ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 4, 2011

ဒုက္ခိတဘ၀ကို လက်မခံတဲ့ကောင်လေး

>
အဲ့သည့်ရွှာကျောင်းကလေးမှာ ဆောင်းတွင်းအနွေးဓာတ်ပေးသည့် ရှေးမီးဖိုကြီးတစ်ခုရှိသည်။
ကျောက်မီးသွေးသုံးသည့် ဗိုက်အိုးကျယ်သံမီးဖိုမျိုး။
ကောင်လေးတစ်ယောက်က နေ့စဉ်နံနက်စောစောလာပြီး မီးမွှေးရသည်။
သူ့ဆရာနှင့် သူ့အတန်းဖော်များလာလျှင် စာသင်ခန်းလေး နွေးနေအောင်ပေါ့။

တစ်မနက်ကျောင်းတတ်သူတွေ လာကြသည့်အချိန်မှာတော့ စာသင်ကျောင်းကလေးမှာ မီးတွေ တဟုန်းဟုန်း တောက်နေတာ တွေ့ကြရသည်။ ကျောင်းထဲမှာသတိမေ့နေသည့်ကောင်လေးကိုသူတို့ဝိုင်းဝန်းဆွဲထုတ်ကြသည်။
ကောင်လေးကသေသလားရှင်သလား မခွဲခြားနိုင်သည့်အနေအထားမျိုး။
သူ့ခန္ဓာကိုယ်အောက်ပိုင်းက မီးတွေအကြီးအကျယ်လောင်ထားသည်။
သူ့ကိုနီးရာနယ်မြေဆေးရုံသို့သယ်ယူခဲ့ကြသည်။

ဆေးရုံခုတင်ပေါ်မှာ သတိလစ်တစ်ချက် မလစ်တစ်ချက် ဖြစ်နေသည့်ကြားက ကောင်လေးနားထဲမှာ ဆရာဝန့်စကားသံတွေမသဲမကွဲကြားနေသည်။ ဆရာဝန်က သူ့မိခင်အား သူမ၏သား အသက်ရှင်စရာလမ်းမရှိသည့်အကြောင်း၊ စင်စစ် ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး ယခုလောက် ဆိုးဆိုးဝါးဝါးကြီး လောင်ကျွမ်းပျက်စီးသွားပြီးသည့်နောက်တွင်တော့ အသက်ဆက်မရှင်တာ သည်ပင် ကောင်းသေးကြောင်းပြောကြားနေခြင်းဖြစ်သည်။

သတ္တိကောင်းသည့်သည်ကောင်လေးက သေရမှာကို အလိုမရှိ။ ငါမသေဘူး၊ အသက်ရှင်ရမယ်ဟု သူအဓိဌာန်ပြုသည်။

တကယ်ပင်သူ ဆက်အသက်ရှင်လာတော့ ဆရာဝန်အံ့အားသင့်ရသည်။

မသေနိုင်တော့ဘူးဆိုတာ သေချာသွားသည့်အချိန် ဆရာဝန်နှင့် သူ့မိခင်ဆွေးနွေးပြောဆိုနေတာ သူကြားရပြန်သည်။
သူ့ခန္ဓာကိုယ် အောက်ပိုင်းက အသားတွေ အမြောက်အမြား မီးကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ရာ ခြေနှစ်ချောင်းလုံး သုံးမရေတော့သဖြင့် တစ်သက်လုံး မစွမ်းမသန် ဒုက္ခိတဘ၀ ဖြင့် နေသွား ရလိမ့်မည် ဆိုသည့်အကြောင်းဖြစ်၏။

သည်စကားကြားပြီးသည့်နောက် ကောင်လေးတစ်ကြိမ်ထပ်၍ အဓိဌာန်ပြုသည်။ ငါ လမ်းလျှောက်နိုင်ရမယ်၊ ဒုက္ခိတဘ၀ လုံးဝမရောက်စေရ ဟု၍။ သို့သော် အဓိဌာန်ပြုမည့်သာပြုရသည်။ ခါးအောက်ပိုင်း တစ်ခုလုံးက အသက်မ၀င်၊ လှုပ်ရှားနိုင်စွမ်းမရှိ ဖြစ်နေသည်။ ကြုံလှီးသေးကွေးသော ခြေထောက်နှစ်ချောင်းက အောက်ဘက်တွင် တွဲလောင်းကလေး။

သည်လိုဖြင့် နောက်၌ သူ ဆေးရုံမှဆင်းခွင့်ရခဲ့သည်။ အိမ်တွင်အမေက သူ့ခြေထောက်ကလေးတွေကိုနေ့စဉ် နှိပ်နယ် ပေးသည်။ သို့သော်ခြေထောက်တွေက ဘာခံစားမှုမှမရှိ၊ ဘယ်လိုမှလည်း လှုပ်ရှားခိုင်း၍မရ၊ လုံးဝအသုံးမကျဖြစ်နေသည်။

သို့သော် လမ်းထလျှောက်နိုင်ရမည်ဟူသော သန္နိဌာန် က ခိုင်မာမြဲ ခိုင်မာဆဲပင်။

အိမ်၌ သူ့ကို အိပ်ရာထဲထားလျှင်ထား၊ မဟုတ်လျှင်ဘီးတပ်ကုလားထိုင်၌ ထားလေ့ရှိသည်။ နေသာသော တစ်နေ့ အမေက သူ့ကိုလေကောင်း လေသန့်ရှူရအောင် ဟူ၍ ခြံထဲ တွန်းယူသွားပြီး ထားသည်။ အဲ့သည့်နေ့မှာ သူက ကုလားထိုင်ထဲချည်း ထိုင်မနေတော့ဘဲ အောက်သို့ လှိမ့်၍ ဆင်းသည်။ အဲ့သည့်နောက် ခြေထောက်နှစ်ချောင်းကို ဒရွတ်ဆွဲကာ မြက်ခင်းမှာ ၀မ်းလျားထိုး၍ သွားသည်။

သူတို့မြေကွက်ကို ကာရံထားသည့်အဖြူရောင် ခြံစည်းရိုးဆီရောက်အောင်အားခဲပြီးသူသွားသည်။ ဒီ့နောက်တွင် ခဲယဉ်း ပင်ပန်းစွာ အားထုတ်ကြိုး ပမ်းကာ သူ့ကိုယ်သူ ခြံစည်းရိုးမှာ တွဲပြီးထူသည်။ ပြီးလျှင် ငါ လမ်းလျှောက်နိုင်ရမည်ဟုသော အားမာန်ဖြင့် ခြံစည်းရိုးတန်းတစ်လျှောက် သည်တစ်တိုင်မှ ဟိုတစ်တိုင် ဒရွတ်တိုက်လျက်ရွေ့သည်။

အဲ့သည့်မှစတင်ကာ နေ့စဉ်နေ့တိုင်း သည်အတိုင်း ကြိုးစားအားခဲ၍လုပ်ရာ ခြံစည်းရိုးတန်းနံဘေးတစ်လျှောက်တွင် ချောမွတ်ညီညာသော လမ်းကြောင်းရာတစ်ခုပင် ထင်လာသည်။ သူ့အဖို့လောက၌ သူ့ခြေထောက်နှစ်ချောင်း အသက်ဝင်လာအောင်လေ့ကျင့်ပျိုးထောင်ဖို့ထက် ပို၍ထက်သန် လိုလားအပ်သောအရာ မရှိပေ။

သို့နှင့်နောက်ဆုံး၌၊ နေ့စဉ် နှိပ်နယ်ကုသမှု၊ မဆုတ်မနစ်သော စိတ်ဇွဲနှင့် ခိုင်မာသော သန္နိဌာန်တို့ဖြင့် ကြိုးစား အားထုတ် မှုများကြောင့် သူမတ်တတ်ရပ်နိုင်လာသည်။ သည့်နောက်တွင် ထော့တီးထော့နဲ့ လမ်းလျှောက်နိုင်လာသည်။ အဲ့သည့်နောက် လွတ်လွတ်ကျွတ်ကျွတ်။ အဲ့သည့်နောက်တွင်ကား ပြေးနိုင်လာလေသည်။

သူကျောင်းသို့လမ်းလျှောက်သွားသည်။ သည့်နောက် ပြေးသွားသည်။ နောက်တွင်မှု ပြေးရသည်ကို နှစ်သက်ခြင်း သက်သက်အတွက်ကြောင့်ပင် လျှောက်၍ ပြေးလေတော့သည်။ ကောလိပ်ကျောင်း ရောက်သည့်အခါ ပြေးခုန်ပစ် အားကစား သမားအဖွဲ့ထဲမှာ သူ ပါလာသည်။

နောက်တွင်မှု၊ တစ်ချိန်သောအခါက အသက်ပင်ရှင်မှာ မဟုတ်ဘူးဟု ထင်ခဲ့ရသော၊ အသက်ရှင်သည့်တိုင် ဘယ်နည်းနှင့်မျှ လမ်းလျှောက်နိုင်မည် မဟုတ်ဟု ယူဆခဲ့ရသော၊ ပြေးနိုင်ဖို့ဆိုသည်ကား နည်းနည်းမျှပင် မျှော်လင့်၍ မရနိုင်ခဲ့သော၊ အလွန် ဇွဲကြီးလှသည့် ထိုကောင်လေး ဂလင်ကန်နင်ဟမ် သည် တစ်ဖက်က ပညာရေးဘက်တွင် အောင်မြင်ကာ ဒေါက်တာကလင်ကန်နင် ဟမ် ဟူ၍ ဖြစ်လာသည့်အပြင်၊ တစ်မိုင်အဝေးကိုကမ္ဘာပေါ်တွင်
အမြန်ဆုံးပြေးနိုင်သူအဖြစ်လည်း နယူးယောက်မြို့ မေဒီဆင် စကွဲယား ပန်းခြံကြီးထဲတွင် စံချိန်တင် ပြေးပြနိုင်လဲ့ပေသည်။

Ref://ngechitoo.wall.fm

**Moe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)