ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 30, 2011

ဧပြီလအတွင်းနိုင်ငံတကာထူးခြားသတင်းများ…

> ** ရှေ့ဖြစ်ဟောဦးမည့် အာဖရိက ခေါင်းနှစ်လုံး လိပ်မကလေး **

ယမန်နှစ်က တောင်အာဖရိကတွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်ရှစ်ပွဲ၌ အနိုင်ရမည့် အသင်းများကို မှန်မှန်ကန်ကန် နိမိတ်ပြဟောနိုင်ခဲ့သည့် ပေါလ် (ခေါ်) ရေဘ၀ဲ၏ ခြေရာကို နင်းမည့်သူပေါ်လာပြီဖြစ်သည်။ သည်တစ်ခါ ရှေ့ဖြစ်ဟောမည့်သူက မဂ်ဒါလီနာ (ခေါ် )အာဖရိကလိပ်မလေးတစ်ကောင်ဖြစ်ပြီး ထူးခြားဆန်းပြားစွာပင် မဂ်ဒါလီနာသည် ခေါင်းနှစ်လုံးပါရှိနေသော လိပ်ဖြစ်သည်။ (အင်တာနက်)

** ကြံပင်က ရာသီဥတုကို အေးမြစေနိုင်ဟု ဆို **

ကြံပင်များသည် အပူလျော့ကျကာ အေးမြစေနိုင်သည့်အတွက် ကမ္ဘာကြီး ပူနွေးမှုကို ရပ်တန့်အောင် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။ ကြံများသည် နေရောင်ခြည်ကို အာကာသထဲသို့ ရောင်ပြန်ဟပ်လွင့်ပျံသွားစေနိုင်ပြီး အေးမြသောရေငွေ့များကိုလည်း ထုတ်လွှတ်ခြင်းကြောင့် ပတ်ဝန်းကျင် လေထုအပူချိန်ကို လျော့ကျစေသည်ဟု ကာနေးဝီအင်စတီကျူ ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒပညာရပ်ဌာနမှ သုတေသီများ ဦးဆောင်ပြုလုပ်ခဲ့သည့် လေ့လာချက်တွင် ဖော်ပြသည်။ (အင်တာနက်)

** ဗြိတိန်ဘုရင်စနစ်၏ အသက်ရှူပေါက် သို့မဟုတ် ခမ်းနားလှသော တော်ဝင်လက်ထပ်ပွဲ **

(လန်ဒန်၊ ဧပြီလ ၂၉ ရက်)
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်-၂ ၏ မြေးတော်ဝီလျံမင်းသားနှင့် ၄င်း၏ လက်တွဲဖော် ကိတ်မစ်ဒယ်လ်တန်တို့၏ မင်္ဂလာပွဲကို ဧပြီလ ၂၉ ရက်နေ့က လန်ဒန်မြို့တော် ၀တ်စ်မင်စတာဘုရားကျောင်း၌ ခမ်းနားသိုက်မြိုက်စွာ ၀ှဲချီးကျင်းပခဲ့သည်။ ရှေ့ဆက်ရပ်တည်နိုင်ရန် လူးလွန့်ရုန်းကန်နေရသော ဗြိတိန်ဘုရင်စနစ်ကို အသက်ရှူပေါက်ပေးခဲ့သော တော်ဝင် မင်္ဂလာပွဲသို့ ဗြိတိန်နိုင်ငံသား သန်းနှင့်ချီ၍ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ (အင်တာနက်)

** အမေရိကန် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ လေဆင်နှာမောင်းမုန်တိုင်းများကြောင့် ၂၅၉ ဦးသေဆုံး **
(ဘာမင်ဂမ်(အယ်လ်ဘားမား) ဧပြီလ ၂၈ ရက်)
အမေရိကန်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ဧပြီလ ၂၇ ရက်နေ့က လေဆင်နှာမောင်းမုန်တိုင်းများနှင့် မိုးကြိုးမုန်တိုင်းများ ကျရောက်ခဲ့ရာ လူဦးရေ အနည်းဆုံး ၂၅၉ ဦးသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးရွားဆုံးသဘာဝ ဘေးဒဏ်ခံဖြစ်သော လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် အထိနာဆုံးဖြစ်ခဲ့ရသည့်ဒေသမှာ အယ်လ်ဘားမားပြည်နယ်ဖြစ်ပြီး အနည်းဆုံးလူ ၁၆၂ ဦးသေဆုံးခဲ့ရသည်။ (အင်တာနက်)

** ဂျပန်ပင်လယ်အစားအစာများ ပြန်လည်တင်ပို့နိုင်ရေး ကျန်းမာရေးဆိုင်ရာ သက်သေခံလက်မှတ်များ ထုတ်ပေးဖွယ် **
(တိုကျို၊ ဧပြီလ ၂၈ ရက်)
ဂျပန်နိုင်ငံ ပြည်ပသို့ တင်ပို့ရောင်းချသော ပင်လယ်အစားအစာများသည် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းကြောင်း ကျန်းမာရေးဆိုင်ရာ သက်သေခံလက်မှတ်များ ထုတ်ပေးရန် အစိုးရအဖွဲ့က စဉ်းစားသုံးသပ်နေသည်ဟု နီကေးစီးပွားရေးနေ့စဉ်သတင်းစာက ရေးသားဖော်ပြသည်။ ဂျပန်နိုင်ငံ၌ ညူကလီးယားဘေးဥပဒ်ဆိုင်ရာပြဿနာ ပေါ်ပေါက်နေချိန်တွင် ကမ္ဘာ့နိုင်ငံများက ယင်းနိုင်ငံထံမှ ပင်လယ်အစားအစာများ တင်သွင်းမှုကို ကန့်သပ်ပိတ်ပင်မှုများ ပြုလုပ်လျက်ရှိသည်။ (အင်တာနက်)

** တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုများ တိုးပွားလာ **
(ပေကျင်း၊ ဧပြီလ ၂၈ ရက်)
တရုတ်နိုင်ငံတွင် ကြာသပတေးနေ့က ထုတ်ပြန်သော သန်းခေါင်စာရင်းအရ အဆမတန် များပြားလှသော လူဦးရေ၌ သက်ကြီးရွယ်အိုများသည် တစ်ဟုန်ထိုးတိုးပွားလာကြောင်း အင်တာနက်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ (အင်တာနက်)

** ကိုယ်ပိုင်အာကာသစခန်းယာဉ် တရုတ်နိုင်ငံ ဖွင့်မည် **
(ပေကျင်း၊ ဧပြီလ ၂၈ ရက်)
တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်ထက်နောက်မကျဘဲ ကိုယ်ပိုင်အာကာသစခန်းယာဉ် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ယင်းနိုင်ငံ၌ ထုတ်ဝေသော စပေ့စ်အင်တာနေရှင်နယ် မဂ္ဂဇင်းက ရေးသားဖော်ပြသည်။ (အင်တာနက်)

** ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ရေတပ်ဘတ်စ်ကား ဗုံးခွဲတိုက်ခိုက်ခံရ **
(ကရာချိ၊ ဧပြီလ ၂၈ ရက်)
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့၌ ပါကစ္စတန်ရေတပ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ဗုံးထိမှန်ခဲ့ရာ ငါးဦးသေဆုံးကြောင်း တာဝန်ရှိသူများက ဧပြီလ ၂၈ ရက်နေ့တွင် ပြောကြားသည်။ ယင်းဗုံးပေါက်ကွဲမှုကြောင့် ခုနစ်ဦးဒဏ်ရာရရှိကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူ တပ်မှူး ဆယ်လ်မန်အလီက ပြောကြားသည်။ (အင်တာနက်)

** အရှေ့ဥရောပနိုင်ငံများကို ဒုံးကျည်ကာကွယ်ရေးစနစ် ထောက်ပံ့ရန် ရုရှားအဆင်သင့်ဖြစ်နေ **
(မော်စကို၊ ဧပြီလ ၂၉ ရက်)
ရုရှားနှင့် ဥရောပနိုင်ငံများ ပူးတွဲဖွဲ့စည်းပုံစည်းမျဉ်းများ၏ ဘောင်အတွင်းမှ အိမ်နီးချင်းနိုင်ငံများကို ဒုံးကျည်ကာကွယ်ရေးစနစ် (အေအမ်ဒီ)ကူညီရန် ရုရှားနိုင်ငံက အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ရုရှားအာကာသတပ်ဖွဲ့၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အိုလက်အိုစတာပင်ကိုက သောကြာနေ့တွင် ပြောကြားခဲ့သည်။ (အင်တာနက်)

** ၁၇ နှစ်ကြာမှ ပထမဆုံးပွင့်သည့် ဧရာမပန်းပွင့်ကြီး ဆွစ်ဇာလန်၌ ကြည့်ရှုသူများပြား **
(ဂျီနီဗာ၊ ဧပြီလ ၂၉ ရက်)
၁၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်ဖူးပွင့်လာပြီဖြစ်သော ရနံ့ဆိုးသည့် ဧရာမပန်းပွင့်ကြီးကို ကြည့်ရှုရန် ဆွစ်ဇာလန်နိုင်ငံမြောက်ပိုင်း ဘေဆယ်မြို့သို့ ထောင်ပေါင်းများစွာသော ရုက္ခချစ်သူများ စုရုံးရောက်ရှိခဲ့ကြောင်း စနေနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)

** ကြီးမားပြင်းထန်သည့် ဆူနာမီလှိုင်းကြီးများ ဖြစ်ပေါ်နိုင်သည့် နေရာစူးစမ်းလေ့လာမည် **

ကမ္ဘာပေါ်တွင် ဘူမိလှုပ်ရှားမှုအများဆုံး မြေလွှာပြတ်ရွေ့ကြောများ တည်ရှိရာ တောင်ပစိဖိတ်ဒေသအတွင်း စူးစမ်းလေ့လာမှုတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်အရ သိရှိရသည်။ အဆိုပါ စူးစမ်းလေ့လာမှုကို ပစိဖိတ်ကျောက်လွှာထုက အင်ဒို- သြစတြေးလျ ကျောက်လွှာထုအောက်သို့ တိုးဝင်ရာနေရာဖြစ်သော တွန်ဂါဒေသ၌ ပြုလုပ်ရန် သုတေသီများက စီမံချက်ရေးဆွဲထားသည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

** ရှေ့ဖြစ်ဟောဦးမည့် အာဖရိက ခေါင်းနှစ်လုံး လိပ်မကလေး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)