ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 28, 2011

ထိုင်းနိုင်ငံတောင်ပိုင်း တွင်ကြက်သားစက်ရုံအစောင့်နှင့်မြန်မာအလုပ်သမားများရိုက်ပွဲဖြစ်

>
(ဧပြီ ၂၈၊၂၀၁၁)
ထိုင်းနိုင်ငံတောင်ပိုင်း ခိုလတ်နယ်မြေ ၄ဘန့်လန်သခေါ့ ဖက်ချပွန်မြို့  တွင်ရှိသော Company Golden LineBusinessCo.,Ltd(နိုင်ငံခြာသို့ကြက်သားတင်ပို့သည့်ကုမ္ပဏီ)တွင်အလုပ်လုပ်နေကြသောထောင်
ပေါင်းများစွာသောမြန်မာအလုပ်သမားများနှင့်စက်ရုံစောင့်တို့ ရိုက်ပွဲဖြစ်ပွားကြသည်။
ယမန်နေ့ ညဥ့် ၈နာရီခွဲခန့် တွင် ထမင်းစားပြီး အနားယူအပန်းဖြေ ဂီတာတီးနေကြသော မြန်မာအလုပ်
သမား ကိုမင်းမင်း၊ကိုဝေဖြိုး၊ကိုသက်နှင့် ကိုဇင်ကို တို့ အနားသို့ အရက်မူးနေသော စက်ရုံစောင့်(ယမ်း)
၃ဦးတို့ လာရောက်ပြီးအနိုင်ကျင့်ခဲ့ရာမှ စတင်ခဲ့သောပြဿနာဖြစ်သည်။
ထိုင်းအစောင့်တစ်ဦးက ကိုမင်းမင်း၏နားထင်ကို သေနတ်ဖြင့်ထောက်ပြီးနောက် ဦးခေါင်းကို သေနတ်
ဒင်ဖြင့်ရိုက်ခွဲခဲ့သည်။ ကျန်ဂီတာတီးသူများကို ကျန်အစောင့်များကထိုင်ထလုပ်ခိုင်းသည်။
ထိုအခြင်းအရာကို အခြားမြန်မာအလုပ်သမားများသိရှိသွားသောအခါ မခံမရပ်နိုင်ဖြစ်ပြီး ၀ိုင်းအုံလာခဲ့
ကြသည်။ အစောင့်များမှာ သေနတ်ကိုမိုးပေါ်ထောင်ဖေါက်ပြီးထွက်ပြေးသွားသော်လည်းတစ်ဦးဖမ်း
မိထားလိုက်သည်။ တပြိုင်တည်းတွင် စက်ရုံပိုင်ရှင်၏တူရောက်လာသဖြင့် အလုပ်သမားများကဖမ်း
ဆီးထားလိုက်ကြပြန်သည်။ တပြိုင်တည်းတွင် အနီးအနားတွင်ရှိသော ရဲဂိတ်တစ်ခုမှ ရဲကားတစ်စီး
ရောက်ရှိလာပြီး ဓါတ်ပုံရိုက်ရာ အသက် ၅၀ခန့် ရဲဝန်ထမ်းတစ်ဦးအား ၀ိုင်းရိုက်ကြပြန်သည်။ထိုနောက်
ဖမ်းချုပ်ထားလိုက်ကြသဖြင့် ရဲကားမှာထွက်ပြေးသွားခဲ့သည်။

သေနတ်ဒင်ဖြင့်ရိုက်ခွဲခံလိုက်ရသည့် ကိုမင်းမင်းက“ ကျနော်တို့ စက်ရုံကသတ်မှတ်ထားတာက ၁၀နာရီအိပ်ချိန်မှာ အသံထွက်အောင်မလုပ်ဖို့ ပေါ့၊ခု ကျနော်တို့ ထမင်းစားပြီးနားနားနေနေဂီတာတီး
နေတာကို သူတို့ လာပြီးအနိုင်ကျင့်ကြတာဖြစ်တယ်။ ကျနော့်ကို ဒီနေ့ စောစောပိုင်းက သူဌေးလာပြီး
တော့ ဆေးဖိုးဝါးခအဖြစ် ဘတ်၂၀၀၀၀ လာပေးသွားတယ်၊အေးအေးဆေးဆေးနေကြဖို့ ပြောသွားတယ်”ဟုပြောသည်။
အလုပ်နားချိန်အတွင်း အလုပ်သမားများ အနားယူနေသည်
ကို အစောင့်(ယမ်း)က လာရောက်တားမြစ် ဆဲဆိုရာမှ ပြဿနာစတင်ခဲ့ကြောင်းသိရှိရသည်။
ယမ်းတို့ ဝိုင်းဝန်းထိုးကြိတ်သည်ကို မခံမရပ်နိုင်ဖြစ်ကြပြီး အလုပ်သမားများစုဝေးရောက်ရှိလာပြီး
ကြသည်။
အလုပ်သမားတစ်ဦးဖြစ်သူ ကိုရဲက“ အလုပ်သမားတွေကိုမကြိုက်တာရှိရင်ပြောပေါ့နှော်၊ဒါမျိုးရိုက်
စရာမလိုဘူး၊အဲဒါကို ကျနော်တို့ စက်ရုံပိုင်ရှင်ရဲ့ တူကိုရော ကျနော်တို့ မြန်မာအလုပ်ကြပ်(၀ဏ္ဏ)တွေ
ကိုရောပြောတယ်။သူတို့ ကအချိန်ဆွဲတယ်၊ဟိုလိုလိုဒီလိုလိုလုပ်တယ်၊ကျနော်တို့ လည်းမခံမရပ်နိုင်
ဖြစ်ပြီးတော့ တောင်းအိကား၂စီး၊ယမ်းတွေစီးတဲ့ဟိုင်းလတ်အမိုးဖွင့်ကား၂စီးကိုရိုက်ခွဲ၊ပက်လက်လှန်
ပစ်လိုက်ကြတယ်” ဟုပြောသည်။
မြန်မာအလုပ်သမားအားရိုက်သည့်အစောင့်(ယမ်း)အား ထုတ်ပေးရန် အလုပ်ရုံပိုင်ရှင်တူနှင့် မြန်မာ
ဝဏ္ဏ တို့ အားတောင်းဆိုသော်လည်းမရသဖြင့် ရုံးခန်းငယ်တစ်ခုကိုလည်းခဲဖြင့် ရိုက်ခွဲလိုက်ကြသည်။
ထို့နောက် ကား၎စီးကိုဖျက်ဆီးလိုက်ကြခြင်းဖြစ်သည်။
နောက်ထပ်အလုပ်သမားများမကြေနပ်ကြသည့်အကြောင်းတစ်ချက်မှာ ပြီးခဲ့သည့်ဧပြီလ ၉ရက်နေ့ က
စက်ရုံဝင်းအတွင်းစက်ဘီးစီးပြီးသွားနေသည့်ပဲခူးတိုင်းဝေါမြို့နယ်မြစ်ကျွန်းမှ ကိုဝင်းအောင်ဆိုသူအား ထိုင်းအ လုပ်သမားတစ်ဦးကမော်တော်ဆိုင်ကယ်ဖြင့်တိုက်မိခဲ့သဖြင့် ဦးခေါင်းကိုပြင်ထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။
လူနာမှာ ယခုအထိဆေးရုံပေါ်တွင်ရှိနေဆဲဖြစ်ပြီး မည်သည့်အရာကိုမှ မမှတ်မိတော့ ကြောင်းအလုပ်သမားကိုရဲကပြောသည်။ထိုအလုပ်သမားအတွက်မြန်မာအလုပ်သမားများကစုပေါင်းကောက်ခံပြီး
ဆေးဝါးကုသပေးနေကြသော်လည်း အလုပ်ရုံမှ မည်သို့ မှဖေါ်ထုတ်အရေးယူကူ ညီခြင်း မရှိသည်ကိုမကြေနပ်ကြ
ကြောင်းသိရသည်။
ယနေ့ နံနက်ပိုင်းကလုပ်ငန်းရှင်ကိုယ်တိုင်ရောက်ရှိလာပြီး စက်ရုံအပြင်တွင်ထိုင်းလ၀ကနှင့်ထိုင်းရဲများ
ရာချီပြီးစောင့်ကြည့်နေကြောင်း၊လုပ်ငန်းရှင်က ယခင်အတိုင်းအေးအေးဆေးဆေးနေထိုင်ကြရန်ပြော
ဆိုသွားကြောင်းအလုပ်သမားများကပြောသည်။
ဤသတင်းကို ထိုင်းသတင်းစာများတွင် အရက်မူး၍ရမ်းကားနေသောအလုပ်သမားများကို အစောင့်က
တားမြစ်သည်ကို လက်မခံပဲ မြန်မာအလုပ်သမားများကအစောင့်ကိုရိုက်နှက်ကြကြောင်းအပြင် လာ
ရောက်တားမြစ်ဖြန်းဖြေပေးသည့် ရဲဒုတပ်ကြပ်တစ်ဦးကိုပင်ဝိုင်းရိုက်လိုက်ကြကြောင်းရေးသားဖေါ်ပြ
ထားသည်။ အဆိုပါအလုပ်ရုံတွင်မြန်မာအလုပ်သမားပေါင်း ငါးထောင်နှင့်တစ်သောင်းအကြားရှိနိုင်
ကြောင်း အလုပ်သမားများကပြောကြသည်။
ထိုင်းနိုင်ငံအတွင်းသန်းချီရှိသောရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းအစိုးရသတ်
မှတ်ကျင့်သုံးနေသော အလုပ်သမားဥပေဒ၏ပျော့ကွက်ဟာကွက်များကြောင့် အလုပ်ရှင်နှင့်အလုပ်သ
မားများအပြင် ထိုင်းဘာဏာပိုင်နှင့်အလုပ်သမားများအကြား မကျေမလည်မှုများအမြဲဖြစ်ပေါ်လေ့ရှိ
သည်။

သတင်း.. ကိုကျော်သောင်း (ဘန်ကောက်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)