ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 12, 2011

လူထုကျန်းမာရေး (ပြီးပြည့်စုံသော နေ့တနေ့ ဖြစ်စေရန်)

>
**Public Health**

ကျန်းမာ ပြည့်စုံတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့ဆိုရင် သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေထဲ အောက်ပါတို့ကို ထည့်သွင်း ပြုလုပ်ပေးဖို့တော့ လိုမယ်နော်။

**မနက် ၇ နာရီ - သွားတိုက်ပါ**

ဖြူဖွေးသန့်စင်တဲ့ သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ မနက်အိပ်ရာက နိုးတာနဲ့ သွားတိုက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်၊ တစ်ခါတိုက် အနည်းဆုံး နှစ်မိနစ် ကြာအောင် တိုက်ပေးသင့်ပါတယ်။ အပေါ်သွား၊ အောက်သွားပါ မကျန်၊ အတွင်းကော အပြင်ပါ အနှံ့ တိုက်ပေးပါ။ စိတ်ထဲမှာ သီချင်းတစ်ပုဒ်ကို သွားတိုက်ရင်း ဆိုနေလိုက်ခြင်းဖြင့် နှစ်မိနစ် သုံးမိနစ် အလိုလို ပြည့်သွားပါလိမ့်မယ်။ အစာစားပြီးတိုင်း သွားတိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါမှမဟုတ် ပလုတ်ကျင်းပေးရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ အမြှုပ်ပါတဲ့ အချိုရည်တွေ သောက်ပြီးပြီးချင်းမှာတော့ သွားမတိုက်မိပါစေနဲ့။ သွားကြွေသွားလွှာတွေ ပွန်းကုန်မှာ စိုးလို့ပါ။

**မနက် ၇ နာရီခွဲ - မနက်စာ ဝဝစားပါ**
မနက်စာကို များများ စားသူတွေဟာ ရေရှည်မှာ မလိုအပ်ဘဲ အစာစားလိုမှု လျော့နည်းကာ ကျန်းမာသွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါတယ်။ အစားအစာကို လောင်စာဆီလို့ သဘောထားပါက ခန္ဓာကိုယ်ကို တစ်နေ့လုံး မောင်းနှင်နိုင်ဖို့ မနက်စာကို တဝကြီး စားပေးသင့်ပါတယ်။ ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ် စတာတွေကို အာဟာရမျှတစွာ စားပေးပါ။ မနက်စာ စားပေးခြင်းဖြင့် တစ်နေ့လုံး ဗိုက်ခဏခဏ မဆာတော့ဘဲ နေ့လယ်စာကော ညစာပါ အစား နည်းသွားမှာပါ။

**မနက် ၈ နာရီ - ဦးနှောက် အလုပ်လုပ်ပါ**

မနက်ဘက် အလုပ်သွားတဲ့ လမ်းပေါ်မှာ၊ ဘတ်စကားပေါ်မှာ ထိုင်စရာ နေရာ ရရင် စာဖတ်ခြင်း၊ ဘာသာရပ်တစ်ခုခု လေ့လာခြင်း၊ ဉာဏ်စမ်းပဟေဠိ ဖြေခြင်း၊ Sudoku ကဲ့သို့ ကိန်းဂဏန်းကွက် ဖြည့်ခြင်း စတဲ့ ဦးနှောက်သုံးရတဲ့ အလုပ်တစ်ခုခု လုပ်ပေးပါ။ ဒီလို လုပ်ပေးခြင်းဖြင့် ဉာဏ်ရည် ထက်မြက်စေနိုင်သလို မှတ်ဉာဏ် အားကောင်းစေနိုင်ကာ အိုမင်းလာတဲ့အခါ ဦးနှောက်မှတ်ဉာဏ် လျော့နည်းတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေပါ နည်းစေပါတယ်။ ဂီတ တူရိယာပစ္စည်း တီးခတ်ပေးခြင်းကလည်း ဒီလို အကျိုးအာနိသင်တွေ ရရှိနိုင်စေပေမယ့် ရုံးသွားတဲ့ လမ်းမှာတော့ တီးခတ်ဖို့ အဆင်မပြေလောက်ပါဘူး။

**မနက် ၉ နာရီ - လုပ်ရမယ့် စာရင်းတွေ ချရေးပါ**
အလုပ်လုပ်တာဟာ ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ စိတ်ကျေနပ်မှုပေးတဲ့ အလုပ်တွေကို လုပ်ရသူတွေ၊ တာဝန်ယူရ သူတွေဟာ စိတ်ချမ်းသာမှုကိုရကာ ကျန်းမာဖျတ်လတ်သူတွေ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စိန်ခေါ်ရတဲ့ အလုပ်တစ်ခုကို လုပ်ရတဲ့အခါ အက်ဒရီနလင် ( Adrenaline) ဟော်မုန်းတွေ ထွက်လာပြီး ထိုအလုပ် ပြီးမြောက်တဲ့အခါ စိတ်ပျော်ရွှင်မှု ဖြစ်စေတဲ့ အန်ဒေါ်ဖင်း (Endorphin) ဟော်မုန်းတွေ ထွက်လာတာကြောင့် အလုပ်က စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အလုပ် လုပ်နေရင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ တန်ဖိုးထားမှုမြင့်ကာ လုံခြုံမှုကို ပေးစွမ်းနိုင်သလို အနာဂတ် အတွက် ရည်မှန်းချက် တွေလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် မနက် ရုံးရောက်တာနဲ့ တစ်နေ့တာမှာ ကိုယ်လုပ်ရမယ့် အလုပ်စာရင်း ချရေးကာ တစ်ခုပြီးတိုင်း ပြီးတဲ့ အရာကို အမှတ်ခြစ်ပေးခြင်းဖြင့် လုပ်ရ ပိုပျော်လာပြီး စိတ်ကျေနပ်မှု ရရှိစေပါတယ်။

**နေ့လယ် ၁ နာရီ - မိတ်ဆွေ သူငယ်ချင်းနဲ့အတူ နေ့လယ်စာ စားပါ**

နေ့လယ်စာ စားချိန်မှာ တစ်ယောက်တည်း အမြန်စား၊ စားပြီးတာနဲ့ အလုပ် အမြန်လုပ်မယ့်အစား လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အတူ ထမင်းလက်ဆုံစားကာ စကားစမြည် ပြောဆိုသင့်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တဲ့ Cortisol ကော်တီဆော ဟော်မုန်း ထွက်ရှိကာ စိတ်ပင်ပန်း နွမ်းနယ်မှု၊ နုံးချည့်မှုတွေကို ပယ်ပျောက်စေပါတယ်။ ဒါ့အပြင် ထမင်းစားချိန်မှာ အိုမီဂါ-၃ ဖက်တီးအက်စစ် ကြွယ်ဝတဲ့ ငါး စားပေးခြင်းဖြင့် ဦးနှောက်၊ နှလုံး၊ အဆစ်၊ အရေပြား ကျန်းမာစေပြီး ရောဂါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အအေးသောက်မယ့်အစား ရေကိုလည်း များများ သောက်ပေးပါ။

**ညနေ ၅ နာရီခွဲ - အလုပ်ဆင်းပါ**

အချိန်ပို ဆင်းရခြင်း၊ အလုပ် မပြီးသေးခြင်းတို့က လွဲရင် အလုပ်ဆင်းချိန်က ညနေ ၅ နာရီခွဲပါ။ အလုပ်နဲ့ မိသားစု အချိန်မျှတစွာ ပေးသင့်ပါတယ်။ ဒါမှ မိသားစု အတွက် အချိန်ပိုရပြီး ဘဝမှာ နေပျော်မှာပါ။ လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေးမှာလည်း အဆင်ပြေ ချောမွေ့မှာပါ။

**ညနေ ၆ နာရီခွဲ - အားကစားလုပ်ပါ **
Gym သွားပြီး ကစားရမှာ ပျင်းရင်၊ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းရင် မိတ်ဆွေသူငယ်ချင်း၊ အိမ်သားတွေနဲ့ အားကစား တူတူလုပ်ပါ။ ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ဘတ်စကက်ဘော ကစားခြင်း၊ ဘောလုံးကန်ခြင်းတို့ကို အတူကစားခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ရာ ရောက်သလို စိတ်ပျော်ရွှင်မှုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

**ည ၇ နာရီခွဲ - အာဟာရ မျှတစွာ စားပါ**

ညစာစားမယ့် ပန်းကန်ထဲမှာ ထမင်း၊ ပေါင်မုန့်၊ အာလူးတို့လို ကစီဓာတ်ပေးတဲ့ အစာက ၂၅ ရာခိုင်နှုန်း၊ အသား၊ ငါးက၂၅ ရာခိုင်နှုန်းနဲ့ ဟင်းသီးဟင်းရွက်က ၅၀ ရာခိုင်နှုန်း ရှိသင့်ပါတယ်။ ဒါမှ မျှတတဲ့ အာဟာရဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။ အစာကို ဖြည်းဖြည်းချင်း ကြေညက်စွာ ဝါးစားပါ။ ဗိုက်ဝရင် ရပ်လိုက်ပါ။ စားကောင်းတိုင်း မစားပါနဲ့။ ညစာကို လျှော့စားတာ အကောင်းဆုံးပါ။ ဗိုက်တင်းလွန်းရင် ညဘက် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ပါဘူး။

**ည ၁၀ နာရီ - စိတ်ငြိမ်အောင်ထားပါ**

ညအိပ်ရာ မဝင်ခင် တစ်နာရီအလိုမှာ တီဗီ ပိတ်လိုက်ပါ။ တီဗီကြည့်ခြင်းက အိပ်ချင်စိတ်ကို ပယ်ပျောက်စေနိုင်ပြီး ညမိုးချုပ်တဲ့အထိ အိပ်မပျော်ဖြစ်ကာ အိပ်ရေးမဝ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အိပ်ခါနီး တီဗီကြည့်မယ့် အစား တရားထိုင်ကာ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ ဘဝမှာ စိတ်ကျေနပ်စရာကောင်းတဲ့ အရာတွေအကြောင်း စဉ်းစားပေးပါ။ အဲသလို စဉ်းစားပေးခြင်းဖြင့် စိတ်ချမ်းမြေ့စေနိုင်ပါတယ်။ ညဘက်မှာ အိပ်ကောင်းခြင်းနဲ့လည်း အိပ်ပျော်စေနိုင်ပါတယ်။

**ဒေါက်တာနုမြတ်**

By Good Health

မေမွန်ကျော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)