**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**
တခါက ဘောလုံးပြိုင်ပွဲ အားလပ်နေသည့်အခိုက်တွင် မန်ယူအသင်းမှ ဗဟိုခံစစ်မှူး ရီယိုဖာဒီနန်သည် မီးသတ်သင်တန်းတစ်ခုသို့ သွားတက်လေသည်။ အဆိုပါသင်တန်းတွင် သင်တန်းမှူးက ‘မီးသတ်ဗူးကို ဘယ်လိုအလွယ်တကူ အသုံးပြုရမလဲဆိုတော့ လက်ပစ်ဗုံးကို သိတယ်မဟုတ်လား။ စနက်တံကိုဖြုတ်ပြီးတော့ လက်ပစ်ဗုံးကိုပစ်ရသလို မီးသတ်ဗူးကိုလည်း ပီနီယံဖြုတ်ပြီး မိမိငြှိမ်းသတ်ချင်တဲ့ မီးဆီကို ရွှေ့ပြောင်းလုပ်ကိုင်ရတယ်လေ။” ထိုသို့ပြောပြီးနောက် သင်တန်းမှူးက အစမ်းသဘော ပြုလုပ်ပြသရန် ဖာဒီနန်အား ရွေးချယ်တာဝန်ပေးလေသည်။ ဖာဒီနန် မီးသတ်ဗူးကို ကိုင်နေစဉ် သင်တန်းမှူးက “လက်ပစ်ဗုံးလို ပစ်နော်”ဟု အနားကပ်ကာ တီးတိုးသတိပေးလေသည်။ မကြာမီ မီးများတောက်လောင်နေရာသို့ ဖာဒီနန်ရောက်ရှိသွားသောအခါ မီးသတ်ဗူးအား မီးတောက်များထဲသို့ တခါတည်း ပစ်ထည့်လိုက်လေသည်။
** နိုင်ငံတကာဘောလုံးဟာသများမှ - အိတ်တင်း ဘာသာပြန်သည်။ **

No comments:
Post a Comment