ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 13, 2011

လူထုကျန်းမာရေး( ဦးနှောက်သွေးကြောပြတ် အန္တရာယ်)

> **Public Health**

ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲပါက ဦးနှောက် သွေးကြောပြတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် အဲကွန်းခန်းမှ နေပူထဲသို့ ထွက်ခြင်း၊ နေပူထဲမှ အဲကွန်းခန်း အတွင်းသို့ ဝင်ခြင်းများကို ဆင်ခြင်သင့်ကြောင်း သိရသည်။ ပူပြင်းသော ရာသီတွင် အဲကွန်းခန်းမှ နေပူထဲသို့ သွားပါက ဦးနှောက်အတွင်းသို့ ပို့ဆောင်သော သွေးကြောလေးများ၏ သွေးသွား၊ သွေးလာ အနှောင့်အယှက် ဖြစ်ကာ မူးမော်ခြင်း ဖြစ်တတ်ပြီး အသက် အန္တရာယ် ဆုံးရှုံးနိုင်သဖြင့် မပေါ့ဆသင့်ကြောင်း၊ နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းများနှင့် ပြသဖို့ လိုအပ်ကြောင်း သိရသည်။
“Heat Strocke ကြောင့် သေတာဟာ ခန္ဓာကိုယ် အပူချိန် အရမ်းများလို့ သေတာနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ဆုံးရှုံးသွားလို့ သေတာတွေပါ။ ဒါကြောင့် ချွေးထွက်များရင် ရေပဲ သောက်ရပါမယ်။ ကြွက်တက်မှ၊ ခြေလက်ထုံကျဉ်မှ ဓာတ်ဆားကို သောက်သင့်တယ်။ မဟုတ်ရင် သွေးတိုးပြီး ဦးနှောက်သွေးကြော ပြတ်နိုင်တယ်။ အပူချိန်များတဲ့ အချိန်မှာ မူးမေ့ရင် အရိပ်ရတဲ့ နေရာကို ချက်ချင်း ခေါ်သွားပြီး တစ်ကိုယ်လုံး ရေဖတ် တိုက်ပေးရပါမယ်။ ခန္ဓာကိုယ် အပူချိန်ပေါ် မူတည်ပြီး ၁၀၅ ဒီဂရီဆိုရင် အရမ်းပူရင် ရေခဲဖတ်ကို ၁၅ မိနစ်၊ နာရီဝက် ဆက်တိုက် တိုက်ပေးရပါမယ်။

အပူချိန်တိုင်း ကိရိယာနဲ့ ဆက်တိုက် တိုင်းပြီး ၁၀၁ ဒီဂရီလောက်အထိ ရောက်အောင် ဆက်တိုက် တိုက်ပေးရမယ်” ဟု
မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။ “နေကတော့ မတရားကို ပူတယ်။ ကျွန်တော်တို့လို ကားသမားတွေ အတွက် ငွေရှာရတာ အဆင်ပြေပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတယ်။ မနေ့ကဆို တက္ကစီကား တစ်စီးက ပလက်ဖောင်းပေါ် လမ်းလျှောက်နေတဲ့ မိန်းကလေး တစ်ဦးကို ဝင်တိုက်တယ်။ လမ်းသွား လမ်းလာတွေက တက္ကစီသမားကို ဆွမ်းကြီးလောင်းမလို့ အုံလာကြတယ်။ ကားတိုက်ခံရတဲ့ မိန်းကလေးလဲ မေ့သွားတယ်။ တက္ကစီသမားကလဲ မေ့နေတယ်။ ဒီတော့ လူတွေက မိန်းကလေးရော၊ တက္ကစီသမား ကိုပါ ဆေးရုံ ပို့လိုက်ရတယ်။ ဖြစ်တာက နေပူလွန်းအားကြီးတော့ ကားသမားက မောင်းနေရင်း မူးမေ့သွားပြီး စတီယာရင် မထိန်းနိုင်ဘဲ လမ်းပေါ်က အမျိုးသမီးကို ဝင်တိုက်တာ။ တော်သေးတယ်။ မိန်းကလေးရော တက္ကစီသမားပါ၊ ဘာမှ မဖြစ်ကြလို့။ ကျွန်တော်တို့ ကားသမားတွေက နေပူပြီဆိုရင် သတိထားရတယ်။ ဦးနှောက် သွေးကြောပြတ်ပြီး သေတတ်တယ်။ ကျွန်တော်ကတော့ သိပ်ပူတဲ့ ၁ နာရီ ၂ နာရီဆို အရိပ်ရတဲ့ နေရာမှာ ကားထိုးပြီး အိပ်နေလိုက်တယ်။ ဒါပေမဲ့ ငွေရှာ မရရင် နေပူလဲ အင်ဂျင်ပူပူအပေါ် တစ်နေကုန် ထိုင်ပြီး သေမင်းနဲ့ ကစားနေရတာပါပဲ” ဟု ဆူးလေဂိတ်မှ တက္ကစီဒရိုင်ဘာတစ်ဦးက ပြောသည်။

ယမန်နှစ် နွေရာသီက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အပူဒဏ် လွန်ကဲမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ဆိုက်ကားသမား၊ တောင်ယာ လုပ်ကိုင်သူများထဲမှ အချို့သည် အသက်အန္တရာယ် ဖြစ်ပွားခဲ့ကြသည်။ “နေပူထဲက ပြန်လာပြီး ရေချိုး ခေါင်းလျှော်တာ။ နေပူထဲက ပြန်လာပြီး ရေအေးဝတ် ပတ်တာတွေက ဦးနှောက်သွေးကြော ပြတ်တာ ဖြစ်နိုင်တယ်။ ခန္ဓာကိုယ် အပူချိန် ရုတ်တရက် ပြောင်းလဲလို့ ဦးနှောက် သွေးကြော ပြတ်တာ” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ စီမံချက် ညှိနှိုင်းရေးမှူး ဒေါက်တာမြင့်ဇော်က ဆိုသည်။ ကျန်းမာရေး ဝန်ထမ်းတစ်ဦးကလည်း “ယခုဆိုရင် ရာသီဥတုက အချိန်အခါ မရွေး ဖောက်ပြန်နေတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းကဆိုရင် ရန်ကုန်မြို့ အပါအဝင် တစ်နိုင်ငံလုံး ပြင်းပြင်းထန်ထန် ပူခဲ့တယ်။ သက်ကြီးရွယ်အိုတွေ သေဆုံးတယ်။ ဒီနှစ်လဲ အရက်သမားတွေ ဦးနှောက် သွေးကြောပြတ်ပြီး သေတာတွေ တွေ့လာနေရတယ်။ ကျွန်မတို့ ရပ်ကွက်ထဲက လူတစ်ယောက်ဟာ နေ့ခင်းကြောင်တောင် ဦးနှောက်သွေးကြောပြတ်ပြီး လမ်းပေါ်မှာ ဆုံးသွားခဲ့တယ်။ လူကတော့ အကောင်းပဲ။ ဒါပေမဲ့ သူက အရက်ကို နေ့မရှောင်၊ ညမရှောင် သောက်တဲ့ လူစားမျိုးဆိုတော့ အပူရှိန်ပြင်းတဲ့ အချိန်မှာ အရက်သောက်တော့ ဦးနှောက်ကြောပြတ်ပြီး သေတာပဲ။ အရက်သောက်တတ်တဲ့ သူတွေဟာ ယခုလိုပူတဲ့ အချိန်မှာ နေ့ခင်းဘက် အရက်သောက်ရင် လျှော့သောက်သင့်တယ်။ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါဘဲ” ဟု ဆိုသည်။ ထို့ပြင် ရန်ကုန် ကလေးဆေးရုံကြီးတွင်လည်း ပြီးခဲ့သော နွေရာသီတွင် ကလေးများ အပူကြီးပြီး ဆေးရုံတက်ရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ သို့ဖြစ်၍ ပူသော ရာသီတွင် ကလေးများအား အင်္ကျီပွပွ၊ ပါးပါးများ ဝတ်ပေးခြင်း၊ ရေမကြာခဏ တိုက်ပေးခြင်း၊ လေဝင်လေထွက် ကောင်းသောနေရာ၊ အရိပ်ရသော နေရာများတွင် ထားခြင်းတို့ဖြင့် အပူဒဏ်ကို ကာကွယ်ရမည် ဖြစ်သည်။ ထို့ပြင် လွင်တီးခေါင်ပြင်တွင် နေထိုင်သူများနှင့် မြစ်ချောင်း နံဘေးတွင် နေထိုင်သူများ အနေဖြင့် နံနက် ၁၀ နာရီမထိုးမီနှင့် ညနေ ၅ နာရီ နောက်ပိုင်းမှသာ ရေချိုးသင့်ကြောင်း သိရသည်။

**ဗညားဦး၊ နွေဦးလင်း**

(မေမွန်ကျော်)

**Public Health**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)