ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 27, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**ပေါ်တိုအသင်းနည်းပြဟောင်း မော်ရင်ဟိုထက်..လက်ရှိနည်းပြ ဗီလက်စ်ဘိုအက်စ်က ပိုထူးချွန်**
(လစ္စဘွန်၊ မေ ၂၅)
ပေါ်တူဂီလိဂ်ဖလား နောက်ဆုံးပွဲစဉ်အဖြစ် ပေါ်တိုအသင်းနှင့် ဗစ်တိုးရီးယားအသင်းတို့ မေ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ပေါ်တိုက ခြောက်ဂိုးပြတ် အနိုင်ရရှိပြီး ပေါ်တူဂီလိဂ်ဖလားကို ဆွတ်ခူးခဲ့သည်။ အသက် ၃၃ နှစ်အရွယ်ရှိ ပေါ်တိုအသင်းနည်းပြ ဗီလက်ဘိုအက်စ်သည် ပေါ်တိုအသင်းနည်းပြဟောင်းမော်ရင်ဟိုထက်
ပိုမိုစွမ်းဆောင်နိုင်သူဖြစ်ပြီး နည်းပြအရည်အချင်း ပိုမိုပြည့်စုံသူတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်။ နည်းပြ ဗီလက်စ်ဘိုအက်စ်သည် ပထမဆုံး ဘောလုံးရာသီ၌ပင် ပေါ်တူဂီစူပါဖလား၊ ပေါ်တူဂီ ချန်ပီယံရှစ်ဖလား၊ ယူအီးအက်ဖ်အေ၏ ယူရိုပါလိဂ်ဖလားနှင့် ပေါ်တူဂီဖလားတို့ကို ထူးခြားစွာဆွတ်ခူး နိုင်အောင် စွမ်းဆောင်ပေးနိုင်သူဖြစ်သည်။ (အင်တာနက်)

**မလေးရှားနှင့် တရုတ်နိုင်ငံများ၌ အာဆင်နယ်အသင်း ရာသီကြို ခြေစမ်းပွဲများကစားမည်**
(လန်ဒန်၊ မေ ၂၅)
အာဆင်နယ်အသင်းသည် မလေးရှားနှင့်တရုတ်နိုင်ငံများ၌ ရာသီအကြို ချစ်ကြည်ရေး ခြေစမ်းပွဲများကစားရန် လာမည့်ဇူလိုင်လအတွင်း သွားရောက်မည်ဖြစ်ကြောင်း ၄င်းအသင်းက မေ ၂၅ ရက်၌ သတင်းထုတ်ပြန်သည်။ ပထမခရီးအဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်းပူမြို့သို့ ဇူလိုင်၁၁ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီ ဘောလုံးကွင်း၌ နှစ်ပွဲကစားမည်ဖြစ်သည်။ ထို့နောက် တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာကာ ဇူလိုင် ၁၆ ရက်တွင် ယီဝူမြို့၌ တာရုတ်စူပါလိဂ်ချန်ပီယံ ဟန်ကျို့ဂရင်းတောင်အသင်းနှင့် ချစ်ကြည့်ရေးပွဲ ကစားမည်ဖြစ်သည်။ (အင်တာနက်)

**အူဒီးနိစ်ကွင်းလယ်ကစားသမား ဆန်ချက်ဇ်အား ပေါင် ၃၅ သန်းပေးသော်လည်း ငြင်းဆို**
(ရောမ၊ မေ ၂၅)
အူဒီးနိစ်အသင်း ကွင်းလယ်ကစားသမား ဆန်ချက်ဇ်အား ထိပ်တန်းအသင်းအများအပြားက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းပေးကာ ကမ်းလှမ်းမငကို အူဒီးနစ်အသင်းဥက္ကဌ ဂီနိုပိုဇိုက မေ ၂၅ ရက်၌ ငြင်းဆိုလိုက်သည်။ ဆန်ချက်ဇ်သည် လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရရေးအတွက် အူဒီးနိစ်အသင်းအား စွမ်းဆောင်ပေးထားသူတစ်ဦးဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။ (အင်တာနက်)

**ကွင်းလယ်ကစားသမား ဂျို့ကာလီဂျွန် ရီးရဲမက်ဒရစ်ခေါ်ယူ**
(မက်ဒရစ်၊ မေ ၂၅)
အက်စ်ပန်ညိုအသင်းမှ ကွင်းလယ်ကစားသမား ဂျို့ကာလီဂျွန်အား ရီးရဲမက်ဒရစ်က စာချုပ်ချုပ်ဆို ခေါ်ယူမည်ဖြစ်ကြောင်း ယင်းကလပ်က မေ ၂၄ ရက်၌ အတည်ပြု ပြောကြားသည်။ အသက် ၂၄ နှစ်အရွက်ရှိဂျို့ကာလီဂျွန်အား ပြောင်းရွှေ့ကြေးအမေရိကန်ဒေါ်လာ ခုနစ်သန်းခန့် ဖြင့် ခေါ်ယူမည်ဖြစ်သည်။ ၄င်းအားရီးရဲမက်ဒရစ်အသင်းက ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိထားသည်။ ဂျို့ကာလီဂျွန်သည် စပိန်လာလီဂါ၌ ယခုနှစ်ဘောလုံးရာသီတွင် အကောင်းဆုံး ကွင်းလယ်ကစားသမားဆုရရှိထားသူဖြစ်သည်။ ယခုနှစ်၌ အက်စ်ပန်ညိုအသင်းအတွင် စုစုပေါင်း ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဂျို့ကာလီဂျွန်သည် ရီးရဲမက်ဒရစ်အတွက် ဘောလုံးရာသီသစ်၌ တတိယမြောက်ခေါ်ယူမည့် ကစားသမားဖြစ်လာသည်။ (အင်တာနက်)

**ပေါ့ပ်အဆိုတော် အဒီလီ၏ တေးအယ်လ်ဘမ်များရောင်းအား အကောင်းဆုံးဖြစ်**
(လန်ဒန်၊ မေ ၂၅)
ဗြိတိသျှအဆိုတော် အဒီလီသည် အမျိုးသမီးအဆိုတော်များတွင် ရေပန်းအစားဆုံးတော်တစ်ဦးဖြစ်သည်။ ၄င်၏ တေးအယ်လ်ဘမ် ၁၉ နှင့် ၂၁ တို့သည် ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်များဖြစ်ကြသည်။ ယခုသီတင်းပတ်တွင် အဆိုတော် အဒီလီ၏ရောင်းအားအကောင်းဆုံးစံချိန်ကို အမျိုးသမီးအဆိုတော် ကိတ်ဘုရှ်က ၀င်ရောက်နေရာယူရန် ကြိုစားနေသည်။ ကိတ်ဘုရှ်သည် ထွက်ပြီးတေအယ်လ်ဘမ်များမှ အကောင်ဆုံး သီချင်းများကိုစုစည်းပြီး Director အမည်ရှိတေးအယ်လ်ဘမ်အသစ် ထွက်ရှိလာသည်။ ၄င်းတေးအယ်လ်ဘမ်သည် ပရိသတ်များအကြား ရေပန်းစား လူကြိုက်များနေသော တေးအယ်ဘမ်ဖြစ်လာသည်။(အင်တာနက်)

စုစည်းဘာသာပြန်- မြင့်မောင်စိုး၊ မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)