(၁) မိုးသက်လေပြင်းကျချိန် ချစ်သူ စိုမှာစိုးလို့ အကာအကွယ်ပေးပြီးလိုက်မိုးပေးသူ
(၂) သူ့လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့မှုတွေ အဝေးကိုပြေးစေသူ
(၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

(၄) ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ
(၅) ဂျူလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ ကောင်းဆုံး အလှဆုံးဟာ ကိုယ်ပါလို့ပြောသူ

(၆) ဂျက်ကီချိန်းကားတွေ ကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ ကိုနဲ့အတူ လိုက်ကြည့်တတ်သူ
(၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတတ်သူ
(၈) ကိုယ်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်း ၀ယ်ဖို့ မမေ့တတ်သူ
(၉) သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့နှစ်သိမ့်တတ်သူ

(၁၀) မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ
ဒါတွေအားလုံးဟာ ယောင်္ကျားလေးတွေ ကိုယ်ချစ်သူအပေါ်မှာထားတတ်ကျတဲ့ ရင်တွင်းစာလေးပါ..။
ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
(သက်ပိုင် ရေးသားပါသည်)

No comments:
Post a Comment