(မတ်လ၂၁၊၂၀၁၁)
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးတစ်ခုဖြစ်သော ပအို့ဝ်လူမျိုးတို့၏၃၃နှစ်မြောက် ပအို့ဝ် အမျိုးသားနေ့အား
ဘန်ကောက်မြို့တွင် ၂ရက်တိုင်တိုင်စည်ကားစွာကျင်းပခဲ့ကြောင်းသိရှိရသည်။
တပေါင်းလပြည့်နေ့ မတ်လ၁၉ရက်နေ့ တွင် ဘန်ကောက်မြို့ ခရစ်ယာန်ကျောင်းသားများစင်တာတွင်
ပြည်တွင်းပြည်ပမှ ပအို့ဝ် အဆိုတော်များနှင့်စည်းကားစွာကျင်းပခဲ့သည်။တပြိုင်တည်းတွင် ထိုင်းလူ့အခွင့်အရေး ရှေ့နေကြီး Surapong Kongchantuk ကအလုပ်သမားရေးရာတို့ အားလာရောက်ဟောပြောခဲ့ပြီး တက်ရောက် လာသူများမေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
မတ်လ ၂၀ ရက်နေ့ တွင် ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ ရှိ ထခမ်းဘုန်းတော်ကြီးကျောင်းတွင်
ဒုတိယမြောက်နေ့အဖြစ် ကျင်းပခဲ့ကြသည်။ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်း တက်ရောက်ဟောပြောခဲ့သည်။အထူးဖိတ်ကြားထား သည့် ထိုင်းအလုပ်သမားရေးရှာခေါင်းဆောင်များနှင့်ထိုင်းရှေ့နေ အချို့လည်းတက်ရောက်ခဲ့ကြသည်။
ပအို့ဝ်အမျိုးသားနေ့ကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သော ပအို့မဂ္ဂဇင်း အယ်ဒီတာ ခွန်သောမတ်စ် က
“တက်ရောက်လာတဲ့ပုအို့ဝ်တိုင်းရင်းသူတယောက်ကတော့ ပျော်တယ်၊ ရိုးရာအ၀တ်အစားတွေကို ပအို့ တိုင်း
ရင်းသားတွေ မြတ်မြတ်နိုးနိုးဝတ်ဆင်ပြီးတော့ မိမိတို့ ရိုးရာကိုထိမ်းသိမ်းကြစေချင်တယ်လို့ ပြောဆိုသွား
ပါတယ်ခင်ဗျာ။ သုဝဏ္ဏဘုမိသထုံပြည့်ရှင် ဘုရင် ပအို့ဝ် အမျိုးသား သူရိယစန္ဒာမင်းကို နေအ၀င်လအထွက်မှာ မွေးဖွားတဲ့ဒီတပေါင်း လပြည့်နေ့ ကို အစွဲပြုပြီးတော့ ပအို့ဝ်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ စည်းလုံးညီညွတ်ရေးရိုးရာယဉ်ကျေးမှုကိုထိမ်သိမ်းတာနဲ့ ပအို့ဝ်အချင်းချင်း အဆက်အသွယ်ရစေချင် တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်။ ပအို့လူငယ်တွေ ပညာ ကိုကြိုးစားသင်ကြားကြဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောဆိုသွားသည်။
အထူးဖိတ်ကြားထားသူတစ်ဦးဖြစ်သော ထိုင်းနိုင်ငံရဲ့လူ့အခွင့်အရေးနှင့်ရွှေ့ပြောင်း အလုပ်သမားအခွင့် အရေးကိုအားကြိုးမန်တက်လုပ်ကိုင်နေသော ထိုင်းရှေ့ နေကြီး က “ပအို့ဝ်တွေရဲ့ ညီညွတ်မှုတွေ မြန်မာအလုပ်သမားတွေရဲ့ ညီညွတ် မှုတွေကိုမြင်ရလို့ ဝမ်းမြောက်တယ်အလားတူပဲ မတရားမှုတွေပေါ်ပေါက်လာလို့ရှိရင်သူ့ကို အချိန်မရွေး အကူအညီတောင်းခံကြဖို့”ပြောဆိုသွားသည်။
ယခုအကြိမ်ကျင်းပခြင်းမှာ ထိုင်းနိုင်ငံအတွင်း ၇ ကြိမ်မြောက်ဖြစ်ပြီး ပြည်တွင်းပြည်ပ ပူးတွဲကျင်းပခြင်းမှာ ၃၃
ကြိမ်ပြည့်ခဲ့ပြီးဖြစ်ကြောင်း ခွန်သောမတ်စ် ကပြောသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ပအို့ဝ်အမျိုးသမီးငယ် တစ်ဦးက “ပျော်တယ်၊ ရိုးရာအ၀တ်အစားတွေကို ပအို့ တိုင်းရင်းသားတွေ မြတ်မြတ်နိုးနိုးဝတ်ဆင်ပြီးတော့ မိမိတို့ ရိုးရာကိုထိန်းသိမ်းကြစေချင်ပါတယ်” ဟုပြောဆို
သွားသည်။ဘန်ကောက်မြို့တွင်၂ရက်တိုင်တိုင် ကျင်းပခဲ့ကြသည့် ပအို့ဝ်အမျိုးသားနေ့၂နေရာစလုံးတို့တွင် လူပေါင်းထောင်ချီတက်ရောက်ခဲ့ကြသည်။ထို့အပြင် ထိုင်းမြန်မာ နယ်စပ်ဒေသတွင်နေထိုင်ကြသည့် ပအို့ဝ်တိုင်းရင်းသားများကလည်းကျင်းပခဲ့ကြပြီးကြေညာချက်တစ်စောင် ထုတ်ဝေခဲ့ကြောင်းသိရှိရသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment