(Some Islamic leaders in Afghanistan have criticised Australia's proposal to allow female soldiers on the frontline.- ABC)
**ၾသစေၾတးလ် အမ်ိဳးသမီးမ်ား တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်ခွင့်ရဖွယ်ရှိ**
(ဆစ်ဒနီ ဧပြီ ၁၂ )
စစ်မက်ဖြစ်ပွားပါက ရှေ့တန်းစစ်မြေပြင်၌ တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ခွင့်ကို သြစတြေးလျ အမျိုးသမီးများမကြာမီရလာနိုင်ကြောင်း သြစတေးလျကာကွယ်ရေးဝန်ကြီး စတီဖန်မက်က အင်္ဂါနေ့တွင်ပြောကြားသည်။(အင်တာနက်)

(Police arrest two brothers on suspicion of stealing and eating human flesh.)
**ပါကစ္စတန်နိုင်ငံသားညီနောင်နှစ်ဦး လူသားစားမှုတရားစွဲ ခံရ**
(ပတ်ရှ်ဝါ ဧပြီ ၁၂)
လူသားစားမှုဖြင့် စွပ်စွဲခံရသော ပါကစ္စတန်နိုင်ငံသားညီနောင်နှစ်ဦးကို ပါကစ္စတန်တရားရုံးတစ်ရုံးက တရားစွဲဆိုခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။
သူသာန်တစ်ခုခိုးယူလာသော ရုပ်အလောင်းတစ်လောင်းကို ဟင်လျားအဖြစ်လှီးဖြတ်ခုတ်ထစ်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီးနောက် အာရစ်ဖ်အလီ နှင့် ဖာမန်အလီ အမည်ရှိသော ညီကိုနှစ်ဦးကို ဧပြီ ၆ ရက်ကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ပန်ဂျပ်ပြည်နယ် ဆာဂိုဒါးမြို့တော်ရှိ သူသာန်တစ်ခုအတင်းမှလောလောလတ်လတ်မြှုပ်နှံထားသော အမျိုးသမီးတစ်ဦး၏ရုပ်အလောင်း ပျောက်ဆုံးသွားသည်ကို သိရှိခဲ့ပြီးနောက် ပါကစ္စတန်ညီနောင်နှစ်ဦးတို့၏ လူသားစားအမှုပေါ် ပေါ်လာခြင်း်းဖြစ်သည်။
၎င်းညီနောင်နှစ်ဦးတို့ကို အကြမ်းဖက်ဝါဒဥပဒေတိုက်ဖြတ်ရေးဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ဆာဂိုဒါမြို့ တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဖြစ် ကြောင်း ပါကစ္စတန်တပ်ဖွဲ့ကပြောကြားသည်။
ကင်ဆာရောဂါဖြင့်သေဆုံးခဲ့သော အသက်၂၄ နှစ်အရွယ် အမျိုးသမီးရုပ်အလောင်း၏ အစိတ်အပိုင်းများကို အဆိုပါညီအကိုနှစ်ဦး၏အိမ်၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။(အင်တာနက်)
**အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်း လက်နက် စမ်းသပ်မှုပစ်ခတ်မှုလုပ်ဆောင်**
(နယူးယောက် ဧပြီ ၁၂ )
အမေရိကန်ရေတပ်မှ ၄င်း၏်သင်္ဘောရေတပ်မှနေ၍ လေဆာလက်နက်ပစ်ခတ်စမ်းသပ်မှုကို ပထမအကြိမ်လုပ်ဆောင်ခဲ့ကြောင်း
ဧပြီ၁၁ ရက် သတင်းများတွင်ဖော်ပြထားသည်။ယင်းသို့ လေဆာလက်နက်ပစ်ခတ်စမ်းသပ်ရာတွင်သုတေသနပညာရှင်များသည် စွမ်းအင်မြင့်လေဆာရောင်ခြည် (အိတ်ခ်ျအီး အယ်လ်)ကိုအသုံးပြု၍ ကာလီဖိုးနီးယားကမ်းလွန်ရေပြင်ရှိရေယာဉ်ငယ်တစ်စင်း ၏အင်ဂျင်စက်အားပစ်ခတ်ခဲ့ရာအင်ဂျင်မီးလောင်၍ ရေယာဉ်ငယ်မှာဆက်လက်မောင်း နှင်နိုင်စွမ်းမရှိခဲ့ပေ။ လေဆာလက်န က် စမ်းသပ်ပစ်ခတ်မှုအားယခင်ကကုန်းမြေပေါ်၌ လုပ်ဆောင်ဖူးသော်လည်းရေငွေ့ ပါဝင်သောပင်လယ်လေများကြောင့်လေဆာ ရောင်ခြည်တန်း၏စွမ်းရည်ယုတ်လျော့ခဲ့သည်ကိုသုတေသနပညာရှင်များက တွေ့ ရှိခဲ့သည်။သင်္ဘောကြီးများကိုရေယာဉ်ငယ်များဖြင့်တိုက်ခိုက်မှုမှဟန့် တားကာကွယ်နိုင်ကြောင်းအမေရိကန်ရေတပ်ကပြောကြားသည်။လေဆာရောင်ခြည်လွှတ်ထုတ် နိုင်သောကိရိယာငယ်အများအပြားကိုပေါင်းစပ်ထားသည့်စုစည်းအခြေရှိလေဆာရောင်ခြည်များကိုသိပ္မံပညာရှင်များကမကြာ
သေးမီကတည်ဆောက်ဖန်တီးခဲ့ကြသည်။စွမ်းရည်မြင့်လေဆာရောင်ခြည်(အိတ်ခ်ျအီးအယ်လ်)ကိုဒုံးကျည်များပစ်ချရန်နှင့်မြေ
ပြင်ပစ်မှတ်များအားထိုးနှက်တိုက်ခိုက်ရန်ရည်ရွယ်၍တည်ဆောက်ဖန်တီးခဲ့သည်။(အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment