(မတ်လ ၁၇၊၂၀၁၁)
ထိုင်းနိုင်ငံရနောင်းမြို့သို့ ယာယီပတ်စပို့ လုပ် ကိုင်ရန်လာသည့် မြန်မာအလုပ်သမားတစ်ဦးအား ဘန်ကောက်မြို့IDC
အချုပ်ခန်းတွင် ၂ပတ်ကျော်ကြာဖမ်းချုပ်ခဲ့ရာ ကုမ္ပဏီ က အကုန်အကျခံခဲ့သဖြင့်မတ်လ၁၅ ရက်နေ တွင်ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်သည်။
အသက် ၂၄နှစ်အရွယ် မောင်ထင်လင်းသည် လပ်ဘူရီ ခရိုင် ဘန့်ခါ မြို့နယ် VNK နာနတ်သီးစည်သွတ် စက်ရုံတွင်အလုပ်လုပ်သူတစ်ဦးဖြစ်သည်။ ပြီးခဲ့သည်ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ က ယာယီပတ်စပို့ လုပ်ကိုင်ရန်ရနောင်းမြို့သို့သွားရောက်ရန်အတွက်မဟာချိုင်ရှိ (-------- )ကုမ္ပဏီ ရုံးခွဲသို့ လာခဲ့ခြင်းဖြစ်သည်။
မဟာချိုင်ရဲက နယ်ကျော်မှုဖြင့်ဖမ်းဆီလိုက်ခြင်းဖြစ်သည်။မဟာချိုင်တွင်လွှတ်ပေးရန် ပတ်စပို့ကုမ္ပဏီက
ကြိုးစားခဲ့သော်လည်းဘန်ကောက်မြို့ (IDC) Immigration detention Center
သို့ မတ်လ ၄ ရက်နေ့ ကပို့ ဆောင်ပေးခဲ့သည်။
မောင်ထင်လင်းအားလိုက်လံထုတ်ပေးခဲ့သည့် မဟာချိုင်ယာယီပတ်စပို့ (-----)ကုမ္ပဏီခွဲမှ တာဝန်ရှိသူတစ်ဦးက-
“ ကျနော်တို့ စေတနာနဲ့ အကုန်အကျခံလုပ်ပေးလိုက်တာပါ။ နာနတ်သီးစက်ရုံက မန်နေဂျာ လာဖို့ စရိတ်စက
ကားခတွေ ဘတ် သုံးလေးထောင်ကုန်တယ်။IDC မှာတော့ မပေးခဲ့ရဘူး။မနေ့ညနေကဒီကလေး ရနောင်းကို
ပတ်စပို့ လုပ်ဖို့ ဆင်းသွားပြီ ” ဟုပြောသည်။
ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ တွင်မဟာချိုင်ရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ထားပြီး ဘန်ကောက်မြို့လ၀ကအချုပ် IDC သို့ မတ်လ၄ ရက်နေ့ ကပို့ ဆောင်ပေးခဲ့သည်။ (-------)ကုမ္ပဏီပိုင်ရှင်က ဘန်ကောက်အခြေစိုက် (BAT)ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့သို့အကူအညီတောင်းခံခဲ့သည်။BAT မှတာဝန်ရှိသူတစ်ဦးနှင့်ဘာသာပြန်တစ်ဦးတို့ အတူတကွ IDC သို့ လိုက်ပါသွားခဲ့သည်။ ရုံးပိတ်ခါနီးမှရောက်သွားသဖြင့်တာဝန်ရှိသူကနယ်စပ်ကိုမပို့တော့ကြောင်းပြောဆိုပြီးစာရွက်စာတမ်းများ
ကိုမှတ်တမ်းပြုလုပ်ပြီးတနင်္လာနေ့ လာထုတ်ပါရန် ပြောဆိုခဲ့သည်။
မတ်လ ၈ ရက်နေ့ က ကုမ္ပဏီမှ ထိုင်းဘာသာကျွမ်းကျင်သူ ရုံဝမ်ထမ်း ၂နှစ်ဦးအား IDC သို့ စေလွှတ်ခဲ့ရာ အလုပ်သမားအားဖမ်းထားသည်ကိုကုမ္ပဏီမှလာရောက်ထုတ်ယူခွင့်မရှိကြောင်းလုပ်ငန်းရှင်ကိုယ်တိုင်လာ
ရောက်ထုတ်ယူမှ ရမည်ဖြစ်ကြောင်း IDC တာဝန်ရှိသူက ပြောဆိုခဲ့သည်။
B.A.T တာဝန်ရှိသူက“ တရားဝင်စာရွက်စာတမ်းအပြည့်အစုံပြနိုင်တဲ့အလုပ်သမားတစ်ယောက်ကို ထိုင်းရဲတွေမဖမ်းသင့်ပါဘူး၊ကုမ္ပဏီကလည်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့ အကုန်အကျခံပေးတယ်။ စာရွက်စာတမ်းတွေမှန်ကန်ကြောင်းလည်းပြတယ်။ အလုပ်သမားတစ်ယောက်ကို ၁၇ ရက်တိုင်တိုင်ဖမ်းချုပ်ပစ်လိုက်တယ်။
အလုပ်သမားအတွက်အထူးနစ်နာတယ်။လူတစ်ယောက်ကို မတရားဖမ်းဆီးချုပ်နှောင်တယ်ဆိုတာ စိတ်ပိုင်း
ဆိုင်ရာတွေကိုထိခိုက်စေပါတယ်။လူ့ အခွင့်အရေးချိုးဖေါက်မှုလည်းဖြစ်တယ်၊ဒါမျိုးတွေကို ၀ိုင်းဝန်းဖြေရှင်းကြဖို့လိုပါတယ်” ဟုပြောဆိုသွားသည်။
ယခု ကဲ့သို့ အကုန်အကျခံကူညီပေးသည့် ကုမ္ပဏီ အားအထူးကျေးဇူးတင်ထိုက်သည်။ တပြိုင်တည်းတွင် မသိနားမလည်သော မြန်မာအလုပ်သမားများနှင့် ယာယီပတ်စပို့ လုပ်ငန်းစဉ်ကိုနား မလည်သည့် ထိုင်းလုပ်ငန်းရှင်များအား ထိုင်းစကားကျွမ်းကျင်သည့် မြန်မာအချို့တို့က ကုမ္ပဏီအမည်အမျိုးမျိုး လိပ်စာကဒ် အမျိုးမျိုးရိုက်နှိပ်လျှက်အုပ်စုဖွဲ့ကာလိမ်လည်လှည့်ဖြားမှုပေါင်းမြောက်များစွာလည်းပေါ်ပေါက်နေဆဲဖြစ်သည်။ အလိမ်ခံရခြင်းကြောင့်မြန်မာအလုပ်သမားများမှာငွေကျေးဆုံးရှုံးခြင်နေထိုင်ခွင့်ကုန်ဆုံးခြင်းများစွာဖြစ်ခဲ့ကြပြီး
ဖြစ်သည်။သို့ရာတွင်အဆိုပါမြန်မာလူလိမ်အုပ်စုတို့အားဥပဒေအရအရေးယူအပြစ်ပေးနိုင်ခြင်းမျိုးမရှိသေး
သဖြင့် ဆက်လက်အတင့်ရဲလှုပ်ရှားဆဲဖြစ်သည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment