**သူငယ်ချင်း
မင်းစဉ်းစားကြည့်
ပဒေသရာဇ်ဘဲဖြစ်ဖြစ်
အရင်းရှင်ဘဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ..။
**ကွန်မြူနစ်ဘဲဖြစ်ဖြစ်
ဆိုရှယ်လစ်ဘဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ..။
**အာဏာရှင်ဘဲဖြစ်ဖြစ်
ဒီမိုကရေစီဘဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ..။
**ခေတ်တွေစနစ်တွေဆိုတာ
လူတွေပြဌာန်း
လူ့သမိုင်းတွေ
လူတိုင်းလူတိုင်း
ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်မော်ကွန်းကိုယ်ထိုးကြတယ်သူငယ်ချင်း...။
**ခေတ်တွေစနစ်တွေဆိုတာ
ကောင်းကောင်းဆိုးဆိုး
ဟောင်းဟောင်းသစ်သစ်
လူတွေဖန်တီး
လူတိုင်းတာဝန်ရှိ
လူတိုင်းတာဝန်သိရတယ်သူငယ်ချင်း..။
**လူတိုင်းလူတိုင်း
ကိုယ့်သိက္ခာကိုယ်ရှိ
ကိုယ့်လိပ်ပြာကိုယ်သိရင်ဖြင့်
အုပ်ချုပ်သူလူစား
အုပ်ချုပ်ခံသူများ
သဟဇာတရှိကြမှာပေါ့သူငယ်ချင်း...။
**ကိုယ့်သိက္ခာကိုယ်မငဲ့
ကိုယ့်လိပ်ပြာကိုယ်မရှက်ရင်ဖြင့်
မင်းတို့ငါတို့
အုပ်ချုပ်သူကိုဖြိုချ
စနစ်ကိုပြောင်းပြန်
တရားမျှတခြင်းကိုပွေ့ဖက်
တို့တွေအသက်ဆက်ကြစို့သူငယ်ချင်း။ ။
**နေမင်းထိန်ထိန်**
**သူငယ်ချင်း
မင်းစဉ်းစားကြည့်
ပဒေသရာဇ်ဘဲဖြစ်ဖြစ်
အရင်းရှင်ဘဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ..။
**ကွန်မြူနစ်ဘဲဖြစ်ဖြစ်
ဆိုရှယ်လစ်ဘဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ..။
**အာဏာရှင်ဘဲဖြစ်ဖြစ်
ဒီမိုကရေစီဘဲဖြစ်ဖြစ်
ဖြစ်ချင်ရာဖြစ်စမ်းပါစေ..။
**ခေတ်တွေစနစ်တွေဆိုတာ
လူတွေပြဌာန်း
လူ့သမိုင်းတွေ
လူတိုင်းလူတိုင်း
ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်မော်ကွန်းကိုယ်ထိုးကြတယ်သူငယ်ချင်း...။
**ခေတ်တွေစနစ်တွေဆိုတာ
ကောင်းကောင်းဆိုးဆိုး
ဟောင်းဟောင်းသစ်သစ်
လူတွေဖန်တီး
လူတိုင်းတာဝန်ရှိ
လူတိုင်းတာဝန်သိရတယ်သူငယ်ချင်း..။
**လူတိုင်းလူတိုင်း
ကိုယ့်သိက္ခာကိုယ်ရှိ
ကိုယ့်လိပ်ပြာကိုယ်သိရင်ဖြင့်
အုပ်ချုပ်သူလူစား
အုပ်ချုပ်ခံသူများ
သဟဇာတရှိကြမှာပေါ့သူငယ်ချင်း...။
**ကိုယ့်သိက္ခာကိုယ်မငဲ့
ကိုယ့်လိပ်ပြာကိုယ်မရှက်ရင်ဖြင့်
မင်းတို့ငါတို့
အုပ်ချုပ်သူကိုဖြိုချ
စနစ်ကိုပြောင်းပြန်
တရားမျှတခြင်းကိုပွေ့ဖက်
တို့တွေအသက်ဆက်ကြစို့သူငယ်ချင်း။ ။
**နေမင်းထိန်ထိန်**
No comments:
Post a Comment