ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 29, 2011

မန်ယူအာ3း-1ဖြင့်ဂိုးပြတ်အနိုင်ရကာ 4 ကြိမ်မြောက် ချန်ပီယံဆုဖလား သိမ်းပိုက်ခဲ့သည့် ဘာစီလိုနာ။

>
[ချန်ပီယံလိဂ် ဆုဖလားအား ကိုင်မြှောက် အောင်ပွဲခံ နေကြသည့် ဘာစီလိုနာ ကစားသမားများ]
........................................
ယခုနှစ် ဥရောပ ဘောလုံးရာသီ နောက်ဆုံးပိတ် ပွဲစဉ်အဖြစ် အင်္ဂလန် ၀င်ဘလေ ကွင်းကြီးတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်တွင် ဘာစီလိုနာ အသင်းက မန်ချက်စတာ ယူနိုက်တက် အသင်းအား ခြေစွမ်းပြ အနိုင်ရခဲ့ကာ ကလပ်အသင်း သမိုင်းတစ်လျှောက် ၄ကြိမ်မြောက် ချန်ပီယံဆုအား ရယူနိုင်ခဲ့သည်။

ယခုပွဲတွင် ဘာစီလိုနာ အသင်းက ဘောလုံး ပိုင်ဆိုင်မှု၊ ကစားကွက် အသာရမှု များစွာဖြင့် ပြိုင်ဘက် မန်ယူအား ဖိကစား နိုင်ခဲ့ပြီး ပွဲချိန် ၂၇မိနစ်တွင် ပက်ထရိုက အဖွင့်ဂိုး စတင်သွင်းယူ ပေးခဲ့သည်။ ၇မိနစ် အကြာတွင် ရွန်နီက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့ပြီး ပထမပိုင်းတွင် ၁-၁ ဖြစ်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် မက်ဆီနှင့် ဗီလာတို့က နောက်ထပ် ဂိုးများ ထပ်မံသွင်းယူ သွားခဲ့ကာ ဘာစီလိုနာ အသင်းက ၃-၁ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။

ဆယ်စုနှစ်၏ အကောင်းဆုံး ဖိုင်နယ်ပွဲဟု ဖာဂူဆန်က တင်စားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ အသင်းက မက်ဆီ၊ ပက်ထရို၊ ဒေးဗစ်ဗီလာ အစရှိသည့် တိုက်စစ် ကစားသမား များဖြင့် ပွဲထွက်ခဲ့ပြီး ကွင်းလယ်တွင် ဇာဗီ၊ အင်နီယေစတာ၊ ဘတ်စကွက်ဇ် တို့ဖြင့် ကစားခဲ့သည်။ နောက်ခံ ဗဟိုနေရာတွင်မူ ပူယိုးလ် ပါဝင်နိုင်ခြင်း မရှိ၍ မာရှေရာနိုအား ပီကေးနှင့် တွဲကစားစေကာ ဘယ်ဘက်တွင် အဘီဒယ်၊ ညာတွင် အဲလ်ဗက်စ်တို့ဖြင့် ကစားခဲ့သည်။ ဂိုးသမား အဖြစ်မူ ဗဲလ်ဒက်စ်ပင် တာဝန်ယူခဲ့သည်။ မန်ယူ အသင်းမှာမူ တိုက်စစ်တွင် ရွန်နီ၊ ဟာနန်ဒက်စ်တို့အား တွဲကစား စေခဲ့ပြီး ကွင်းလယ်တွင် အသင်းဖော် များက ပေးသည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုရ နာနီ ပါဝင်ခဲ့ခြင်း မရှိဘဲ ဂစ်၊ ပါ့ခ်ဂျီဆန်၊ ကာရစ်၊ ဗယ်လင်စီယာ တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဗဟိုခံစစ်တွင် ဗီဒစ် - ဖာဒီနန် အတွဲသာ ပွဲထွက်ခဲ့ပြီး ဘယ်တွင် အီဗရာ၊ ညာတွင် ဖေဘီယိုတို့ ကစားခဲ့သည်။ ဂိုးနေရာတွင် အသက် ၄၀အရွယ် ဗန်ဒါဆားက ၎င်း၏ ကစားသမား ဘ၀တစ်လျှောက် နောက်ဆုံးပွဲ အဖြစ် ပါဝင် ကစားခဲ့သည်။

ပွဲစသည် ဆိုသည်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းက ခပ်မာမာ ကစားကာ ဘာစီလိုနာ အသင်းအား ရင်ဆိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်း နေခဲ့သည်။ ပူယိုး ပါဝင်နိုင်ခြင်း မရှိသည့် ပီကေးနှင့် မာရှေရာနို တို့၏ ဗဟို ခံစစ်အား ဖိအား ပေးရန် ကြိုးပမ်း ခဲ့ကြပြီး ပွဲချိန် ၂မိနစ်ကျော်တွင် ဟာနန်ဒက်စ် ဧရိယာ ပြင်ပမှ ကန်ချက်အား နောက်ခံလူ ကြားမှ ဖြတ်တား နိုင်ခဲ့သည်။ ပွဲအစ ၅မိနစ်ခန့် အထိ ဘာစီလိုနာ အသင်း ကစားကွက် တည်မရ ဖြစ်နေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက အ၀င်အထွက် ခပ်မြန်မြန်ဖြင့် ဖိအားပေး နိုင်ခဲ့သည်။ ၇မိနစ်တွင် ဗန်ဒါဆား ကန်တင်ပေးသည့် ဘောလုံးမှ ရွန်နီက မာရှေရာနိုအား ကျော်ဖြတ် ကန်သွင်းရန် ကြိုးပမ်းခဲ့ရာ ဂိုးသမား ဗဲလ်ဒက်စ် ရှေ့ထွက်ကာ လက်သီးဖြင့် ထိုးထုတ် မြန်ခဲ့၍ ဘာကာတို့ သက်သာခဲ့သည်။ ထို့အတူ မိနစ် အနည်းငယ် အကြာတွင် ပီကေးနှင့် ဗဲလ်ဒက်စ် နာလည်မှု လွဲလုနီးပါး ဖြစ်ခဲ့ပြီး ပီကေး နောက်ပြန် ကန်သည့် ဘောလုံးအား ရှေ့ထွက်လာသည့် ဗဲလ်ဒက်စ် ကန်ထုတ် နိုင်ခဲ့၍ သက်သာ ခဲ့ပြန်သည်။ ၁၀မိနစ်တွင် ဘာကာ အသင်းက ပထမဆုံး အကြိမ် ထိုးဖောက်မှု စတင် ပြုလုပ် နိုင်ခဲ့ပြီး မက်ဆီ၏ ထိုးဖောက်မှုအား နောက်ခံလူများ တားဆီးခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။

ပွဲချိန် ကြာလာသည်နှင့် အမျှ ဘာစီလိုနာ အသင်း ကစားကွက် မိလာခဲ့ပြီး ကွင်းလယ်ကို ပိုမို စိုးမိုး လာခဲ့ကာ ၁၅မိနစ်ကျော်တွင် ဘောလုံး ပိုင်ဆိုင်မှု ၆၆% အထိ ရှိလာခဲ့သည်။ အကွက်စိပ်စိပ်ဖြင့် ထိုးဖောက် လာရာမှ ဗီလာ ဖြတ်တင်ပေးသည့် ဘောလုံးအား ပက်ဒရို ပိတ်သွင်းခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ၁၇မိနစ်တွင် မက်ဆီ ထိုးဖောက် ဖန်တီးပေးရာမှ ပက်ဒရို ကန်သွင်းရန် ကြိုးပမ်းရာ နောက်ခံလူ တားဆီး နိုင်ခဲ့သည်။ ၁၉မိနစ်တွင် ဧရိယာ အပြင်အစပ်မှ ဒေးဗစ်ဗီလာ ကန်သွင်းချက် ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ဘာကာ အသင်းက ဖိကစား လာခဲ့ပြီး ၂၁မိနစ်တွင် ဒေးဗစ်ဗီလာ ကန်ချက် ဗန်ဒါဆား ကာကွယ် ခဲ့ရသည်။ ထို့အတူ ကွင်းလယ်မှ တားဆီးနိုင်ခြင်း မရှိ၍ လွတ်ထွက်သွားသည့် ဘောလုံးအား မက်ဆီ ဧရိယာ အတွင်း ဆွဲဝင်ကာ အဆုံးသတ်ရန် ကြိုးပမ်းခဲ့မှု ဗီဒစ် ပါးပါးနပ်နပ် တားဆီး နိုင်ခဲ့သည်။

မိနစ် ၂၀ကျော်တွင် မန်ယူ အသင်းက ဘောလုံး ကစားခွင့် ပြန်ရလာခဲ့ပြီး ဘာကာ နောက်တန်းအား ခြိမ်းခြောက်မှု ပြုလုပ်ရန် ကြိုးပမ်းခဲ့ သော်လည်း နောက်ခံလူများ တားဆီး နေခဲ့၍ အရာမထင် ဖြစ်ခဲ့သည်။ ၂၇မိနစ်တွင် ကွင်းလယ်မှ ဇာဗီ ဖန်တီးပေးရာမှ ပက်ထရိုက ဧရိယာ အတွင်းမှ အပိုင် အဆုံးသတ် နိုင်ခဲ့၍ ဘာစီလိုနာ အသင်းက အဖွင့်ဂိုး စတင် ရရှိသွားခဲ့သည်။ ယင်းဂိုးမှာ မန်ယူ နောက်ခံလူများ မက်ဆီထံ အာရုံစိုက် လွန်သွားရာမှ ပက်ထရို အခွင့်အရေး ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ပွဲကစားချိန် ၃၂မိနစ်ကျော်တွင် ဘာကာ အသင်းက ဘောလုံး ပေးပို့မှုပေါင်း ၂၆၅ ရှိခဲ့ပြီး မန်ယူက ၁၀၀သာ ရရှိခဲ့သည်။

၃၄မိနစ်တွင် မန်ယူတို့ အမှတ်မထင် ချေပဂိုး ပြန်ရခဲ့ပြီး ရွန်နီနှင့် ရိုင်ယန်ဂစ် တွဲလုံးမှ တဆင့် ရွန်နီက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဘာကာ အသင်း လက်ပြစ်ဘောမှ တဆင့် ရွန်နီ ဘောလုံး ဆွဲယူလာကာ ညာခြမ်းရှိ ဂစ်အား ပေးခဲ့ရာ ဂစ်က ဧရိယာ အတွင်း ပြေးဝင်လာသည့် ရွန်နီအား အနေတော် ခင်းပေးခဲ့ရာ အပိုင် ကန်သွင်းခွင့် ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပွဲမှာ ၁-၁ ဖြစ်လာခဲ့ပြီး ပွဲမှာ ပိုမို အသက်ဝင် လာခဲ့သည်။

၃၆မိနစ်တွင် မက်ဆီ ချပေးသည့် ဘောလုံးအား ဇာဗီက ဧရိယာ အပြင်မှ အပြင်းကန်သွင်း ခဲ့ရာ ဂိုးဘား ကပ်ကျော်ခဲ့သည်။ ထို့အတူ ၃၈မိနစ်တွင် အင်နီယေစတာ အပြင်မှ ကန်ခဲ့သည့် ဘောလုံး ဗန်ဒါဆား နေရာယူ မှန်မှန် ဖမ်းနိုင်ခဲ့သည်။ ၄၁မိနစ်တွင် မန်ယူ ဂိုးပေါက်နှင့် ၃၄မီတာ အကွာမှ ရရှိသည့် ဖရီးကစ်အား ဇာဗီက ဘီးကုတ် အစပ်ရှိ ဘတ်စကွက်ဇ်အား ပေးခဲ့ရာ ၎င်းက ဧရိယာ အတွင်းရှိ ပက်ထရိုအား အနေတော် ထိုးပေးခဲ့မှု ပက်ထရို အနည်းငယ် နောက်ကျခဲ့၍ အခွင့်အရေး လက်လွှတ် ခဲ့ရသည်။ ၄၃မိနစ်တွင် ကွင်းလယ် စက်ဝိုင်း အတွင်း ဘောလုံး စရခဲ့သည့် မက်ဆီ တစ်ကိုယ်တော် ဆွဲပြေးလာခဲ့ပြီး ညာခြမ်းရှိ ဗီလာအား ပေးခဲ့ကာ ဗီလာ ဂိုးရှေ့ ပြန်ဖြတ်တင် ပေးသည့် ဘောလုံးအား မက်ဆီ ပိတ်သွင်းရန် အနည်းငယ် နောက်ကျခဲ့သည်။ ထို့နောက်တွင် ပထမပိုင်း ၄၅မိနစ် ကုန်ဆုံးခဲ့ရာ တစ်ဂိုးစီ သရေဖြစ်နေ ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲ မလုပ်ခဲ့ဘဲ ပြန်လည် စတင်ခဲ့ကာ စစချင်း မိနစ်တွင်ပင် မာရှေရာနို ညာခြမ်းမှ ဖြတ်တင်ပေးမှုအား ဗီဒစ် တားဆီးနိုင်ခဲ့ပြီး ဘာကာတို့ ထောင့်ကန်ဘော ရခဲ့သည်။ ဒုတိယပိုင်း ပြန်စသည်နှင့် ဘာကာ အသင်းက ဂိုးရရှိရေး ဆက်တိုက် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး မန်ယူ နောက်တန်းကလည်း အကောင်းဆုံး ကာကွယ် ထားနိုင်ခဲ့သည်။ ၅၂မိနစ်တွင် ဘာစီလိုနာ အသင်း အကောင်းဆုံး အခွင့်အရေး တစ်ရပ် ရရှိခဲ့ပြီး ကွင်းလယ်မှ အကွက်ကျကျ ထိုးပေးသည့် ဘောလုံးအား ညာနောက်ခံ ကစားသမား အဲလ်ဗက်စ် အပိုင် ကန်သွင်းခဲ့ရာ ဗန်ဒါဆား ကာကွယ် ခဲ့ရပြီး ပြန်ထွက်လာသည့် ဘောလုံးအား ဧရိယာ အတွင်းရှိ မက်ဆီ အဆုံးသတ်ရန် ကြိုးပမ်း ခဲ့ရာတွင်လည်း အီဗရာ ခေါင်းတိုက် ဖျက်ထုတ် နိုင်ခဲ့သည်။ ၅၄မိနစ်တွင် အင်နီယေစတာ ဖန်တီး ပေးရာမှ မက်ဆီက ဧရိယာ အပြင် ဘီးကုတ် အစပ်မှ ဘယ်ခြေဖြင့် အပြင်းကန်သွင်း ခဲ့ရာ ဗန်ဒါဆား ကာကွယ်နိုင်ခြင်း မရှိခဲ့ဘဲ ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့ပြန်သည်။ ထို့ကြောင့် ဘာကာ အသင်းက ၂-၁ဖြင့် ဦးဆောင်လျှက် ရှိနေကာ မန်ယူတို့ နောက်မှ လိုက်ကစား ခဲ့ရပြန်သည်။

၅၉မိနစ်တွင် အီဗရာ တန်ပြန် ထိုးဖောက်မှုအား တားဆီးခဲ့သည့် အဲလ်ဗက်စ် ယခုဖိုင်နယ်ပွဲ၏ ပထမဆုံး အ၀ါကတ် အဖြစ် ပြသခံခဲ့ရသည်။ ထို့အတူ ၆၁မိနစ်တွင် အင်နီယေစတာ ထိုးဖောက်မှုအား တားဆီးခဲ့သည့် ကာရစ် အ၀ါကတ် အပြခံခဲ့ရသည်။ ၆၄မိနစ်တွင် အင်နီယေစတာ ဖန်တီးပေးရာမှ တဆင့် ဧရိယာ အတွင်းရှိ မက်ဆီ ဘယ်ခြေဖြင့် ကန်သွင်းခဲ့ရာ ဗန်ဒါဆား အကောင်းဆုံး ကာကွယ် ခဲ့ရသည်။ ၆၅မိနစ်တွင် ဘာကာအသင်း အကွက်လှလှ ထိုးဖောက် လာရာမှ ညာခြမ်းရှိ ပက်ဒရို ဂိုးရှေ့ပေးရာ မက်ဆီ နောက်ပေါက်နဲ့ ကန်သွင်းခဲ့ သော်လည်း နောက်ခံလူ အချိန်မီ တားဆီး နိုင်ခဲ့၍ ဘာကာတို့ တတိယ ဂိုးနှင့် ဝေးခဲ့ရသည်။ ထို့အတူ ၆၆မိနစ်တွင် ဇာဗီ ဧရိယာ ပြင်ပမှ အမှတ်မထင် အပြင်းကန်သွင်း ခဲ့မှုကိုလည်း ၀ါရင့် ဂိုးသမား ဗန်ဒါဆားက အကောင်းဆုံး ပုတ်ထုတ် ကာကွယ် ခဲ့ရသည်။ ၆၇မိနစ်တွင် မက်ဆီနှင့် ပက်ဒရို ဧရိယာ အတွင်းရှိ နောက်ခံလူများအား ကျော်ဖြတ်ကာ ဧရိယာ အပြင် အစပ်ရှိ အင်နီယေစတာအား ချပေးခဲ့ရာ အပြင်မှ အပြင်းကန်သွင်း ခဲ့သော်လည်း ဗန်ဒါဆားပင် ကာကွယ် နိုင်ခဲ့သည်။

၆၉မိနစ်တွင် မန်ယူအသင်းက ဖေဘီယို နေရာတွင် နာနီအား ထည့်သွင်းခဲ့ကာ ချေပဂိုး ရရှိရေး ကြိုးပမ်းခဲ့သည်။ သို့သော် ချက်ချင်း ဆိုသလိုပင် ဘာကာ အသင်းက နောက်ထပ် ဦးဆောင်ဂိုး ရရှိခဲ့သည်။ လူစားဝင် လာသည့် နာနီ၏ အမှားမှ တဆင့် ဒေးဗစ်ဗီလာက ဧရိယာ ပြင်ပမှ အလွန်လှပသည့် ကန်ချက်ဖြင့် ဂိုးရယူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘာကာတို့ ၃-၁ဖြင့် ဦးဆောင်လျှက် ရှိနေပြီး ၇၁မိနစ်တွင် ရွန်နီ၏ ကန်ချက် ဂိုးဘား ကပ်ကျော် သွားခဲ့သည်။ ၇၆မိနစ်တွင် မန်ယူအသင်းက ကာရစ်နေရာ ၀ါရင့် ကစားသမား ပေါလ်စခိုးစ်အား ထည့်သွင်း ကစားစေခဲ့သည်။ မိနစ် ၈၀တွင် မက်ဆီ တိုက်စစ်ဆင် မှုအား ကစားပုံ ကြမ်းခဲ့သည့် ဗယ်လင်စီယာ အ၀ါပြ သတိပေးခံခဲ့ရသည်။ ပွဲကစားချိန် ၁၀မိနစ်သာ ကျန်ရှိချိန်တွင် အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက် အသင်း အနေဖြင့် ဘာကာ အသင်းအား ၁-၃ဖြင့် နောက်မှ လိုက်ကစား နေခဲ့ရပြီး ပြိုင်ဘက်အသင်းက ဘောလုံး ဆက်လက် ကိုင်ကစား နေခဲ့၍လည်း အခက်တွေ့ နေခဲ့ရသည်။ မိနစ် ၈၀ ကြာချိန်အထိ ဘာကာ အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၇% ရှိနေခဲ့သည်။

၈၄မိနစ်တွင် ဟာနန်ဒက်စ် ဧရိယာ အတွင်း အခွင့်အရေး တစ်ရပ် ရလုနီး ဖြစ်ခဲ့သော်လည်း ခေါင်းတိုက်ရန် ကြိုးပမ်းချိန်တွင် ဂိုးသမား ဗဲလ်ဒက်စ်က ရှေ့ထွက် ပုတ်ထုတ် သွားခဲ့ပြန်သည်။ ၈၅မိနစ်တွင် နာနီ ဧရိယာ ပြင်ပမှ အပြင်းကန်ချက်ဖြင့် ဂိုးရရေး ကြိုးပမ်းခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ယင်းဂိုးကစ်အား ဘာကာ ဂိုးသမား ဗဲလ်ဒက်စ်က အချိန်ဆွဲခဲ့၍ ဒိုင်ဖြစ်သူက အ၀ါပြခဲ့ပြီး ဘာစီလိုနာ အသင်းက ပထမဆုံး လူစားလဲမှု အနေဖြင့် ဒေးဗစ်ဗီလာ နေရာတွင် ကီတာအား ထည့်သွင်းခဲ့သည်။ ထို့အတူ ၈၈မိနစ်တွင် အဲလ်ဗက်စ် နေရာ ပူယိုးလ် ၀င်ရောက် ကစားခဲ့သည်။ ထို့နောက်တွင် ဘာကာ အသင်းက ဘောလုံး ကိုင်ကစားရင်း နာကျင် အချိန်ပို ၃မိနစ်သို့ ရောက်ခဲ့သည်။ ၉၁မိနစ်တွင် အင်နီယေစတာ အဝေးမှ လှမ်းကန်မှု ဗန်ဒါဆား ကာကွယ် ခဲ့ရသည်။ ထို့နောက်တွင် ပက်ဒရို နေရာတွင် အဖယ်လေ ၀င်ရောက် ကစားခဲ့ပြီး ၉၃မိနစ်တွင် ကန်ခွင့် တစ်ကြိမ်ရရှိခဲ့ကာ ဗန်ဒါဆား ကာကွယ် နိုင်ခဲ့သည်။ ထို့နောက်တွင် နာကျင် အချိန်ပို ၃မိနစ် ကုန်ဆုံး သွားခဲ့ရာ ဘာစီလိုနာ အသင်းက ၃-၁ဖြင့် အနိုင်ရရှိ ခဲ့ကာ ဥရောပချန်ပီလိဂ် ဆုဖလားအား ၃နှစ်အတွင်း နှစ်ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့သည်။

**Charles Bryan**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)