(မတ်လ ၁၂၊၂၀၁၁)
မြန်မာပြည်သို့ခေတ္တအလည်သွားခဲ့ပြီးပြန်လာသည့်မြန်မာအလုပ်သမား၁၅ဦးတင်ဆောင်လာသည့်ကားအား ယမန်နေ့ 
နံနက်ပိုင်းက တာ့ခရိုင် နော့ကော့ ဆ၀န် ရဲကင်းတွင်ဖမ်းဆီးလိုက်ပြီးအလုပ်သမားကိုဆွဲချထားလိုက်ကြောင်းသိရှိရသည်။
ဂရုအင်တာနယ်ရှင်နယ် သုဝဏ္ဏဘုံမိ ခရီးသွားလုပ်ငန်းပိုင် ကားဖြင့် ပြီးခဲ့သည့်၁၀ရက်နေ့ ည၈နာရီကထွက်ခွာလာခဲ့သည့်ကား
အား ယမန်နေ့ နံနက်ပိုင်း ၂နာရီခန့် ကတရားဝင် ခရီသည်တင်ဆောင်ခွင့်လိုင်စင်မရှိကြောင်းစစ်ဆေးတွေ့ရှိသဖြင့် ယခုကဲ့သို့ ကားနှင့်ကားမောင်းသူတို့ အားဖမ်းဆီးခဲ့ပြီး မြန်မာခရီးသည်များအား ဆွဲချထားခြင်းဖြစ်သည်။
ကိုယ်တွေ့ ကြုံရသည့်မဟာချိုင်မှ မြန်မာအလုပ်သမားကိုမင်းမင်းက“ တချို့ လည်းမဲဆောက်ကိုပြန်ဆင်းကြတယ်၊ကျနော်တို့ 
တော့ ဘန်ကောက်က မော်ချစ် အဝေးပြေးကားဂိတ်ကိုလိုင်းကားစီးပြီးလာခဲ့ကြတယ်။ ကားကုမ္ပဏီက ဘာမှ မစီစဉ်ပေးဘူး။ လူတစ်ယောက်ကို ဘတ် ၆၀၀ ပေးပြီးစီးလာ တာဖြစ်တယ်။ပိုက်ဆံလည်းပြန်မပေးဘူး၊တချို့မဲဆောက်ကိုပြန်ဆင်းကြတယ်။ ကလေးအမေ သားမိ၂ယောက်တော့ လမ်းစ၇ိတ်လည်းမရှိ အဆက်အသွယ်လည်းမရှိ ဆိုပြီးတော့ငိုကျန်နေခဲ့တယ်။ ကျနော်
တို့ မှာလည်း ကလေးမုန့် ဖိုးနဲ့ ပိုက်ဆံက ကွက်တိဖြစ်နေလို့ လေ” ဟုပြောဆိုသွားသည်။
အဆိုပါနေရာမှ ဘန်ကောက်မြို့ သို့ လိုင်းကားစီးလျှင် ဘတ်ငွေ ၂၅၀ ပေးရပြီး မဲဆောက်သို့  ဘတ် ၄၀၀ ပေးရကြောင်းအလုပ်သမားများကပြောသည်။ အဆိုပါကားကုမ္ပဏီသို့  မေးမြန်းခဲ့ရာ အခြေအနေမှန်ကိုဖြေဆိုရင် ငြင်းဆန်သွားသည်။
ယခုဖမ်းဆီးခံရသည့် ကားငယ်ခရီသည်တင်ဆောင်သူများနှင့် မဲဆောက်တံတားအောက် မှ ထိုင်းလ၀ကများ၊ထိုင်းပုလိပ်များ
နှင့်ပွဲစားများ ပူးပေါင်း၍ မြန်မာပြည်မှ ပြန်လာကြသော မြန်မာအလုပ်သမားများအား ယာယီပတ်စပို့ တံဆိပ်တုံးထုခြင်း၊ကားလက်မှတ်ရောင်းချခြင်းတို့ အား မတရားစီးပွားရှာနေကြသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေလာခဲ့သူများကပြောပြသည်။
သတင်း- ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment