ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 27, 2011

အချစ်.....ဆူး

>
အချစ်ဆိုတာ ဆူးတစ်ချောင်းနဲ့တူတယ်တဲ့....။ သင်ကရော ဘယ်လိုထင်ပါသလဲ ?

မှန်ပါတယ် ။ အချစ်ဆိုတာ ချောကလက်တစ်တောင့်ထက်စာရင်တော့ ဆူးတစ်ချောင်းနဲ့ပိုတူပါတယ် ။ တကယ်ချစ်မိပြီဆိုရင် ရင်ထဲကို ဆူးချွန်ချွန် တစ်ချောင်းနဲ့ စိုက်သွင်းလိုက်သလိုပါပဲ ။ နင့်ကနဲကို ဖြစ်သွား လေ့ရှိပါတယ် ။ အဲဒီဆူးနေတဲ့အချစ်ဆူးကို နှုတ်ပစ်ရင်လည်း နှလုံးသွေးတွေ ပွက်ကနဲ ထွက်ပြီး သေသွား နိုင်သလို မနှုတ်ပဲ ဒီအတိုင်းထားရင်လည်း ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင် ကိုက်ခဲ နေတတ်ပါတယ် ။ သင်ဆိုရင် ရော အချစ်ဆူးတစ်ချောင်း ဆူးမိပြီဆိုပါတော့ ။ နှုတ်ပစ်မှာလား ? ဒီအတိုင်း ထားမှာလား ?

**အချစ်ဆိုတာဘာလဲ ?**

ကမ္ဘာဦးအစကနေ အခုအချိန်ထိ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ် ။ အချို့က တော့ အချစ်ဆိုတာ ရုပ်ဝထ္ထုလို့ မြင်ကြတယ် ။ ရင်ခုန်ခြင်းလို့ မြင်ကြတယ် ၊ တပ်မက်ခြင်း ၊ လှပခြင်း စသဖြင့် အမျိုးမျိုး ထင်မြင်ကြပါတယ် ။ ကျွန်တော်ကတော့ အဲဒါတွေအားလုံးနဲ့ ဆန့်ကျင်ဖက် အချစ်ကို အချစ်လို့ပဲ မြင်တယ် ။ အချစ်တစ်ခု မွေးဖွား ပေါက်ဖွားဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကြားခံနယ်မလိုဘူး ၊ အသက်အရွယ်မလိုဘူး ။ တစ်စက္ကန့် ၊ တစ်မိနစ် ၊ အကြည့်တစ်ချက် ၊ အသံတစ်သံ ကအစ အချစ်ဖြစ်သွား နိုင်ပါတယ် ။ သင်ယုံနိုင်မှာ မဟုတ်ပါဘူး ။ အချစ်ဆိုတာကိုက ထူးခြားဆန်းကျယ်လွန်းတဲ့ ပဉ္စလက် ပြကွက် တစ်ခုပဲလေ ။ ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးဆိုတာကိုလည်း သင်သတိထားဖို့ လိုပါတယ် ။ တခါတရံကျ တော့လည်း ကျွန်တော်တို့ နှလုံးသားကို သိပ်ပြီး မယုံကြည်မိပါစေနဲ့ ။ လူတစ်ဦးတစ်ယောက်ကို ရင်ခုန်မိလို့ ကိုယ်က အချစ်လို့ သတ်မှတ်ပြီးခါမှ တခြားလူတစ်ယောက်ကိုလည်း ရင်ခုန်နေပြန်သေးတယ်ဆိုရင် ရင်ခုန်တိုင်း အချစ်လို့ ခေါ်နိုင်ပါဦးမလား ။ ဒါကြောင့်အချစ်ဆိုတာ သိပ်ပြီး ယုံကြည်ဖို့ကောင်းတဲ့ အရာမဟုတ်ဘူးလို့ ကျွန်တော် ထင်မိလိုက်ပြန်တယ် ။

**ဘာကြောင့်ချစ်သလဲ ?**

ချစ်သူရည်းစား အတွဲတွေ မေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ် ။ ဘာကြောင့်ချစ်သလဲတဲ့ ။ တချို့က အသံလေးကို ချစ်လို့ ၊ မျက်လုံးလေးကိုချစ်လို့ ၊ ခန္ဓာကိုယ်လေးကို ချစ်လို့ စသဖြင့် အမျိုးမျိုးဖြေကြပါတယ် ။ ကျွန်တော်ကတော့ အဲဒီလို အဖြေတွေကြားရတိုင်း ဟားတိုက်ပြီးရယ်မောလေ့ရှိတယ် ။

ဒါတွေအားလုံးဟာ အချစ်မှ မဟုတ်ပဲ ။ အသံလေးကို ချစ်လို့ ဆိုတဲ့ လူ အဲဒီအသံလေးပျက်သွားရင်ရော ။ မျက်လုံးလေးလှလို့ ချစ်တဲ့သူ အဲဒီမျက်လုံး နှစ်လုံး ထုတ်ပြီးကန်းသွားရင်ရော ၊ ခန္ဓာကိုယ်လေးချစ်တဲ့သူ အသက်ကြီးလို့ ဘုတ်ထိုင်း ကြီးဖြစ်ပြီး ပျက်ဆီးသွားရင်ရော အချစ်ဆိုတာ ဘယ်ချောင်ကပ်သွားပါပြီလဲ ။ ဘယ်တော့မှ မပျက်ဆီးတဲ့ တည်တံ့ခိုင်မြဲတဲ့ ချစ်ခြင်းမှာ ဘာကြောင့် ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်မရှိပါဘူး ။အကြောင်း ပြချက် ရှိခဲ့ရင်လည်း အဲဒါအချစ်မဟုတ်တော့ပါဘူး ။ ဘာကြောင့်ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခု သင့်မှာ ရှိနေပြီဆိုရင် ဒါဟာ သင့်ရဲ့ လိုအင်ဆန္ဒတစ်ခုအတွက် အချစ်ကို အမည်ခံပြီး အတ္တကြီးနေခြင်းသာ ဖြစ်ပါ လိမ့် မယ် ။

**အချစ်နဲ့နောင်တ**

အချစ်မှာ နောင်တရှိသလားဆိုတဲ့ မေးခွန်းကလည်း အတော်လေးကို စဉ်းစားစရာပါ ။ နောင်တဆိုတာ ကျွန်တော်တို့ သိထားတာက အမှားတစ်ခုခုကို လုပ်မိတဲ့အတွက် နောင်အခါမှ ပြနလည်ပူဆွေးခြင်းလို့ ဖြစ်ပါ တယ် ။ ဒါပေမယ့်ခက်တာက အချစ်နဲ့ ပါတ်သတ်လာရင် လူတိုင်း လိုလိုက (ကျွန်တော်အပါအ၀င်) ဘာပဲ လုပ်လုပ် အမှားလို့ သိပ်မမြင်တတ်ကြဘူး ။ ဒီတော့ မှားသွားခဲ့ရင်လည်း နောင်တရစရာသိပ်မရှိဘူးပေါ့ ။ တကယ် လည်း အချစ်မှာ တရားမျှတခြင်း ၊ မမျှတခြင်း ၊ နောင်တရခြင်း ၊ မရခြင်းဆိုတာ မရှိပါဘူး ။ ကျွန်တော် ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းအရ ကိုယ်တကယ်ချစ်တဲ့သူကို ပေးဆပ်လိုက်ရတဲ့အတွက် ကိုယ့်အနေနဲ့ တန်သလား မတန်သလား ဆိုတာ ပဲ ရှိပါတယ်တဲ့ ။ လူတစ်ဦးကို ချစ်ပြီးမှ ငါမှားသွားပြီ နောင်တရလိုက်တာ ဆိုရင်တော့ သင်တကယ်မချစ်ခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ် ။ တကယ့်အချစ်စစ်မှာ မှားယွင်းခြင်း ၊ နောင်တ ရခြင်း ဆိုတာ မရှိပါဘူး ။

**အချစ်စစ်ဆိုတာဘာလဲ?**

အချစ်ကိုတော့ လူတိုင်းတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပါပဲ ။ တခါတလေတော့လည်း လူတွေကို ကြည့်ရတာအရမ်းကို ရီစရာကောင်းလွန်းပါတယ် ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ပြီဆိုရင် ဘာလိုအပ်မယ်လို့ သင်ထင် ပါသလဲ ။ ငွေကြေးလား ၊ အလုပ်အကိုင်လား ၊ ရာထူး ဂုဏ်တွေလား ၊ စာချုပ်စာတမ်းလား ၊ တကယ် တော့ လူနှစ်ဦးတကယ်ချစ်ကြမယ်ဆိုရင် ကျန်အရာအားလုံးဟာ သိပ်အရေးမကြီးတော့ပါဘူး ။ အချစ်စစ်ကို တချို့က ရယူပိုင်ဆိုင်လိုခြင်း၊ ပေါင်းစည်းခြင်း ၊ အတူတူနေထိုင်ခြင်း ၊ ကြင်နာယုယခြင်း ၊ ပေးဆပ်ခြင်းစသဖြင့် အမျိုးမျိုးသတ်မှတ်ကြပါတယ် ။ ကျွန်တော့်ခံယူချက်ကတော့ အချစ်စစ်ဆိုတာ အဲဒါတွေတစ်ခုမှမဟုတ်ပါဘူး ။ နှစ်ယောက်ပေါင်းမှ အချစ်ဖြစ်မယ်လို့ ဆိုရင်လည်း ဒါဟာ အိမ်ထောင်ပြုခြင်းသက်သက်သာ ဖြစ်ပါလိမ့်မယ် ။

အချစ်စစ်ဆိုတာ ဒီကောင်းကင်ကြီးအောက် တစ်နေရာမှာ ချစ်ရတဲ့ သူရှိနေပါလားဆနုတဲ့အသိနဲ့တင် ကြည်နူး ရင်ခုန်နေတတ်တဲ့ အသိစိတ်လေးတစ်ခုဖြစ်ပါတယ် ။ သူ့အကြောင်းကို တမင်တကာကြီး တွေးမနေရပဲ ဦး နှောက်ထဲ အမြဲပေါ်လာလေ့ရှိပြီး သူ့ကောင်းကျိုးကို အစဉ်လိုလား မေတ္တာပို့သနေတတ်တဲ့ စိတ်ဝိဥာဉ်လေး တစ်ခုပေါ့ ။ အဲဒီစိတ်ကလေးမှာ ရယူလိုခြင်းမရှိဘူး ၊ သိမ်းပိုက်လိုခြင်းမရှိဘူး ၊ ပေါင်းစည်းလိုခြင်းမရှိဘူး ။ ချစ်သူ လေး နဲ့ ကောင်းကင်ကြီးအောက် တစ်မိုးတည်းအတူတူနေခွင့်ရလို့ ကျေနပ်နေတတ်တဲ့ စိတ်ကလေးသာ ရှိလိမ့်မယ် ။

**အချစ်နဲ့စာချုပ်**

ဒီနေ့ခေတ်ကြီးမှာ အချစ်ကို တံဆိပ်ရိုက်စာချုပ်ချုပ်နဲ့ အဓိပ္ပါယ်မရှိတဲ့အလုပ်တွေကို သတင်းစာထဲထိကြေငြာပြီး ပေါတော တောတွေ ပြုလုပ်နေကြပါပြီ ။ တကယ်တော့လူနှစ်ဦး ပေါင်းစည်းဖို့ လက်ထပ် စာချုပ်လေးတစ်ခုနဲ့ ထိမ်းချုပ်ထားတယ်ဆိုတာ အတော်လေးရီစရာကောင်းတဲ့ ကိစ္စတစ်ခုပါ ။ ကျွန်တော်တို့ လူမျိုးထုံးစံအရ လူကြီးမိဘ သဘောတူပြီး အရှေ့ (၇)အိမ် ၊အနောက် (၇) အိမ် အသိအမှတ်ပြုရင် ပုဆိုးတန်းတင် အကြင်လင် မယားအရာမြောက်ပါတယ် ။ လက်ထပ်စာချုပ်ကြီးတွေချုပ် နောက်သဘောထားခြင်းမတိုက်ဆိုင်လို့ ကွဲကြ ပြဲကြနဲ့ အဲဒီလက်ထပ်စာချုပ်က တကယ်ပဲ လူနှစ်ယောက်ကို ပေါင်းစည်းပေးနိုင်သတဲ့လား ။ တကယ် လူနှစ်ဦးကို သေတပန်သက်တဆုံး ပေါင်းစည်းပေးနိုင်တာက ခိုင်မြဲတဲ့အချစ်နဲ့သံယောဇဉ်သာဖြစ်ပါလိမ့်မယ် ။ ဘာမှမ ဟုတ်တဲ့ စာရွက်လေးတစ်ရွက်ပေါ်က စာကြောင်းတွေမဟုတ်ပါဘူး ။ ဒါကိုသင် သတိပြုဖို့တော့ လိုပါလိမ့် မယ် ။

**အချစ်နှင့်ဆန္ဒ**

ကိုယ်ကလူတစ်ဦးကိုချစ်မိပြီဆိုပါစို့ ။ သူ့ဆီက ပြန်လည်ချစ်ခွင့်ကိုတောင်းပြီး လိုချင်တဲ့အဖြေမဟုတ်ခဲ့ရင် အသဲ ကွဲ တာတွေ ပူဆွေးသောကများတာတွေ ဖြစ်ကြပြန်ရော ။ သင်တကယ်ချစ်မိပြီဆိုရင် သူ့ဖက်က ပြန်ချစ်ချစ် မချစ်ချစ် သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး ။ သူပြန်ချစ်တာကို သင်လိုချင်တယ်ဆိုကတည်းက ဒါဟာ သင့်လို အင် ဆန္ဒသက်သက်သာဖြစ်ပြီး သင်သူ့အပေါ်ထားတဲ့ အချစ်မဟုတ်ပါဘူး ။ တကယ်ချစ်မိပြီဆိုရင် သူ့ဆီက သင် ဘာမှလိုချင်မှာမဟုတ်ပါဘူး ။ သူ့ကို ချစ်နေတယ်ဆိုတဲ့ အသိစိတ်လေးတစ်ခုနဲ့တင် ကမ္ဘာလော ကကြီးဟာ နေပျော်စရာကောင်းနေမှာအမှန်ပါပဲ ။

(၀န်ခံချက်။ ။ ဤဘလော့ပို့စ်သည် ကျွန်တော်၏ တစ်ဖက်သက်အမြင် Personal View များသာဖြစ်ပါသည် ။ အချို့အ ရာ များမှာ မှန်သည်ရှိသလို အချို့အရာများမှာလည်း မှားနိုင်ပါသည် ။ သင်လက်ခံနိုင်သော အမြင်များ ကို လက်ခံနိုင်ပြီး သင်လက်မခံနိုင်သော အမြင်များကို ပြန်လည်ချေပ ပြောဆိုနိုင်ပါသည် ။ )

**သက်တန့်ချို**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)