** ဒိုင်နိုဆောမျိုးစိတ်သစ်တစ်ခု တရုတ်နိုင်ငံတွင် တွေ့ရှိ **
အရွယ်အစားအကြီးမားဆုံး အသားစားဒိုင်နိဆော အမျိုးအစားထဲမှ တစ်မျိုးဖြစ်သည့် တိုင်ရင်နိုဆောရတ် ရက်(စ်) (Tyrannosaurus rex)၏ဆွေးမျိုးရင်းခြာမျိုးစိတ်တစ်ခုကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒုံးပြည်နယ်တွင် တွေ့ရှိခဲ့ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များက ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

(Gunman kills 6, wounds 15 in Dutch mall shooting
Children among the casualties; 'it's too terrible for words, a shock for us all,' mayor says )
** ဟော်လန်ကုန်တိုက်တစ်ခု၌ သေနတ်သမားတစ်ဦး ဦးတည်ရာမဲ့ပစ်ခတ် ၊ကုန်တိုက်သို့ လာရောက်သူ ခြောက်ဦး သေဆုံး၍ ၁၇ ဦးဒဏ်ရာရ **
(အမ်စတာဒမ်၊ ဧပြီလ ၁၀ ရက်)
ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ပြင်ရှိ ကုန်ပဒေသာဆိုင်ကြီးတွင် စနေနေ့ ဈေးဝယ်သူများ စည်ကားလျက်ရှိသော အချိန်၌ လူတစ်ဦးက စက်သေနတ်တစ်လက်ဖြင့် ပစ်ခတ်ရာ အနည်းဆုံး ခြောက်ဦးသေဆုံး၍ ၁၇ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
**ဂါဇာစစ်သွေးကြွများ အပစ်ရပ်လျှင် အစ္စရေးကလည်း တိုက်ခိုက်မှုများရပ်မည် **
(ဂျေရုဆလင်၊ ဧပြီလ ၁၀ ရက်)
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းစစ်သွေးကြွများက အစ္စရေးနိုင်ငံကို မော်တာ၊ ဒုံးကျည်များဖြင့် ပစ်ခတ်မှုရပ်တန့်မည်ဆိုပါက အစ္စရေးနိုင်ငံကလည်း တိုက်ခိုက်မှုများကို ရပ်တန့်ရန် အသင့်ရှိကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်စ်က ပြောကြားလိုက်သည်၊ (အင်တာနက်)
** ဒုံးကျည်ကာကွယ်ရေးစနစ်သစ် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ကြောင်း အစ္စရေးပြောကြား **
(ဂျေရုဆလင်၊ ဧပြီလ ၁၀ ရက်)
အစ္စရေးနိုင်ငံ၏ သံမဏိပေါင်းခုံးအမည်ရှိ ဒုံးကျည်ကာကွယ်ရေးစနစ်သစ်သည် အဓိကမြို့ကြီးနှစ်မြို့ကို ပါလက်စတိုင်း ဒုံးကျည်များအန္တရာယ်မှ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့ကြောင်း အစ္စရေးနိုင်ငံက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဓာတ်ရောင်ခြည်သင့်ဒေသများ၌ စပါးစိုက်ပျိုးခွင့် ဂျပန်ပိတ်ပင် **
(မတ်လ ၁၁ ရက် ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရသော ဖူကူရှီးမားဒိုင်အိချိ ညူကလီးယားဓာတ်အားပေးစက်ရုံမှ ထွက်ပေါ်နေသည့် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်များသင့်ခဲ့ရာဒေသများ၌ စပါးစိုက်ပျိုးခွင့်ပေးမည်မဟုတ်ကြောင်း ဂျပန်နိုင်ငံက ဧပြီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** သဘာဝဘေး လက်တွဲတုံ့ပြန်နိုင်ရေး အာဆီယံနှင့် ဂျပန်ဆွေးနွေး **
(ဂျကာတာ၊ ဧပြီလ ၁၀ ရက်)
ဂျပန်နိုင်ငံ၌ လွန်ခဲ့သည့်လကမြေငလျင်လှုပ်မှုနှင့် ဆူနာမီရေလှိုင်း ရိုက်ခတ်မှုတို့ကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ယင်းသဘာဝအန္တရာယ်ဆိုက်ရောက်မှုအပေါ် အရှေ့တောင်အာရှဒေသမှ နိုင်ငံများ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဧပြီလ ၉ ရက်နေ့က တွေ့ဆုံးဆွေးနွေးကြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment