SYDNEY (AFP) – Briton Claude Choules, the last World War I combat veteran, has died aged 110 in Australia, ending the living connection with a conflict that saw 70 million military personnel mobilised.
Blind and almost totally deaf, Choules, nicknamed "Chuckles", died in his sleep at his hostel home in Perth overnight. He was Australia's oldest man.
**တစ်ဦးတည်းကျန်သည့် ပထမကမ္ဘာစစ်ကစစ်မှုထမ်းအသက် ၁၁၀ တွင်ကွယ်လွန်**
(ကင်ဘာရာ၊ မေ ၅)
ပထမကမ္ဘာစစ်၏ တစ်ဦးတည်းသော နောက်ဆုံးလက်ကျန်ဖြစ်သူဟုသတ်မှတ်ထားသည့် စစ်သားဟောင်းကြီး Briton Claude Choules,သည် အသက်၁၁၀ တွင် သြစတြေးလျနိုင်ငံ ပါ့ယ်မြို့တွင် မေ ၄ရက်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
ပထမကမ္ဘာစစ်အတွင်း စစ်မှုထမ်းခဲ့သူများအနက် ပြီးခဲ့သည့် မတ်လက အမေရိကန်စစ်သားဟောင်းကြီး ဖရန့်ဘတ်ခ်ကဲလ်သည် အသက် ၁၁၀ မှာပင် ဆုံးပါသွားခဲ့ရာ ကောလီသည် တစ်ဦးတည်းကျန်ရှိတော့သည့် ပထမကမ္ဘာစစ်က စစ်သားဟောင်းကြီး ဖြစ်ခဲ့သည်။
ကောလီသည် ပါ့သ်မြို့ရှိ ဘိုးဘွားရိပ်သာတွင် မေ ၄ ရက် ညပိုင်းကအိပ်ပျော်နေရင်း အသက်ဆုံးပါသွားခဲ့ခြင်းဖြစ်ကြောင်း သူ၏ သမီးဖြစ်သူက သတင်းဌာနသို့ ပြောကြားသည်။ (အင်တာနက်)
(World's Highest Hotel Opens in Hong Kong …
The Ritz-Carlton Hong Kong, a luxurious hotel located on the top of the city's tallest building, held its opening ceremony on Tuesday, claiming its title as the world's highest hotel. )

**ကမ္ဘာ့မြင့်ဆုံးဟိုတယ် ဟောင်ကောင်၌ဖွင့်**
(ဟောင်ကောင်၊ မေ ၅)
တရုတ်နိုင်ငံ ဟောင်ကောင်၌ ရစ်ဇ်ကာလ်တန်အမည်ရှိ ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ကိုမေ ၃ ရက်၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အထပ်ပေါင်း ၁၁၂ ထပ်ရှိပြီး ဧည့်သည်များအတွက် အခန်းပေါင်း ၃၁၂ ခန်းရှိရာ လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဟိုတယ်ပင်ဖြစ်သည်။ အမြင့် ၄၉၀ မီတာရှိသော ၄င်းဟိုတယ်ကို ဆမ်ဟန်ကိုင်းကုမ္မဏီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဟိုတယ်တည်းခိုခအနေဖြင့် အဆင့်မြင့်ဟိုတယ်အခန်းအတွက် တစ်ညလျှင် ဟောင်ကောင်ဒေါ်လာ ၆၀၀၀ သတ်မှတ်ထားပြီး နိုင်ငံအကြီးအကဲပုဂ္ဂိုလ်များ အတွက် ဧည့်ခန်းတွဲလျက်ပါရှိသော အထူးအဆင့်မြင့်ခန်းကို တစ်ညလျှင် ဟောင်ကောင်ဒေါ်လာ ၁၀၀၀၀၀ သတ်မှတ်ထားသည်။ (အင်တာနက်)
**ဆိုမာလီပင်လယ်ဓားပြနှစ်ဦး စပိန်တရားရုံးက ထောင်ဒဏ်ချမှတ်**
(လစ္စဘွန်း ၊ မေ ၅)
စပိန်ငါးဖမ်း သင်္ဘောတစ်စင်းကို အိန္ဒိယသမုဒ္ဒရာအတွင်း ၂၀၀၉ ခုနှစ်က ပြန်ပေးဆွဲ ဓားပြတိုက်မှုဖြင့် စပိန်တရားရုံးက ဆိုမာလီ ပင်လယ်ဓားပြနှစ်ဦးကို ထောင်ဒဏ် ၄၃၉ နှစ်စီပြစ်ဒဏ်စီရင်လိုက်သည်။
ပြန်ပေးဆွဲမှုမှသည် အကြမ်းဖက်ဓားပြတိုက်မှုအထိအပါအ၀င် စွဲချက်များဖြင့် ဆိုမာလီ ပင်လယ်ဓားပြအဘူဆီလီနှင့် အာဂျီဟာမန် တို့တွင် အပြစ်ရှိကြောင်း စပိန်တရားရုံးက မေ ၃ရက်တွင် ဆုံးဖြတ်လိုက်ပြီးထောင်ဒဏ် ၄၃၉ နှစ်စီ ပြစ်မှုစီရင်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ငါးဖမ်းသင်္ဘောပေါ်လိုက်ပါသူတိုင်းကို နစ်နာကြေး ယူရိုတစ်သိန်းစီ ပေးရန်လည်း ဒဏ်ငွေရိုက်လိုက်သည်။
ငါးဖမ်းသင်္ဘောပေါ်တွင် စပိန်နိုင်ငံသား ၁၆ ဦး အပါအ၀င် သင်္ဘောသား ၃၆ ဦးလိုက်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
**တောင်ကိုရီးယားအရှေ့ ဘက်ကမ်းခြေတွင် ရဟတ်ယာဉ်ပျက်ကျ**
(ဆိုးလ်၊ မေ ၅)
တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းခြေဒေသ ဂျန်ဝန်ပြည်နယ် ရှိ ဆိုဂန်မြစ်အနီး၌ ရဟတ်ယာဉ်တစ်စင်း မေ ၅ ရက် နံနက်၁၁ နာရီ ၃၂ မိနစ်က ပျက်ကျခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။
ရဟတ်ယာဉ်ပေါ်တွင် သစ်တောဌာနမှ လေယာဉ်မှူး နှစ်ဦးလိုက် ပါသွားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲတာဝန်ရှိသူများ၏ ပြောကြားချက်ကို ဆိုးလ်ယွန်ဟပ် သတင်ဌာနက ဖော်ပြသည်။ ရဲတပ်ဖွဲ့က အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ရဟတ်ယာဉ်ပျက်ကျ သည့် နေရာသို့ စေလွှတ်ထားကြောင်း သိရသည်။ (အင်တာနက်)
**သြစတြေးလျအနောက်ပိုင်း၌ မြစ်ကူးတံတားကို သင်္ဘောဝင်တိုက်မိ**
(ဆစ်ဒနီ၊ မေ ၅)
သြစတြေးလျနိုင်ငံအနောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သည့် ဖရီမင့်လီမြို့တွင်ရှိသော မြစ်ဖြတ်ကူး ရထားလမ်း တံတားသစ်ဇင်းကို သင်္ဘောတစ်စင်းက မေ ၃ ရက်၌ ၀င်တိုက်မိခဲ့ကြောင်း သြစတြေးလျအသံလွှင့်ဌာနက မေ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။
လောင်စာဆီများတင်ဆောင်လာသော ပါမီလီရာ ၁ အမည်ရှိ သင်္ဘောသည် မေ ၃ရက် နံနက် ၆ နာရီ မိနစ် ၃၀ တွင် ယင်းတံတားနှင့် တိုက်မိခြင်းဖြစ်သည်။ ထိုသို့ တိုက်မိခဲ့ခြင်းကြောင့် ရထားသံလမ်းများ ထိခိုက်ပျက်စီးခဲ့ပြီးခရီးသည်နှင့်ဝန်ထမ်းများ သွားလာရေးထိခိုက်ခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ရထားသံလမ်းနှင့် တံတားမစိတ်အပိုင်းများ ပျက်စီးခဲ့ကြောင်း၊ ရထားပြေဆွဲမှု ရပ်ဆိုင်းထားရကြောင်း သြစတြေးလျနိုင်ငံမှ ပြည်သူ့သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ပိုင်နက်စ်က ပြောကြားသည။ တံတားနှင့် ၀င်တိုက်မိသောသင်္ဘောမှ လောင်စာဆီများ ယိုဖိတ်ခြင်းမရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**လူမှောင်ခိုတင်သွင်းမှုနှင့် တရားမ၀င်ငါးဖမ်းမှုဟန့်တားရန် အာရှ ၁၀ နိုင်ငံ ပင်လယ်ပြင်လုံခြုံရေးပူးတွဲလေ့ကျင့်**
(ဂျကာတာ၊ မေ ၅)
လူမှောင်ခိုတင်သွင်းမှုနှင့်တရားမ၀င်ငါးဖမ်းခြင်းမျာကို တားဆီးဟန့်တားနိုင်ရေးအတွက် အင်ဒိုနီးရှား ကမကထ ပြုလုပ်ကာ အာရှ၁၀ နိုင်ငံတို့ပူးပေါင်းပြီး လေးရက်မြောက် ပင်လယ်ပြင်ပူးတွဲလေ့ကျင့် မှုတစ်ရပ် ပြုလုပ်လျက်ရှိကြောင်း အင်ဒိုနီးရှားမီဒီယာများက မေ ၃ ရက်၌ ဖော်ပြသည်။
စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား ၊ ဖိလစ်ပိုင်၊ ပါပူဝါနယူးဂီနီ၊ သီရီလင်္ကာ၊ ထိုင်း၊ ဗီယက်နမ် တီမောလက်စ်တေနှင့် အင်ဒိုနီးရှားတို့ စုပေါင်းပြီး ပင်လယ်ပြင်ပူးတွဲလေ့ကျင့် မှုများ ပြုလုပ်ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်၊ ဇော်ဦးခိုင်

No comments:
Post a Comment