တခါက အဘိုး အဘွားအို နှစ်ဦးဟာ ဟမ်ဘာဂါဆိုင် ထဲဝင်ပြီး ဟမ်ဘာဂါ
တခု၊ အားလူးကြော်တထုပ်နဲ့ ကိုလာတဗူးမှာပြီး ဆိုင်ရဲ့ထောင့်တနေရာမှာ
သွားထိုင်နေတယ်။ဆိုင်ထဲမှာရှိတဲ့ လူငယ်တွေက သူတို့နှစ်ဦးကို ကြည့်ပြီး
တီးတိုးပြောဆို နေကြတယ်။
“အသက် ၈၀ကျော်တွေ ထင်တယ်နော်”
“အိမ်ထောင်သက် အနည်းဆုံးတော့ နှစ် ၅၀ ကျော်ပြီထင်တယ်”
“တယောက်လက်ကို တယောက်တွဲလို့ သူတို့ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ
နည်းမှာ မဟုတ်ဘူးနော်”
အဘိုးအိုက စားစရာတွေကို စားပွဲပေါ် တင်လိုက်ပြီး ဟမ်ဘာဂါနဲ့ အားလူး
ကြော်ကို အညီအမျှ ခွဲလိုက်တယ်။ နောက်ကိုလာတငုံ့ သောက်ပြီး အဘွား
အိုကို ကမ်းပေးလိုက်တယ်။ အဘွားအိုလဲ တငုံ့ သောက်လိုက်တယ်။ အဲဒီ
နောက်အဘိုးအိုက သူ့ဝေစုကို စစားလိုက်တယ်။ အဘွားအိုက သူ့ဝေစုကို
မစားသေးဘဲ အဘိုးအို စားနေတာကို ပြုံးပြီး ကြည့်နေတယ်။ အဘိုးအိုက
ကိုလာတငုံ့ သောက်ပြီး အဘွားအိုကို တငုံ့သောက်ခိုင်းပြန်တယ်။
ဒါကိုလူငယ်တယောက်က မကြည့်ရက်တော့ သူတို့နားသွားပြီး ဟမ်ဘာဂါ
နောက်တခု ၀ယ်ပြီး ဧည့်ခံပါရစေလို့ ပြောလိုက်တယ်။
အဘိုးအိုက လက်ကာပြီး “မလိုဘူး..မလိုဘူး...ကျေးဇူးတင်ပါတယ်..
အဘိုးတို့က အရာတခု
ကို နှစ်ယောက်အတူ မျှဝေတတ်လို့ပါ” လို့ ငြင်းလိုက်တယ်။ အဲဒီလိုနဲ့ အ
ဘွားအိုဟာ သူ့ဝေစုကို မစားသေးဘဲ အဘိုးအို စားနေတာကိုပဲ ငေးကြည့်
လိုက် ကိုလာတငုံ့ သောက်လိုက်နဲ့ နေခဲ့တယ်။
လူငယ်က သနားလို့ နောက်တခေါက် သွားပြောပြန်တယ်။ ဒီတခါ အဘွား
အိုက အဘိုးအို နည်းတူ ထပ်ငြင်းလိုက်ပြန်တယ်။ ဒါပေမယ့် အရာတခုကို
နှစ်ယောက်အတူ မျှဝေတယ်ဆိုပြီး အဘွားအိုက သူ့ဝေစုကို မစားဘဲ ဘာ
ဖြစ်လို့ အဘိုးအိုစားကိုပဲ ငေးကြည့်နေခဲ့ရတာလဲလို့ လူငယ်က သိချင်ဇော
နဲ့ မေးလိုက်တယ်။
အဘွားအိုက ခေါင်းကို မော့ပြီး လူငယ်ကို ကြည့်လိုက်တယ်။ အဲဒီနောက်
ညင်ညင် သာသာနဲ့ ပြန်ဖြေလိုက်တယ်။
“ အဘိုးဆီက သွားတုကို စောင့်နေလို့ပါ”း
**နိုင်းနိုင်းစနေ**

No comments:
Post a Comment