(ဧပြီ ၄၊၂၀၁၁)
ထိုင်းနိုင်ငံဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၅၀ ခန့် အကွာရှိမဟာချိုင်နယ်မြေ တလာကုန့်တံတားအနီးတွင်
ယနေ့ နံနက်၆နာရီကျော်ခန့်ကအလုပ်သမားများတင်ဆောင်ပြီး လုပ်ငန်းခွင်သို့ သွားရန် ပြင်ဆင်နေသည့် ဖယ်ရီကားတစ်စီးအား အရှိန်ပြင်ပြင်းမောင်းနှင်လာသော ဆယ်ဘီကားက၀င်ရောက်တိုက်မိသဖြင့် နေရာ
တွင်ပွဲချင်းပြီး ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရှိရသည်။
မြန်မာအလုပ်သမား ၃၀၀ ကျော်ခန့် အလုပ်လုပ်ကိုင်နေသည့် Gallant ပင်လယ်အစားအစာမုန့်ရုံ သို့ အလုပ်သ
မား၉၀နီးပါးကိုပို့ ဆောင်မည့် ဒုတိယကားအား ယခုကဲသို့ မမျှော်လင့်ပဲ တိုက်မိခဲခြင်းဖြစ်သည်။ သေဆုံးသူ မသူဇာ ၏ဦးလေး ဦးမြင့်သိန်းက“ ကျနော်နဲ့ ကားတိုက်တဲ့နေရာနဲ့ က ကားလမ်းပဲခြားပါတယ်။ ကျနော်တူမလေးကို ရှာကြည့်တော့သေနေပါပြီး၊တူမလေးလွယ်ထားတဲ့အိပ်ထဲက ဒီပတ်စပို့ တို့ စာရွက် စာတမ်းတို့ ကိုကျနော်သိမ်းဆည်းလာတယ်။ ကျနော်လက်ချိုးရေတွက်သလောက်ဆိုရင် ၁၅ ဦးထက်မနည်း သေဆုံးပါတယ်” ဟုပြောသည်။
နေရာတွင် အလုပ်သမားများ၁၅ဦးခန့်သေဆုံးပြီးဆေးရုံအရောက်မှာတစ်ဦးထပ်မံသေဆုံးသွားခဲ့
သည်။သေဆုံးသူထဲ၌ထိုင်းလူမျိုး၂ဦးပါရှိပြီးကျန်သူများမှာမွန်ဗမာများဖြစ်ကြသည်။
သေဆုံးသွားသည့်အလောင်းများနှင့်ဒါဏ်ရာရသည့်အလုပ်သမားများအား စမူစာခွန်ဆေးရုံတွင် ၉ယောက်
စီဝိချိုင် ၅ ဆေးရုံမှာ ၄၁ ယောက်နှင့်မဟာချိုင်ဆေးရုံးကြီးမှာ ၁၃ ယောက် စုစုပေါင်း ၆၆ ယောက်အတွင်းလူနာအဖြစ်ဆေးဝါးကုသခံနေကြရဆဲဖြစ်သည်။ဒဏ်ရာနည်းသဖြင့်ပြန်သွားရသည့်
အလုပ်သမားတစ်ဦးသာရှိသည်။
၃လခန့် သာပေါင်းသင်းနေထိုင်ခဲ့ရပြီးယနေ့ တွင်သေဆုံးခဲ့သည့်မလွင်လွင်ခိုင်၏ ခင်ပွန်း ကိုဆန်းလင်း က
“မနက်က အလုပ်ရုံကားကိုမမီလိုက်တဲ့အတွက် ဆိုင်ကယ်တက္ကစီနဲ့ လိုက်သွားတယ်၊ကျနော်လိုက်ပို့တာ ၊ယာဉ်တိုက်မှုဖြစ်တဲ့ အနားမှာ သူတို့ အလုပ်ရုံကကားကိုတွေ့တာနဲ့ ကားပေါ်ကိုတက်ပြီးကျန်နေခဲ့တယ်။ ကျနော်လည်းပြန်လာတာ၊ချက်ခြင်းဒီမကောင်းသတင်းကိုကြားရတယ်ဗျာ” ဟု စိတ်မကောင်းစွာပြောပြသည်။
စမုစာခွန်ခရိုင်မဟာချိုင်မြို့နယ်တွင်ယခင်နှစ်များက ကားတိုက်မှုဖြစ်ပြီး မြန်မာအလုပ်သမားများ
သေဆုံးမှုတွေဖြစ်ခဲ့ဖူးသည်။သို့ရာတွင်ထိခိုက်နစ်နာကြေးတွေမရရှိခဲ့ကြချေ။ယခုသေဆုံးသွားခဲ့သော
အလုပ်သမားအတော်များများတို့ တွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် ဘတ်နှင့်ယာယီပတ်စပို့ များလုပ်ထားကြသူအရေ တွက်များကြောင်းသိရှိရသည်။
အသက်အာမခံကြေးငွေများလည်း ပုံမှန်ပေးသွင်းထားကြသူများဖြစ်ကြောင်းသေဆုံးသူမိသားစုများကပြော
ပြကြသည်။ ဒေသအခြေစိုက်အင်ဂျီအိုအဖွဲ့ နှင့်ဘန်ကောက်အခြေအခြေစိုက် အလုပ်သမားအဖွဲ့ တချို့ တို့ က သေဆုံးသွားသူတွေအတွက်ရသင့်ရထိုက်သောနစ်နာဆုံးရှုံးမှုများအားဥပဒေဘောင်အတွင်းက ရရှိအောင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။
ယာဉ်တိုက်မှုဖြစ်ပြီး နံနက်ပိုင်းကတည်းကထွက်ပြေးတိမ်းရှောင်နေခဲ့သောကားမောင်းသူထိုင်းအမျိုးသားမှာ
ညနေ၄နာရီခွဲခန့် တွင် မဟာချိုင်ရဲစခန်းကိုလာရောက်ပြီးအဖမ်းခံလိုက်ကြောင်းသိရှိရသည်။စမုစာခွန်ခရိုင် မဟာချိုင်နယ်မြေအတွင်း မြန်မာအလုပ်သမားတစ်သိန်းကျော်ခန့် ရှိကြောင်းဒေသအခြေစိုက်အင်ဂျီအိုအဖွဲ့ များကခန့် မှန်းထားကြသည်။
သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment