများလည်း ဖြစ်ပေါ်နေကြောင်း အတိုက်အခံ ပါတီခေါင်းဆောင်များ က ဝေဖန် လိုက်သည်။ ( RFA)
ဖြစ်ရပ် ၂။ ။ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မိမိတိုရဲ့ အရည်အသွေး တွေကို အမြဲမြှင့်တင်နေကြဖို့နဲ့ ရေရှည် ရည်မှန်းချက် ထားရှိကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အားပေး တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့ MAP Foundation က ကြီးမှူးပြီး ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အကြိမ် ၁၀၀ မြောက် နိုင်ငံတကာအမျိုးသမီးနေ့အခမ်းအနား တက်ရောက်လာကြသူ မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် ပြောကြားခဲ့တာပါ။ အဲဒီလို ပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့အနေနဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ဘဝတွေ သက်သာချောင်ချိရေး ကူညီပေးဖို့ အမြဲ စဉ်းစား ကြိုးစားနေကြာင်း၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့လည်း ရောက်ရာဒေသမှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း ပြောပါတယ်။(RFA)
(မတ်လ ၁၄ရက် ၂၀၁၁)
ဖြစ်ရပ် ၁။ ။မလေးရှားဘာသာဖြင့်ထုတ်ဝေသော မလေးရှားသတင်းစာတစောင်တွင် လက်ရှိ ဂျပန်နိုင်ငံ၌ဖြစ်ပေါ်နေသော ဆူနာမီ ဒုက္ခသည်များနှင့်ပက်သက်ပြီး လှောင်ပြောင်ထားသော ကာတွန်းပုံတခုအား ဖေါ်ပြမိသဖြင့် မလေးရှားနိုင်ငံရှိ ဘာသာရေးအသင်း အဖွဲ့ပေါင်းစုံက အဆိုပါ သတင်းစာအားကန့်ကွက်ကြကြောင်း၊ မလေးရှားအစိုးရကလည်း အဆိုပါသတင်းစာအား အရေးယူရန် စိုင်းပြင်းနေကြောင်း၊ စာဖတ်ပရိသတ်ကို အဆိုပါသတင်းစာမှ အထူးတလည် တောင်းပန်ခဲ့ရကြောင်းသိရသည်။ (RFA)
ဖြစ်ရပ် ၂။ ။ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာဒုက္ခသည်များ ကိုယ့်အားကိုယ်ကိုး နိုင်ရေးအတွက် ၀င်ငွေရရှိသည့် အသက်မွေး ၀မ်းကျောင်း ပညာများ သင်ကြားနိုင်မည့် အစီအစဉ် ပြုလုပ်ပေးသွားမည်ဟု ဥရောပသမဂ္ဂ အဖွဲ့ (EU) က ပြောသည်။
လက်ရှိ ဒုက္ခသည်များကို ပေးနေသည့် အကူအညီများ လျှော့ချသွားမည် ဖြစ်သောကြောင့် ယင်းသို့ စီစဉ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။EU ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးဌာန အကြီးအကဲ မစ္စ ခရစ္စတလီနာ ဂျော့ဂျီဗာ (Ms Kristalina Georgieva) ဦးဆောင်သည့် ၈ ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် မယ်လ ဒုက္ခသည်စခန်းသို့ လာရောက်ပြီး စခန်းကော်မတီ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။(ဧရာဝတီ)

(မတ်လ ၁၃ ရက် ၂၀၁၁)
ထိုင်းနိုင်ငံမှာ ဒီနှစ် နှစ်လယ်ပိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ ၀န်ကြီးချုပ်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဟာ မတည်ငြိမ်လှသေးတဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ အစဉ်အလာကို စမ်းသပ်ချက် ဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပြောပါတယ်။ လွှတ်တော် ၄ နှစ်သက်တမ်းပြည့်ဖို့ ၆ လ အလိုမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။ (VOA)

(မတ်လ ၁၂ရက် ၂၀၁၁)

ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ တွင် စနေမနက် မီးလောင်ခဲ့ရာ နေအိမ် ၁၉ လုံး မီးထဲပါပြီး ဒုက္ခသည် ၈၀ ဦး အိုးအိမ်မဲ့ဖြစ်ရကြောင်း စခန်းကော်မတီက ပြောသည်။
မနက် ၄ နာရီခန့်တွင် ရက်ကွက် ၁၃ ရှိ အိမ်အမှတ် ၁၁၇ ၌ မီးဖို မီးကြွင်းမီးကျန်မှတဆင့် ကူးဆက်လောင်ကျွမ်းခဲ့ရာ အိမ် ၁၉ လုံး မီးထဲပါပြီး၊ ဦးရေ ၈၀ အိုးအိမ်မဲ့ ဖြစ်သွားရကြောင်း သိရခြင်း ဖြစ်သည်။ တဦးတယောက်မျှ ထိခိုက်ဒဏ်ရာ မရဘဲ နေအိမ်နှင့်အတူ အဝတ်အထည်၊ အစားအသောက်နှင့် အိမ်သုံးပစ္စည်းများအပြင် အိမ်မွေးတိရစ္ဆာန် ဝက်နှင့် ကြက်များ မီးထဲပါသွားခဲ့သည်။(မဇ္ဈိမ)

(မတ်လ ၁၁ ရက် ၂၀၁၁)
ထိုင်းလုပ်ငန်းရှင်ကြီး ၃ဦးဟာ ဒီနှစ် ထုတ်ဝေတဲ့ ဖော့စ်မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့ဘီလျံနာစာရင်းထဲမှာ သူတို့ရဲ့ အဆင့်အနေအထားကို ဆက်လက်ထိန်း ထားနိုင် ခဲ့ပါတယ်။ ထိုင်းဘီလျံနာကြီး ၃ယောက်ရဲ့ပိုင်ဆိုင်မှုပမာဏဟာလည်း ပြီးခဲ့နှစ်ကထက် တိုးတက် များပြားလာပါတယ်။ ချာရိုအန်းပေါ့ဖန်းအုပ်စုကြီးရဲ့ ဒါနင်ချီရာလာဝမ်နွန့်နဲ့သူ့မိသားစုဟာ ဖော့စ်မဂ္ဂဇင်းကြီးရဲ့ နှစ်စဉ်ထုတ်ပြန် နေကျ ၂၅ ကြိမ်မြောက် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာ အဆင့် ၁၅၂ နေရာမှာရှိပြီး အသားတင်ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆.၅ ဘီလျံ( ထိုင်းဘတ် ၁၉၇ ဘီလျံ)နဲ့ ထိုင်းနိုင်ငံမှာဆို နံပတ် ၁ေ နရာမှာ ရှိနေတာ ၂ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့နှစ် က အသား တင်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၁ ဘီလျံ ကမ္ဘာ့အဆင့် ၄၆၃ ယောက်မြောက်မှာ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ (နေ့သစ်)

(မတ်လ ၁၀ ရက် ၂၀၁၁)
ယနေ့ ညနေ ၅ နာရီခွဲလောက်မှာ ထိုင်း-မြန်မာနယ်စပ် ဝေါ်လေနဲ့ ကနဲလေးကြားနေရာမှာ နအဖ ခမရ ၂၄၆၊ ၄၀၄ ခလရ ၃၁၀၊ ၉၇၊ လေးဖွဲ့ပေါင်း ရိက္ခာပို့ ပြန်လာတဲ့ စစ်ကြောင်းကို ကေအန်ယူ တပ်ရင်း ၂၀၁ မှ တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တဦးအပါအဝင် ၅ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းရရှိပါတယ်။ဆက်လက်ပြီး ၆ နာရီလောက်မှာ ကနဲလေးနေရာ အနီးနားမှာပဲ ကေအန်ယူ ၂၀၁ တပ်ရင်းနဲ့ ရိက္ခာပို့လာတဲ့ နအဖ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်လို့ ထပ်မံကြားသိရပါတယ်။ ဒီ ထိတွေ့မှုမှာတော့ ကေအန်ယူ က နအဖကို အနီးကပ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတာ နာရီဝက်လောက် ကြာခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ဘက်က ၉ ယောက်သေ ပြီး ၁၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။(နေ့သစ်)

(မတ်လ ၉ရက် ၂၀၁၁)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ထိုင်းကုန်ပစ္စည်းများ တရားမ၀င် တင်သွင်းနေခြင်းအား ယနေ့မှ စတင်ရပ်ဆိုင်းရန် မြန်မာအာဏာပိုင်များက ကုန်သည်များကို ခေါ်ယူသတိပေးလိုက်သည့်အတွက် နယ်စပ် ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွားကြောင်း သိရသည်။(BBC)
(မတ်လ ၈ရက် ၂၀၁၁)

ဖြစ်ရပ် ၁။ ။အမျိုးသမီးများ တန်းတူညီမျှခွင့် ပိုမိုပေးအပ်ရန် နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ရာပေါင်းများစွာသော မြန်မာ၊ ထိုင်းနှင့် ကမ္ဘာတဝှန်းမှ အမျိုးသမီးများသည် ချင်းမိုင်မြို့ပေါ်၌ ယနေ့ချီတက်ဆန္ဒပြခဲ့သည်။
ယခင် အမျိုးသမီးခေါင်း ဆောင်ဟောင်းများကို အသိအမှတ်ပြုရန်နှင့် ယနေ့ကမ္ဘာတွင် အမျိုးသမီးများကို တန်းတူညီမျှခွင့် ပိုမိုပေးရန် စာတန်းများ ကိုင်ဆောင်၍ ကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ (မဇ္ဈိမ)

ဖြစ်ရပ် ၂။ ။ယနေ့ကျရောက်သည့် အကြိမ်(၁၀၀)မြောက် နိုင်ငံတကာအမျိုးသမီးများနေ့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ အမျိုးသမီး-မြန်မာနိုင်ငံ(WLB)က ဦးဆောင်၍ အခမ်းအနားတခ်ုကျင်းပခဲ့သည်။(မြန်မာပြည်သား)

(မတ်လ ရရက် ၂၀၁၁)

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော ယူအန်မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ ရခိုင်အမျိုးသား တဦး ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။အဆိုပါ သေဆုံးသူမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပြင်လျားရှည်ကျေးရွာမှ အဘ ဦးစိန်မြထွန်းနှင့် အမိ ဒေါ်လှစိန်တို့၏သား ကိုစိန်ကျော်ဝင်း (၄၁နှစ်) ဖြစ်ကြောင်း ARRC (KL) မှ ဥက္ကဌ ကိုထွန်းထွန်းက ပြောသည်။(နိရဉ္စရာ)

(မတ်လ ၆ရက် ၂၀၁၁)
ထိုင်းနိုင်ငံ တပ်ခရိုင် ဖုတ်ဖရမြို့နယ်မှာ ရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းတွေက မြန်မာသံဃာတော်တွေကို ထိုင်းနိုင်ငံ မှာ နေထိုင်ခွင့်လက်မှတ် မရှိရင် မြန်မာပြည် ပြန်ပို့မယ်လို့ သက်ဆိုင်ရာက ပြီးခဲ့တဲ့လ က သတိပေးခဲ့ပေမယ့် အခုအခါ အဆင်ပြေသွားပြီလို့ သိရပါတယ်။မြန်မာ ဘုန်းတော်ကြီးကျောင်းတွေမှာ အမှန်တကယ် နေထိုင်တဲ့ မြန်မာသံဃာတော်တွေကို အမြဲတမ်း စောင့်ကြည့်ဖို့အတွက် ကျောင်းထိုင်ကိုယ်တော်အဖြစ် ထိုင်းသံဃာတော် တပါးကျစီ တာဝန်ချထားပြီး လက်ရှိ နေထိုင်လက်စ မြန်မာသံဃာတော်တွေကို ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်တွေ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။(RFA)

(မတ်လ ၅ရက် ၂၀၁၁)
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းအား အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က ချီးမြှင့်မည့် အမျိုးသားတန်းတူရေးနှင့် သာတူညီမျှရေးဆု(National Equality Award)ကို မတ်လ ၅ရက်နေ့က ပေးအပ်ချီးမြှင့်လိုက်ပြီဟု သိရသည်။
လွန်ခဲ့သည့် ၂၀၀၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ပဒိုမန်းရှာလားဖန်းအား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ၎င်းနေထိုင်ရာ နေအိမ်၌ အမည်မသိ သေနတ်သမား(၂)ဦးက လာရောက်လုပ်ကြံသတ်ဖြတ်ခဲ့သည်။(KIC)

(မတ်လ ၄ ရက် ၂၀၁၁)
ဖြစ်ရပ် ၁။ ။ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဘိဆစ်အား အယုံအကြည်မရှိ အဆိုတင်သွင်းရန် လိုအပ်သော လူထုထောက်ခံမှုလက်မှတ် (၂၀၀၀၀)ကို ကောက်ခံလျက်ရှိကြောင်း၊ ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်ပြဿနာနှင့် ပတ်သက်ပြီး ထိုင်းဘက်မှ အလျှော့ပေးလိုက်လျော့ခဲ့ရခြင်းကြောင့် ထိုင်းနယ်မြေအချို့ဆုံးရှုံးခဲ့ရသည်ကို လူထုကို ရှင်းပြမည်ဟု ပြည်သူ့ဒီမိုကရေစီမဟာမိတ် (PAD)အဖွဲ့က ပြောဆိုသည်။ (RFA)

ဖြစ်ရပ် ၂။ ။မြန်မာနိုင်ငံသား ၁၄၀၀၀ ကျော်၏ ထိုင်း နိုင်ငံအတွင်း ၁၀ နှစ် သက်တမ်း နေထိုင်ခွင့် လက်မှတ်များကို ပြန်လည်စိစစ်ရန် ညွှန်ကြားချက်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ၀င်ဟယ်(Waing Haeng) မြို့နယ်အတွင်းရှိ ရွာသူကြီးနှင့် ထိုင်းအစိုးရ ၀န်ထမ်းများ တရားမ၀င် လာဘ်ပေး လာဘ်ယူ ပြုလုပ်ရန်အတွက် အခွင့်အရေး တခုဖြစ်နေသည်။ ၂၀၀၇ နှစ်ကုန်ပိုင်းနှင့် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် ၀င်ဟယ်မြို့နယ်ရုံးမှ မြန်မာနိုင်ငံသား ၂၀၀၀၀ နီးပါးကို ၁၀ နှစ် သက်တမ်း နေထိုင်ခွင့် လက်မှတ်များ ပြုလုပ်ပေးခဲ့သည်။ ယင်း၂၀၀၀၀ နီးပါးထဲမှ ၁၄၀၀၀ ကျော်ကို ထပ်မံစိစစ်ခိုင်းခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသား အများစုက ၁၀ နှစ် သက်တမ်းနေထိုင်ခွင့် လက်မှတ်များကို (၁၀ နှစ်ခံ လက်မှတ်)ဟု ခေါ်ကြသည်။

(မတ်လ ၃ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူး လက်မှတ်များ ကိုင်ဆောင်၍တရားဝင်အလုပ်လုပ်ကိုင်နေသူများ နယ်စပ်ဂိတ်များမှ တဆင့် မြန်မာနိုင်ငံသို့ အပြန်တွင်အာဏာပိုင်များ၏ အဓမ္မ ငွေတောင်းခံရမှုများ ရှိသည်ဟု သိရသည်။
ထိုင်းမြန်မာနယ်စပ်မြို့မြ၀တီတွင်မြန်မာအာဏာပိုင်များ၏ငွေတောင်းခံမှုနှင့်ကြုံတွေ့ရခြင်းဖြစ်သည်ဟု မြန်မာ အလုပ် သမားများ က ပြောပြသည်။(ဧရာဝတီ)

(မတ်လ ၂ ရက်၊ ၂၀၁၁)
လစ်ဗျားနိုင်ငံက ဆူပူမှုတွေကနေ ထွက်ပြေးလာတဲ့ ထိုင်းအလုပ်သမားတွေကို လျော်ကြေးပေးဖို့နဲ့အရေးပေါ် အကူအ ညီပေးဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အလုပ်သမားဝန်ကြီးဌာနအတွက် ဘတ်ဂျက်ငွေ ဘတ်၄၇၆သန်းကို အစိုးရ က မနေ့က အတည်ပြုခဲ့ပါတယ်။လစ်ဗျားက ထိုင်းအလုပ်သမား ၂၃,၆၀၀ ကို ကယ်ဆယ်ဖို့ သယ်ယူပို့ဆောင် ရေးစရိတ် ဘတ် ၄၀၃ သန်းကို နိုင်ငံခြား ရေးဝန်ကြီးဌာနအတွက် ချပေးလိုက်ပြီး ကျန်ငွေကို အလုပ်သမားဝန်ကြီး ဌာနကတဆင့် ပေးဖို့သင့်လျော်တဲ့ အလုပ်သ မားတွေအတွက် တယောက်ကို ဘတ် ၁၅,၀၀၀ ပေးဖို့ သုံးစွဲမှာဖြစ်ပါတယ်။ ထိုင်းအလုပ်သမားအများစုဟာ လစ်ဗျားမှာ ပြန့်နေပြီး၊ သူတို့နေတဲ့နေရာတွေဟာ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတယ်။ တခြားတိုင်းပြည်က အလုပ် သမားတွေကို ကယ်ဆယ်ဖို့လွယ်တယ်လို့ ၀န်ကြီးချုပ်ရဲ့လက်ထောက် အတွင်းရေးမှူး ပနိထန်း က ပြောပါတယ်။ထိုင်းအလုပ်သမားအများစုကတော့ အခြေအနေတွေ ပုံမှန်ပြန်ရောက်ရင် သူတို့အလုပ်တွေ ပြန်လုပ်နိုင်မယ်ဆိုတဲ့ မျှော် လင့်ချက်နဲ့ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ သူက ထပ်ပြောပါတယ်။ ကယ်ဆယ်ရေးအတွက် စောင့်နေတဲ့ ထိုင်းအ လုပ်သမားတွေကို ဗီဇာထုတ်ပေးရာမှာ အီတလီ၊ စပိန်၊ ဂရိနဲ့ တူရကီ နိုင်ငံတွေက သက်သက်ညှာညှာစဉ်းစားမှာ ဖြစ်ပါ တယ်လို့ သက်ဆိုင်ရာတိုင်းပြည်ကသံအမတ်ကြီးတွေနဲ့တွေ့ဆုံအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဥရောပဌာနက ပြောပါတယ်။ (နေ့သစ်)

မလေးရှားနိုင်ငံမှာ အလုပ်သမား ရှားပါးပြတ်လပ်မှုကို ကာကွယ်ဖို့ နိုင်ငံရပ်ခြားက အလုပ်သမားတွေကို ခေါ်ယူမဲ့ အစား ပြည်တွင်းမှာ ရောက်ရှိ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့် ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စာရင်းအရ ဒုက္ခသည်ပေါင်း ၉၃,၀၀၀ နီးပါး ရှိပြီး ဒီအထဲက ၈၄,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံ အရပ်ရပ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။(RFA)

(မတ်လ ၁ ရက်၊ ၂၀၁၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရဲအရာရှိတယောက်ကတော့ မြန်မာအမျိုးသမီးတယောက်ကို မတော်တရော် အပေးအယူ လုပ်မှုနဲ့ ထောင် ၆ နှစ် ကျသွားပါတယ်။ အပေးအယူက တခြားတော့ မဟုတ်ပါဘူး၊ ဖမ်းမိထားပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်မယ်၊ အပြန်အလှန်အနေနဲ့ သူနဲ့ အိပ်ခိုင်းလို့ပါပဲ။၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ နစ် လို့ အမည်ဖော်ပြထားတဲ့ အသက် ၂၇ နှစ်အရွယ် တရားမဝင် ဝင်ရောက်လာသူ မြန်မာပြည်က အမျိုးသမီးကို ဖလပ်ဖလာ ချိုင်း အမှတ် (၁) ရဲစခန်းက အကြီးတန်း ရဲ ဆာဂျင် မေဂျာ (မြန်မာလို ဘယ်လို ရာထူးတပ်ရမယ် မသိ) ဖိုင်ရတ် (ခေါ်) ဆူရာဖတ် ဆရီဘွာဘန်က သူနဲ့ အိပ်ခိုင်းခဲ့ကြောင်း ဘန်ကောက် တောင်ပိုင်း ရာဇဝတ်တရားရုံးက ဖော်ထုတ်လိုက်ပါတယ်။(ဧရာဝတီဘလော့ဂ်).

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)