**ဒီနေ့ ငါ ကဗျာတစ်ပုဒ်ရေးမယ်၊
အားထုတ်ရကျိုး နပ်မနပ်
တတ်အပ် မပြောနိုင်ပေမဲ့
ဟောဒီနေ့ဟာ
ကဗျာနေ့တဲ့
ဟိုနေ့ ဒီနေ့တွေများလာတဲ့
ဒီကမ္ဘာမှာ
ကုလအနေနဲ့လဲ
ဒါတွေပဲ လိုက်လုပ်နေတော့
ငါလဲ ၀င်နွှဲလိုက်တယ် ဆိုပါတော့။ ။
**တစ်နေ့သောနေ့ကို အမေများနေ့တဲ့
ငါ့အမေ့မွေးနေ့နဲ့ မတိုက်ဆိုင်တဲ့ အမေနေ့ကို
ငါ မှတ်မထားနိုင်တာ
ဘာဖြစ်သေးလဲ၊
ဘာမှ မဖြစ်ဘူး၊
ချစ်တဲ့ အမေတွေ ငါ့ရင်ထဲ သူ့ရင်ထဲ အမြဲရှိတယ်၊
ချစ်တဲ့ကဗျာတွေ သူငါတို့ရဲ့ရင်ထဲ ပွင့်နေမြဲဖြစ်တယ်၊
ကဗျာကောင်းတစ်ပုဒ်
သို့မဟုတ်
တစ်စ တစ်ပါဒ
ဖတ်ရခါတိုင်း
ရင်မှာလှိုင်းထ
ကြည်နူးရတယ်၊
ကြည်နူးရင်းမှာ
ကဗျာရေးသူ တင်ပေးသူကို
ကျေးဇူးကမ္ဘာ တင်မိတယ်။
**ငါ့အဖို့တော့ ကဗျာကောင်းတစ်ပုဒ်ဟာ
ဝတ္ထုကောင်း အပုဒ်တစ်ထောင်ထက်
ရင်မှာ နက်နက် ကျန်ခဲ့တယ်။ ။
**ကဗျာချစ်သူတွေ
ကဗျာကောင်းတွေ ရေးနိုင်ပါစေသော်ဝ်။ ။
**မြသန်းညွန့်**
(ဂျပန်စံတော်ချိန် နံက် ၁၁ နာရီ ၅၂ မိနစ်)
**ဒီနေ့ ငါ ကဗျာတစ်ပုဒ်ရေးမယ်၊
အားထုတ်ရကျိုး နပ်မနပ်
တတ်အပ် မပြောနိုင်ပေမဲ့
ဟောဒီနေ့ဟာ
ကဗျာနေ့တဲ့
ဟိုနေ့ ဒီနေ့တွေများလာတဲ့
ဒီကမ္ဘာမှာ
ကုလအနေနဲ့လဲ
ဒါတွေပဲ လိုက်လုပ်နေတော့
ငါလဲ ၀င်နွှဲလိုက်တယ် ဆိုပါတော့။ ။
**တစ်နေ့သောနေ့ကို အမေများနေ့တဲ့
ငါ့အမေ့မွေးနေ့နဲ့ မတိုက်ဆိုင်တဲ့ အမေနေ့ကို
ငါ မှတ်မထားနိုင်တာ
ဘာဖြစ်သေးလဲ၊
ဘာမှ မဖြစ်ဘူး၊
ချစ်တဲ့ အမေတွေ ငါ့ရင်ထဲ သူ့ရင်ထဲ အမြဲရှိတယ်၊
ချစ်တဲ့ကဗျာတွေ သူငါတို့ရဲ့ရင်ထဲ ပွင့်နေမြဲဖြစ်တယ်၊
ကဗျာကောင်းတစ်ပုဒ်
သို့မဟုတ်
တစ်စ တစ်ပါဒ
ဖတ်ရခါတိုင်း
ရင်မှာလှိုင်းထ
ကြည်နူးရတယ်၊
ကြည်နူးရင်းမှာ
ကဗျာရေးသူ တင်ပေးသူကို
ကျေးဇူးကမ္ဘာ တင်မိတယ်။
**ငါ့အဖို့တော့ ကဗျာကောင်းတစ်ပုဒ်ဟာ
ဝတ္ထုကောင်း အပုဒ်တစ်ထောင်ထက်
ရင်မှာ နက်နက် ကျန်ခဲ့တယ်။ ။
**ကဗျာချစ်သူတွေ
ကဗျာကောင်းတွေ ရေးနိုင်ပါစေသော်ဝ်။ ။
**မြသန်းညွန့်**
(ဂျပန်စံတော်ချိန် နံက် ၁၁ နာရီ ၅၂ မိနစ်)
No comments:
Post a Comment