** ဘာစီလိုနာအသင်း နူးကမ့်တွင် ဂိုးသွင်းစွမ်းရည်ပြ ၊၀ိန်းရွန်နေး၏ဂိုးဖြင့် မန်ယူက ချဲလ်ဆီးကိုနိုင် **(လန်ဒန်၊ ဧပြီလ ၇ ရက်)
ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ ဒုတိယနေ့ပွဲစဉ်များကို ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်း အိမ်ကွင်း နူးကမ့်တွင် ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့ပြီး စတမ်းဖို့ဒ်ဘရက်ခ်ျတွင် မန်ယူက ၀ိန်းရွန်နေး၏ တစ်လုံးတည်းသောဂိုးဖြင့် အိမ်ရှင်ချဲလ်ဆီးကို အနိုင်ရသွားသည်။ (အင်တာနက်)

** ၀ိန်းရွန်နေးနှင့် ကိုကာကိုလာ စပွန်ဆာစာချုပ်ရပ်ဆိုင်းတော့မည် **
(လန်ဒန်၊ ဧပြီလ ၇ ရက်)
ကမ္ဘာတစ်လွှားလူကြိုက်များ နာမည်ကျော်ကြားနေသည့် ကိုကာကိုလာ အချိုရည်ကုမ္မဏီသည် မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နေးနှင့် ချုပ်ဆိုထားသည့် စပွန်ဆာစာချုပ်ကိုထပ်မံတိုးမြှင့်ချုပ်ဆိုတော့မည်မဟုတ်ဘဲ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။ (အင်တာနက်)
** လီဗာပူးမှ အဂ္ဂါနှင့် ဂလင်းဂျွန်ဆင်တို့ ရာသီကုန်ထိနားရဖွယ်ရှိ **
(လန်ဒန်၊ ဧပြီလ ၇ ရက်)
လီဗာပူးအသင်း၏ နောက်ခံကစားသမားများဖြစ်သည့် ဒင်နီရယ်အဂ္ဂါနှင့် ဂလင်းဂျွန်ဆင်တို့မှာ ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရပြီး ယခုနှစ်ဘောလုံးရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည်။ (အင်တာနက်)
** ဒင်နီဟီဂန်ဘိုသမ် ခြောက်လခန့်နားရမည် **
(လန်ဒန်၊ ဟပြီလ ၇ ရက်)
စတုတ်စီးတီးအသင်း၏ နောက်တန်းကစားသမား ဒင်နီဟီဂန်ဘိုသမ်သည် ဒူးဒဏ်ရာကြောင့် ခြောက်လခန့်အနားယူရတော့မည်ဖြစ်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မိုးမြင့်လင်းလက် **
** ဘာစီလိုနာအသင်း နူးကမ့်တွင် ဂိုးသွင်းစွမ်းရည်ပြ ၊၀ိန်းရွန်နေး၏ဂိုးဖြင့် မန်ယူက ချဲလ်ဆီးကိုနိုင် **

No comments:
Post a Comment