**(ဟာဒယနှလုံး -တခဏပြုံး)**
" အင်္ဂလိပ်စာဘာသာရပ် သင်ခန်းစာ သင်ကြားနေတဲ့ ဆရာမက မေးလိုက်တော့ ကျောင်းသားတွေအားလုံး ပြိုင်တူ ပြန်ဖြေကြပုံလေးပါ. . ။
."တစ်ဖက်သားရဲ့ စိတ်ပါဝင်စားမှု မခံရဘဲနဲ့ စကားတွေ တောက်လျှောက်ကြီး ပြောနေတဲ့လူမျိုးကို ဘယ်လို ခေါ်မလဲ . . . သိကြလား "
"ဆရာမပါ ခင်ဗျား ""
.................................................
**ခုတော့ သိသွားပြီ **
**(ဟာဒယနှလုံး -တခဏပြုံး)**
လူရှင်းနေသော အရက်ဆိုင်ထဲတွင် ထိုင်နေရင်း လက်နှစ်ဖက်လုံးမရှိသူတစ်ဦးက ဘီယာတစ်ခွက်မှာသည်. . . အရက်ရောင်းသူက ပေးလိုက်သော အခါ ထိုသူက ပိုက်ဆံကို သူ့ဘာသူ ထုတ်မယူနိုင်သဖြင့် သူ့ အင်္ကျီအိတ်ထဲမှ နှိုက်ယူရန် ပြောသည် . . . .အရက်ရောင်းသူက ပိုက်ဆံကိုနှိုက်ယူလိုက်သည်. .ထို့နောက် လက်မရှိသူက ဘီယာခွက်ကို သူ့နှုတ်ခမ်းပေါ်သို့ စောင်းပေးရန်ပြောသည်. . .အရက်ရောင်းသူ က လုပ်ပေးလိုက်ပြီး ထိုသူအား"အစစအရာရာ သူများ ကိုလုပ်ပေးဖို့ ပြောနေရသည်မှာ ခက်ခဲမှာပဲ. . . . " ဟု ပြောသည်. ."ဟုတ်ကဲ့ တစ်ခါတစ်လေတော့ ရှက်စရာကောင်းတာပေါ့ဗျ. . . . . ဒါနဲ့ အိမ်သာဘယ်နားမှာလဲဗျ. . . . "ထိုအခါအရက်ရောင်းသူက လျင်မြန်စွာ ပြန်ဖြေလိုက်ပုံမှာ"အနီးဆုံး အိမ်သာက လမ်းအောက်ဘက် ဓာတ်ဆီဆိုင်ထဲမှာဗျ. . .
**အဲဗားသေမင်း**
**သိသင့်တာကြာပြီ **

No comments:
Post a Comment